Author's Profile Photo

Thoon Kari

2/10/2024

လက်ဆောင်လေးကို တန်ဖိုးထားတတ်ရင်

1 min read
Life Style
General Knowledge
Entertainment
လက်ဆောင်လေးကို တန်ဖိုးထားတတ်ရင်'s photo


"လက်ဆောင်" ဆိုတာကတော့ အနည်းနဲ့အများရဖူးကြတာချည်းပါပဲ။ လက်ဆောင်ရရင် ယူလိုက်တယ် သုံးလိုက်တယ် ဒါနဲ့ပဲပြီးသွားတော့တာ များတယ်။တကယ်တမ်း လက်ဆောင်ပေးရတဲ့ ရည်ရွယ်ချက်ဆိုတာ ရှိတယ်။ အဲ့တာတွေကို နားလည်ပေးမယ်ဆိုရင် ဘယ်လိုလက်ဆောင်မဆို တကယ်တန်ဖိုးရှိတယ် လှတယ်။

ကျွန်မတို့ လက်ဆောင်ပေးတဲ့အခါမှာ ဘယ်လိုစိတ်မျိုးနဲ့ ပေးကြတာလဲ။ ပေးချင်လို့ပေးတာဆိုပေမယ့် လက်ဆောင်ပေးရတဲ့ ရည်ရွယ်ချက်လေးကတော့ လေးနက်တယ်။ ချစ်ခင်နှစ်သက်လို့ပေးတာဆိုလည်း ရည်ရွယ်ချက်ကရှိတာပဲ။ ကိုယ်ပေးလိုက်တဲ့ အရာလေးက သူ့အတွက် တကယ်အသုံးဝင်ပြီး သူတကယ်လိုချင်တာလေးတွေ ဖြည့်ပေးပြီး သူ့အတွက် ပျော်ရွှင်မှုလေးတွေ ဖန်တီးပေးချင်တာမျိုးပေါ့။ ဘယ်သူ့ကိုပဲ ပေးပေးရည်ရွယ်ချက်ကရှိတတ်စမြဲပဲ။

ဒါကြောင့် လက်ခံရရှိတဲ့လူတိုင်းက တန်ဖိုးထားတတ်ဖို့လိုတယ်။ ကိုယ်လက်ခံလိုက်တာ တစ်ဖက်သားရဲ့နှလုံးသားဖြစ်တဲ့ လက်ဆောင်ကိုရတာပါ။ တစ်ခါကကောင်လေးတစ်ယောက်က သူ့အဘိုးကို ဖိနပ်လေးလက်ဆောင်ပေးတယ်။ သူ့ရဲ့မုန့်ဖိုးလေးတွေ အတန်ကြာအောင်စုပြီး ဝယ်ပေးတယ်။ ရည်ရွယ်ချက်လေးက သူ့အဘိုးလမ်းလျှောက်ထွက်ရင် စီးရအောင်ပါ။ အဘိုးဖိနပ်ဟောင်းကစုတ်ပြီး အဘိုးလမ်းလျှောက်တဲ့အခါ အညစ်အကြေးတွေ၊ ဆူးညောင့်ခလုတ်တွေကို ကာကွယ်ပေးချင်လို့ပါတဲ့။

ကောင်လေးအနေနဲ့ ကာကွယ်ပေးချင်တဲ့ ရည်ရွယ်ချက်လေးနဲ့ သူတန်ဖိုးအထားဆုံးမုန့်ဖိုးကို မစားရက်မသောက်ရက်စုပြီး အဘိုးကို လက်ဆောင်ပေးခဲ့တယ်။ အဘိုးက တန်ဖိုးထားရင်ထားသလောက် ကောင်လေးရဲ့စိတ်ရင်းနှလုံးသားကို မြင်လိမ့်မယ်။ ကောင်လေးနှလုံးသားကိုမြင်ရင် ဖိနပ်လေးရဲ့တန်ဖိုးက အဖိုးမဖြတ်နိုင်တဲ့အရာဖြစ်လိမ့်မယ်။

ဒီလိုပါပဲ။ လက်ဆောင်ဆိုတာ သာမန်လို့ထင်ရတတ်တဲ့ လေးနက်မှုတစ်ခုပါပဲ။ လက်ခံသူရဲ့ အမြင်ပေါ်မူတည်ပြီး အဖိုးမဖြတ်နိုင်တာလည်း ဖြစ်နိုင်သလို၊သာမန်လည်း ဖြစ်နိုင်တာပါပဲ။ တန်ဖိုးထားရင်ထားသလောက် ကျေနပ်စရာမေတ္တာဓာတ်တွေ ဖြစ်ပါတယ်။ ဒါပေမဲ့ တစ်ချို့လက်ဆောင်တွေဟာ ပေးသူရဲ့ တန်ဖိုးအထားရဆုံးလို့ သတ်မှတ်ထားတဲ့၊ အကောင်းဆုံးလို့သတ်မှတ်ထားတဲ့ သူတို့နှလုံးသားနဲ့ ရင်းထားတာလေးတွေမို့ တန်ဖိုးထားတတ်ကြပါစေ။။

#thoonkari
#sarphat

စာဖတ်သူလေးတွေ ကိုယ်စိတ်နှစ်ဖြာ ရွှင်လန်းကြပါစေရှင်?


စာဖတ်သူတစ်ယောက်ချင်းစီ တစ်ယောက်ချင်းစီတိုင်းကို အစဉ်အမြဲ ကျေးဇူးတင်လျက်...


Keep Reading

စာစောင်နှစ်ဆယ့်ရှစ်-လက်ကျန်အချိန်တိုလေးပဲဟင်းတစ်ခွက် ဂုဏ်ယူလျက်စာစောင်နှစ်ဆယ့်ကိုး-စိတ်ရောကိုယ်ပါပြုပြင်ပြောင်းလဲခြင်းအဆုံးသည်......စာစောင်သုံးဆယ် - အရင်းအမြစ်ပြည့်စုံခြင်းအသစ်နှင့်အဟောင်းပါပီလွန်နှင့်ဗင်ဂို စာအုပ်ထဲက နိုးစက်စာစောင်သုံးဆယ့်နှစ်-ကိုယ့်ကိုယ်ကိုယ်နှစ်သိမ့်ခြင်းစာဖတ်ခြင်းအလေ့အကျင့်ကို မြှင့်တင်ပေးမယ့် နည်းလမ်းကောင်းများ...ရပ်တန့်ရမယ့်အချိန်