Author's Profile Photo

Swal Nyoe

1/10/2024

ကိုယ်ကဘာကြောင့်သူများတွေထက် ခြင်ပိုကိုက်ခံနေရတာလဲ?

1 min read
Health
General Knowledge
Medical
ကိုယ်ကဘာကြောင့်သူများတွေထက် ခြင်ပိုကိုက်ခံနေရတာလဲ?'s photo

သူများတွေထက်ပိုပြီး ခြင်ကိုက်ခံရလို့ စိတ်‌ညစ်နေတဲ့သူတွေရှိမယ်ထင်ပါတယ်။ လူအများကြီးနဲ့အတူတူထိုင်နေရင်တောင်မှ တခြားလူတွေက အကိုက်မခံရပဲ ကိုယ်ပဲအမြဲတမ်းကိုက်ခံနေရတယ်။ အဲ့လိုအကိုက်ခံရရင် သူများတွေက ညစ်ပတ်လို့ဖြစ်တာဆိုပြီး ပြောကြတယ်။ တကယ်တော့ ခြင်ကိုက်တယ်ဆိုတာ ညစ်ပတ်လို့  ရေမချိုးလို့ကိုက်တာ မဟုတ်ပါဘူး။ သန့်သန့်ရှင်းရှင်းနေပေမယ့်လည်း အကိုက်ခံရတဲ့အကြောင်းအရင်းတွေ အများကြီးရှိပါတယ်။

ခြင်တွေက ဘာကြောင့်ကိုက်တာလဲဆိုတော့ သူတို့မျိုးပွားဖို့အတွက် သွေးကိုလိုအပ်တဲ့အတွက် ကိုက်တာဖြစ်ပါတယ်။ ခြင် အမ တွေကပဲ ကိုက်တာဖြစ်ပြီး ခြင် အထီး တွေကမကိုက်ပါဘူး။ လူတွေရဲ့သွေးပဲဖြစ်ဖြစ် တိရစ္ဆာန်တွေရဲ့သွေးပဲ ဖြစ်ဖြစ် သူတို့လိုအပ်ပါတယ်။ ခြင်တွေက သူတို့ကိုက်မယ့်သူကို နည်းလမ်းနှစ်မျိုးနဲ့ရွေးချယ်ကြပါတယ်။

(1) အရောင်အနုအရင့်ကိုကြည့်ပြီး ရွေးချယ်ကြခြင်း

ခြင်တွေရဲ့မျက်လုံးက အဖြူနဲ့အမည်း ကိုပဲမြင်ရတာကြောင့် အရောင်ရင့်တဲ့နေရာ‌တွေကိုပိုပြီးတော့ရွေးကျပါတယ်။ ဒါကြောင့်ပဲ အသားညိုတဲ့သူတွေ၊ အဝတ်အစားကိုအရောင်ရင့်ရင့်ဝတ်ထားတဲ့သူတွေက ခြင်ပိုပြီးတော့အကိုက်ခံရတတ်ပါတယ်။

(2) အနံ့ခံပြီး ရွေးချယ်ခြင်း

သူတို့ရဲ့ခေါင်းမှာရှိတဲ့ အင်တာနာတံလေးတွေနဲ့ အနံ့ခံပြီးရှာတာပါ။ ကျွန်တော်တို့တွေရဲ့ ခန္ဓာကိုယ်ကနေ အသက်ရှူထုတ်လိုက်တဲ့အခါထွက်လာတဲ့ Carbondioxide နဲ့ ကိုယ်လက်လှုပ်ရှားမှုလုပ်တဲ့အခါမှာထွက်တဲ့ Lactic acid တွေကိုအနံ့ခံပြီးတော့ ရွေးချယ်ကြပါတယ်။ ဒါတွေကတော့ high metabolism လို့ခေါ်‌တဲ့ မွေးရာပါ ခန္ဓာကိုယ် အပူထုတ်တာများသူတွေ ၊ ဝတဲ့သူတွေနဲ့ ကိုယ်ဝန်ဆောင်တွေမှာပိုပြီးတော့ ထွက်တဲ့အတွက်ကြောင့် သူတို့တွေက ပိုပြီးခြင်ကိုက်ခံရတတ်ပါတယ်။

နောက်တစ်ခုအနေနဲ့ကတော့ ခြင်ကိုက်ခံရတာဟာ မျိုးရိုးလိုက်တတ်ပါတယ်။နောက်ပြီးတော့ Oသွေးတွေကို ခြင်တွေကပိုကြိုက်တယ်လို့လဲ တွေ့ရှိထားပါသေးတယ်။ ရေမချိုးတဲ့သူတွေအနေနဲ့ကတော့ အရေပြားပေါ်မှာ Bacteria တွေစုပုံလာတဲ့အခါမှာတော့ ထွက်လာတတ်တဲ့ gasတွေကြောင့် ခြင်တွေရောက်လာတတ်ပါတယ်။ ဒီလိုမျိုးခြင်ကိုက်ခံရတဲ့သူတွေအနေနဲ့ ခြင်ကိုက်မခံရအောင် ဘာတွေလုပ်လို့ရလဲဆိုတော့

(1) အရောင်နုတဲ့ အဝတ်အစားတွေရွေးဝတ်ပါ။
(2) ရေပုံမှန်ချိုးပြီးတော့ ဆပ်ပြာကိုလည်းသေချာလေးတိုက်ပေးပါ။
Oသွေးဖြစ်ပြီးတော့ မွေးရာပါခြင်ကိုက်ခံရတဲ့သူဆိုရင်တော့ ခြင်မကိုက်အောင်လုပ်ဖို့ကအတော်လေးခက်ခဲပါတယ်။

ဒီနေ့မှာတော့ ကိုယ်ကဘာကြောင့်သူများတွေထက်ခြင်ကိုက်တာခံရတာလဲဆိုတဲ့အကြောင်းအရာလေးကိုဝေမျှပေးသွားတာဖြစ်ပါတယ်ခင်ဗျာ။ စာဖတ်သူများအားလုံး သာယာပျော်ရွှင်တဲ့နေ့လေးဖြစ်ပါစေဗျာ။

စာဖတ်သူများကို လေးစားလျက်
#စွဲညို့
Pic crd to Pinterest

Keep Reading

Doorway Effectအရေးပေါ် ဓာတ်ဆားဖျော်နည်းNeurocycle ဆိုတာဘာလဲ?လူငယ်များ သတိပြုစရာ Social Media နှင့် Dopamine ဟော်မုန်းဆက်နွယ်မှု သင်သိပါသလား? ၂၀၂၅မှာ ကမ္ဘာ့လူဦးရေ သန်း၂၈၀ကျော် စိတ်ဓာတ်ကျခြင်းဝေဒနာခံစားနေရတယ်ဆိုတာ…‘Me Time များများပေးပါ’အာရောဂျံ ပရမံ လာဘံမပြိုင်ပါနဲ့Programmer များအတွက် ကောင်းမွန်တဲ့ Mental Health ကို တည်ဆောက်နိုင်ဖို့ နည်းလမ်း (၆) သွယ်။စိတ်၏ အဟန့်အတား( barrier of mental health)