Author's Profile Photo

ပြာလဲ့ရီဝေ

1/10/2024

မျက်လုံးဖွင့်ထားတယ်

1 min read
Health
Poetry
Art
မျက်လုံးဖွင့်ထားတယ်'s photo

မီးဖျက်၍ မှောင်းအတိ မည်းအတိ။
ဖုန်းအားမရှိ လုပ်စရာ နတ္ထိ။

မျက်လုံးကြီးပြူးနေလည်း
အိပ်ရာခင်းထက် ကျော်ချလှဲ။

မျက်လုံးတစ်စုံကို ဖွင့်ထားသော်ငြား
မည်းမည်းမှောင်ကာ မှောင်မှောင်မည်း
ပိတ်ထားခြင်းနဲ့ မခြားတယ်။

ဪ....
ငါ့ အနာဂတ်နဲ့ တူပါ့လား။
ငါ့ ဘဝနဲ့ တူပါ့လား။

မှောင်မည်းည ကုန်ဆုံးပြီး
ရောင်နီနေ့သစ် မျှော်ရည်မိ။


၁.၁၀.၂၀၂၄

Keep Reading

"World Brain Day"မျက်လုံးခြောက်ခြင်း(Dry Eye)အတွက် ကျန်းမာရေးအသိပညာDoorway Effectအရေးပေါ် ဓာတ်ဆားဖျော်နည်းNeurocycle ဆိုတာဘာလဲ?လူငယ်များ သတိပြုစရာ Social Media နှင့် Dopamine ဟော်မုန်းဆက်နွယ်မှု သင်သိပါသလား? ၂၀၂၅မှာ ကမ္ဘာ့လူဦးရေ သန်း၂၈၀ကျော် စိတ်ဓာတ်ကျခြင်းဝေဒနာခံစားနေရတယ်ဆိုတာ…‘Me Time များများပေးပါ’အာရောဂျံ ပရမံ လာဘံမပြိုင်ပါနဲ့