SarPhat Author

လူရယ်လို့ဖြစ်လာတာနဲ့ ပင်ပန်းမှုတွေက ခရီးဦးကြိုပြုနေကြတယ် ။ ဒါကို လူမှန်းမသိတတ်သေးတဲ့အရွယ်မို့လို့သာ သတိမထားမိကြတာ ။ အရွယ်လေးရောက်လာတော့ ပင်ပန်းလိုက်တာဆိုပြီး ငြီးတတ်လာကြတယ် ။ နို့ဆာလို့ ငိုတယ်ဆိုတာကလည်း သူ့အရွယ်သူ့အနေအထားမှာတော့ ပင်ပန်းမှုတစ်ခုပဲ ၊ ဟော ကျောင်းတက်ဖို့အရွယ်ရောက်လာလို့ ကျောင်းမသွားချင်ပဲ သွားရတာကလည်း ပင်ပန်းမှုတစ်ခုပဲ ။ ကျောင်းပြီးသွားလို့ အလုပ်ခွင်ဝင်ရတဲ့အခါ ပင်ပန်းမှုဆိုတာကြီး ဟာ ဘာလဲဆိုတာ ကွဲကွဲပြားပြားသိလာကြတယ် ။ လူ့ဘဝဆိုတာ ဒီလိုပါပဲ ။ ပင်ပန်းမှု Level အဆင့်ဆင့်ကိုကျော်ဖြတ်ရင်းနဲ့ နောက်ဆုံးတော့ မအောင်မြင်သေးရင်တောင် အနေအထားတစ်ခုကို ရောက်သွားကြတာပဲလေ ။ ဒါကြောင့် ပင်ပန်းမှုတွေကတစ်ဆင့် ရခဲ့အတွေ့အကြုံ တွေကို အသုံးချပြီး ဆက်သွားကြရင်းနဲ့ နောက်ဆုံးတော့ တစ်ခုခုကိုလုပ်ဖြစ်ပြီး နေရာတစ်ခုကိုရောက်သွားကြတာပဲမဟုတ်ဖူးလား ။ ပင်ပန်းမှုဆိုတာကြီးကို လူတိုင်းခံစားနေရတာချည်းပါပဲ ။ လူ့သဘာဝအရတော့ ပင်ပန်းလာရင် လက်လျှော့ချင်ကြတာမဆန်းပါဘူး ။ ဒါပေမယ့် တာဝန်အရတော့ အကြောတင်းတင်းနဲ့ ဆက်လျှောက်ကြရမှာပဲလေနော် ။ လက်လျှော့ရင် ပိုပင်ပန်းမယ် ၊ ဆက်လျှောက်ရင် တဖြည်းဖြည်းခံနိုင်ရည်ရှိပြီး တစ်ချိန်ချိန်မှာ ကိုယ်လိုချင်တဲ့အရာကို ရလာလိမ့်မယ် ။ အဓိကကတော့ ဘာဖြစ်ဖြစ် တစ်ခုခုလုပ်နေဖို့ပဲ ။ လုပ်နေသ၍ကတော့ တချိန်ချိန်မှာ အကျိုးရှိလာမယ်ဆိုတာ ပါပဲ ။
Keep Reading