Author's Profile Photo

A Aain

1/10/2024

လောကမှာ နေတတ်ဖို့ ???????

1 min read
Book Review
Art
18 Again
လောကမှာ နေတတ်ဖို့
???????'s photo

လောကမှာ နေတတ်ဖို့
???????

လူဆိုတာ
မိမိကိုယ်ကို နားလည်ဖို့ ကြိုးစားသင့်ပါတယ်

ဘာကြောင်းလည်းဆို

@မိမိကို နားမလည်တဲ့ လူဟာ
သူတစ်ပါးကို  နားလည် ခွင့်လွတ်မူ့  မပေးနိူင်လို့ ပါပဲ"@

လူတွေဟာ သူများ အကြောင်းကို ပိုပြီး စိတ်ဝင်စားတတ်ပါတယ်
ဒါဟာ လောကသဘာဝပါ သိုသော် မကောင်းပါဘူး
ဗုဒ္ဓက ဟောတယ် @သူများ အပြစ် မကြည့်နဲ့  ကိုယ့် အပြစ် ကို ကြည့်
                                 သူများ ကောင်းတာ မလုပ်လည်း ကိုယ်ကောင်းအောင် လုပ်ပါ
                             သူများစိတ်ကို  သိ နားလည် ချင်ရင်  မိမိစိတ်ကို  သိနားလည်အောင်လုပ်ပါတဲ့"@

မိမိကို နားမလည်ပဲ သူများကို နားလည် အောင် ကြိုးစားရင်တော့
အဲဒါ လောကကို မကြည့်တတ်ဘူး လောကမှာ မနေတတ် သေးဘူးလို့ ပြောရမှာပဲ

လောကကို အမြင်ကြည်ဖို့ ဗြဟ္မာစိုး တရား လေးပါးဖြစ်တဲ့  မေတ္တာ ဂရုဏာ မုဒိတာ
ဥပေက္ခာ ဤတရားလေးပါး နဲ့ ကြည့်တတ်မှ အမြင်ကြည်နိူင်မယ်
ကျင့်သုံးပြီး နေထိုင်နိူင်မှ နေတတ်တယ်လို့ ခေါ် နိူင်မယ်

မေတ္တဆိုတာ@  သတ္တာဝါတွေရဲ့ အကျိုး စီးပွား ချမ်းသာခြင်းကို
                          လိုလား ပြီး  ကယကံ ဝစီကံ  နဲ့ ကူညီတယ်
                         မနောကံ နဲ့ သူတို့ အပေါ်  မိမိရဲ့ သားသမီး ကဲ့သို့
                 ချစ်ခင်မူ့ထားရတယ် ဗုဒ္ဓ ဟောတာကတော့
                  တစ်ယောက်တည်း ရှိသော သားကဲ့သို့တဲ့ သူကျင့်ပြီးမှ ပြောတာ
  သူကတော့ "@ ပြောတဲ့ အတိုင်း လုပ်တယ်  လုပ်ပြီးမှ ပြောတယ်
                   လောကရဲ့ ဆရာ ပီသာတယ်  ပူဇော်ထိုက်ပါပေတယ်"@
မေတ္တာဆိုတာ တစ်ဦးတစ်ယောက်ကို ကွပ်ပြီး ချစ် ချင်တာ မဟုတ်
အများ သူငါ အပေါ် တန်းတူ ရန်သူ ချစ်သူ မခွဲခြား ပဲ  သားသမီးပမာ ချစ်နိူင်တာ
ရာဂနဲ့ တော့ မှားတတ်တယ် သတိထားရမယ်


ဆင်းရဲ နေတာ မြင်ရင် သနားတတ်ပါတယ်
ဖေးမ ကူညီဖို့ တွေးမိပါတယ် ဂရုဏာတရား

ဂရုဏာဆိုတာ@"သတ္တဝါတွေ ကိုယ်ဆင်းရဲ စိတ်ဆင်းရဲ ကြုံတာ မြင်ရရင်
                   (သို့မဟုတ်) ကြုံတော့မှာကို  မြင်ရင်  ကြင်နာ သနားတာကို ဆိုလိုတာပဲ
                  သတ္တဝါတိုင်းမှာ တော့ မရှိပါဘူး သူတော်ကောင်း တွေမှာပဲ ရှိတတ်တာပါ
  သူတော်ကောင်းဆိုတာ "@စိတ်ထားဖြူစင်ပြီး  အားလုံးပေါ်မှာ ကောင်းတာကို ပြောတာ
                                      သူ ကောင်းချင်ကောင်း မကောင်းချင်နေ ကိုယ်ကကောင်းရမယ် လို့ ဆိုလိုတာ"@
                                 သင်ကောင်းလျှင် ကျွန်ုပ် မဆိုးပါ အဲဒါ အများကြီး မှားနေတယ်


    လူအများ ကြီးပွားတာကို မြင်တဲ့ အခါတော့
ဝမ်းမြောက်တတ်တာ ဒါဆို မုဒိတာ  ဖြစ်နိူင်ဖို့ တော့ ခက်ခဲကြပါတယ်

မုဒိတာ ဆိုတာ@" အများ ကြီးပွား ချမ်းသာတာ မြင်ရတဲ့ အခါ
                          မနာလို ဝန်တို ခြင်း လောဘတွေ မဖြစ်ပဲ
                     အများရဲ့ ချမ်းသာကို ဝမ်းမြှောက် နိူင်ရမယ်
             မုဒိတာ ဟာ  အများအားဖြင့် ထားနိူင်ဖို့ ခက်ခဲပါတယ်

မိမိ ကူညီလို့ သူတစ်ပါး ဖြစ်ချင်သလို မဖြစ်လာတဲ့ အခါ
"သတ္တာဝါ တစ်ခု ကံတစ်ခု " ဆိုတာ နှလုံး သွင်းပီး နေတတ်ရင်
အဲ ဒါ  ဥပေက္ခာ တရား

ဥပေက္ခာ ဆိုတာ@"မိမိ ကူညီလို့ ဖြစ်ချင်သလို မဖြစ်လာတဲ့ အခါ
                           သူ့ကံ နဲ့ သူပဲ ဖြစချင်တာ ဖြစ်ပါစေတော့လို့
                    လျက်လျူ ရူ့ထား ခြင်း ပြုနိူင်တာကို ဆိုလိုတာ"@
လွယ်လွယ်နဲ့တော့ မဖြစ်နိူင်ဘူး နေတတ်ဖို့ ခက်ခဲပါတယ်
အားလုံး ကောင်းဖို့ ဆို ကြိုးစားနေထိုင် သင့်တယ်

လောကကို ကြည့်ရူ့ ကူညီတဲ့ အခါ
လောကဓံ တရား နဲ့ ရင်ဆိုင်ရတဲ့ အခါ
မှန်ကန်စွာ နှလုံးသွင်းတတ်ဖို့ အရေးကြီးတယ်

ဗြဟ္မာစိုး တရားလေးပါး ဆိုတဲ့
မေတ္တာ  ဂရုဏာ မုဒိတာ ဥပေက္ခာ
လေးပါး သော  မျက်လုံး နဲ့ ကြည့်တတ်ရမယ်
ကျင်းသုံး နေထိုင်တတ်ရမယ်  ဒါမှ နှလုံးသွင်း မှန်ကန်မှာပါ
အဒါ ဟာ  လောကတွက် မိခင် ဖခင်တို့ ရဲ့ မျက်လုံး နဲ့ တူတယ်
တစ်ခုခု လိုနေရင်  လောကကို  သင်အပြစ်မြင်လိမ့်မယ်

"@လောကမှာ စိတ်ချမ်းသာ ကိုယ်ကျမ်းမာ အောင် နေတတ်ပြီး
စိတ်ချမ်းသာ အောင် ကြည့်တတ် ကြပါစေ"@
@*A Aain*@


Keep Reading

အာရုံစူးစိုက်မှုပါပီလွန်နှင့်ဗင်ဂို စာအုပ်ထဲက နိုးစက်အချိန်ဆွဲတဲ့အကျင့်ဆိုးစိတ်ဓာတ်ကျနေတဲ့အခါအချိန်ဆွဲတာကိုကုစားမယ် စိတ်ညစ်စရာကြားကဆေးတစ်ခွက်အင်တာနက်နဲ့ လူနေမှုဘဝ လိုမှသုံးပါညဖြူဖြူ သူတော်စင်ရူး သူခိုးငရိုးရှောင်တာက ကြောက်ခြင်းမဟုတ်