Author's Profile Photo

ရေတမာ မွန်

2/10/2024

Take care of your mind

1 min read
General Knowledge


ကိုယ့်အတွက်ဘဝလက်ကျန်နေခွင့်ရခိုက်ဟာ
ရက်ပေါင်း မည်မျှနည်းဟု
ကိုယ့်ကိုယ်ကို ပြန်ဆန်းစစ်ကြည့်မိသောအခါ
မိမိ ရဲ့ ဘဝရုန်းကန်ချိန်ဟာ
မိသားစုအရေး
လူ့မှု့ရေး
ကျန်းမာရေး
ကုသိုလ်ရေး စသည်ဖြင့်
အကန့်လိုက် ခေါင်းစဉ် လိုက်ခွဲဖို့တောင်အချိန်မကျန်ပါ။
အသုပ်စုံတစ်ပွဲလို လုံးထွေးနေ၏။

သေချာတာက သက်တမ်းစေ့ရင် ကုသိုလ်နဲ့အကုသိုလ်က
ကံမျိုးစေ့အနေဖြင့်
နောက်ထပ်ဘဝတစ်ခု ဖြစ်လာဖို့
အကျိုးပြူပေလိမ့်မည်။
ကံအကြောင်းဆက်ပေလိမ့်မည်။
မောဟ ချယ်လှယ်သမျှ ခံရမည်သာ။
သက်တမ်းမကုန်မှီ
မိမိဘဝအရေးအတွက် စိတ်အေးစေဖို့
အင်မတန်အရေးကြီးကြောင်း
ဆုံးဖြတ်ချက်ခိုင်မာစွာချတတ်မှ
အကြောင်းကံကောင်းကိုပြုလုပ်နိုင်မယ်။
နေစဥ်ခဏ ကုသိုလ်ရမှ ဖြစ်တော့မယ်။

ပညတ် နဲ့ ပရမတ် အစပ်မှာ
သတိကပ် ထားပြီးနေရမည်။
ငါဆိုတဲ့
ငါ့ဟာဆိုတဲ့
ငါတရားကျင့်တာ ငါ့တရားရဖို့ဆိုတဲ့ ကျင့်ဆဲအစွဲ
စာစွဲ ဘုံစဥ်အစွဲ အထက်လက်ညိုးထိုး
အောက်ငရဲလက်ညိုးညွှန်ပြ
ခြောက်တရား မြှောက်တရား
မြှောက်လိုက်ပင့်လိုက် အများကြိုက်တွေနဲ့
လုံးလည်လိုက်နေတာတွေ
လိုက်လိုက်ပြီးသိပေးနေတာတွေ
ပညတ်ကိုခင်မင်နေရင်
ပရမတ်ကို ခင်မင်နေရင်
တွယ်တာမှု သံယောဇဥ်အမျှင်တန်းမပြတ်နိုင်ပါ။
ကိလေသာကြောရှည်မနေသင့်တော့ပါ။

သိစရာမှန်သမျှ ဥာဏ်မှီသမျှ သိယုံလေးသိပေးပြီး
တဖြည်းဖြည်းဖျောက်ပစ်နိုင်ရမည်။
အသိကုန် မှ အကုန်သိ မည် ။
အကုန်သိဖို့ အသိကုန်ဖို့လို၏။
အသိကိုစွဲ ဥာဏ်မွဲလို့
အာသဝ ခံနေရင် လွတ်လမ်းမမြင်ပါ။

ပြသောလမ်း တွေ့ပါလျက် ရှေ့ဆက်လှမ်းရဲမှ
သံသရာဝဲဂယက်မှ လွတ်မြောက်မှာပါ။
အပစ်ကင်းသော စိတ်ဖြင့်
ဝေဒနာ နဲ့ တဏှာ ပိုင်းခြားထားပြီး
မကပ်မငြိ သတိထား ၍
ခန္ဓာဇာတ်သိမ်းလှသွားသော
အရိယာများ၏ ကျင့်ထုံးနှင့်အညီ
နှလုံးသွင်းနေရမည်။

အတွေးကို သတိတရားနဲ့ထိန်း
အတွေးဟာ စကားဖြစ်လာတတ်တယ်။
စကားဟာ အမှားဖြစ်ရင်
သံသရာဝဋ်ဖြစ်သွားတတ်တယ်
ကံကြမ္မာဆိုးရဲ့အစဟာ အတွေးပါပဲ။
ဘာမှမတွေးဖြစ်အောင် အမှတ်သိစိတ်ဖြင့်
သမာဓိကို ထူထောင်ရမယ်။
ကိလေသာ ဝင်ရာလမ်းကို ဝိပသနာဥာဏ်ဖြင့်ဆီးတား၍
မဂ်ဖိုလ်တရားနဲ့နေတတ် သေတတ်ဖို့လိုတယ်။
ဤကဲ့သို့
နေစဥ် သတိ ကို အဖော်ပြုလို့
အာသဝ ကို ကျော်ဖြတ် ခန္ဓာဇာတ်သိမ်းလှသွားသော
အရိယာသူတော်စင်များအားလုံးက
လွတ်မြောက်သွားကြလေပြီတကား။


ရေတမာ မွန်

Keep Reading

စာစောင်နှစ်ဆယ့်ရှစ်-လက်ကျန်အချိန်တိုလေးဒေါင်လိုက်ဒရာမာ (Vertical Drama)ပါပီလွန်နှင့်ဗင်ဂို စာအုပ်ထဲက နိုးစက်အချိန်ဆွဲတဲ့အကျင့်ဆိုးစိတ်ဓာတ်ကျနေတဲ့အခါ"စကားချိုသာလျှင် လိုရာကိုရသည်"အင်တာနက်နဲ့ လူနေမှုဘဝ "တော်တဲ့သူတွေက ဆင်ခြေမပေးဘူး...  ဖြေရှင်းနည်းကိုပဲ ရှာကြတယ်"လိုမှသုံးပါရှောင်တာက ကြောက်ခြင်းမဟုတ်