Author's Profile Photo

HONEY

30/09/2024

အချိန်ရဲ့ တန်ဖိုး~~

1 min read
Life Style
18 Again
Creative

ဘာလိုလိုနဲ့ နေ့တွေပြောင်း ၊ ရက်တွေပြောင်းကာ အချိန်တွေတစ်ဖြေးဖြေးကုန်ဆုံးရင်း စက်တင်ဘာလရဲ့ နောက်ဆုံး လကုန်တဲ့နေ့တောင် ရောက်ပြီ။ မကြာခင်မှာ ၂၀၂၄ ကြီးလည်း ကုန်တော့မယ်၊ ကိုယ် ၂၀၂၄ မှာ ဘာတွေများအကျိုးရှိစွာ အသုံးချပြီးပြီလဲလို့တွေးပါ။ ၂၀၂၄ မရောက်ခင်တုံးကတော့ ကိုယ်က English skills တွေ ကောင်းချင်တယ်၊ ဝိတ်ကျချင်တယ် အစရှိတဲ့ အကြောင်းပြချက်တွေ များစွာပြောခဲ့ကြပေမဲ့လည်း အချိန်ထိ မလုပ်ရသေးဘူးမလား။ ကျွန်တော်တို့ အခုချိန်မှာ ထလုပ်လိုက်ရင်လည်း နောက်ကျသွားတယ်ဆိုတာ မရှိပါဘူး။ လုပ်ချင်စိတ်ရှိရင် ဘယ်အချိန်မဆို လုပ်ဆောင်သင့်ပါတယ်။ plan တွေ လျှောက်ဆွဲ ၊ timetable တွေ လျှောက်ဆွဲပြီး နေတာထက် လက်တွေ့ကျကျ အသုံးချကာ ကိုယ်ရည်မှန်းရာ ၊ ပန်းတိုင် အိမ်မက်တွေ များစွာကို အကောင်အထည်ဖော်ကြရအောင်ခဗျာ။
"ကျွန်တော်တို့ကို အချိန်က စောင့်နေတာမဟုတ်ပါဘူး၊ အချိန်ကိုသာ ကျွန်တော်တို့က စောင့်နေတာပါ။ အဲ့လိုမဖြစ်ရအောင် အချိန်ရဲ့ တန်ဖိုးကို သိရှိနားလည်ရဲ့နဲ့ ဘာလို့များမလုပ်ကြသလဲ။ မလုပ်ချင်တာလား ၊ လုပ်ချင်စိတ်မရှိတာလား။ စကားဆိုတာမျိုးက မလုပ်ပေးနိုင်ရင် မပြောသင့်တာ အကောင်းဆုံးပါပဲဗျာ။
ကိုယ်တိုင်က ရည်မှန်းထားတာကို လုပ်ချင်တဲ့လူ ဒါပေမဲ့ လုပ်ဖို့အတွက် ငွေအလုံလောက်မရှိတာ၊ လိုင်းမမိတာကြောင့် စတာတွေ၊ ဝိတ်ကျချင်တဲ့လူတွေကြတော့လည်း ကျချင်တယ်လို့ပြောနေပေမဲ့
အစားတွေဇွတ်စားပြီး ပါးစပ်ကပဲ ဝိတ်ကျချင်တယ်"" ပြောနေလို့ မဖြစ်ပါဘူးနော်။
ဥပမာ ကျွန်တော်တို့က ဘာသာစကားတစ်ခု တတ်မြောက်ချင်တယ် ဆိုပါတော့။ ငွေကြေးအခက်အခဲကြောင့် မတက်နိုင်ဘူး ၊ လိုင်းအခြေအနေဘာကြောင့် ညာကြောင့်တွေ အစရှိသဖြင့်ပေါ့။ ကျွန်တော်ပြောချင်တာက ကိုယ်တိုင်က သင်ယူချင်စိတ်ရှိရင် သင်ယူလို့ရပါတယ်။ အခုနောက်ပိုင်းမှာဆို Free class တွေ များစွာထွက်ပေါ်လာပါတယ်။ ကျွန်တော်ကိုယ်တိုင်လဲ တက်ပါတယ်၊ တစ်ချို့လူတွေကြတော့လဲ Free class ဆိုပြီး အတန်းမမှန်ကြ၊ တန်ဖိုးမထားကြပါဘူး။
"ပညာကို လိုလားရင် ဘယ်နည်းလမ်းနဲ့ မဆို ရှာဖွေပါ အသုံးချပါ အချိန်ကို မဖြုန်းတီးကြပါနဲ့"။
ဝိတ်ချချင်တဲ့လူတွေက gym မသွားနိုင်ဘူး အလုပ်ကြောင့် ၊ ပိုက်ဆံကြောင့် အဲ့လိုတွေပေါ့။ ကျွန်တော်တို့ Facebook, tiktok & YouTube တွေမှာဆို လေ့ကျင့်ခန်းတွေလုပ်ပြထားတဲ့ လူတွေ များစွာရှိပါတယ်။ ဒါပေမဲ့ ကိုယ်က မလုပ်နိုင်ဘူး အမောမခံနိုင်ဘူးဆိုရင် ကျွန်တော်တို့ လမ်းလျှောက်လို့ရတယ်၊ စက်ဘီးစီး ၊ ယောဂကျင့် အစရှိတာတွေ လုပ်လို့ရပါတယ်။
‌အကြောင်းပြချက်တွေပေးပြီး လူ့ဘဝကို ထိုင်းမှိုင်းစွာ မနေဘဲ ဘယ်အရာကိုမဆို အသုံးချတတ်တဲ့ လူတစ်ဦး ဖြစ်ပါစေ စာဖတ်သူတို့။
နောက်တစ်ခုက မနက်ဖြန်ဆို အောက်တိုဘာလစပြီ ၂၀၂၅ ရောက်ဖို့ သုံးလပဲလိုတော့တယ် ဘဝကို ပေါ့ပေါ့တန်တန်မနေဘဲ ကျန်သုံးလမှာ အကျိုးရှိရှိနေထိုင်ကြပါ။
၂၀၂၄ မှာ ငါဘာတွေလုပ်ပြီးပြီလဲဆိုတာ တွေးပြီး မလုပ်ရသေးရင် အခုပဲ ထလုပ်လိုက်ပါ။ "ကျွန်တော်တို့ ဆုံးရှုံးသွားတဲ့ အရာတွေထဲမှာ အချိန်ကလဲ ပြန်မရနိုင်ပါဘူးနော်"။

နောက်ဆုံးတစ်ချက်ကတော့ ကိုယ်အားနည်းတာကို တတ်ကျွမ်းတဲ့ သူငယ်ချင်း အပေါင်းအသင်းတွေကို မေးဖို့မကြောက်ရွံ့ပါနဲ့။

ဒီနေ့တော့ ဒီလောက်ပါပဲ သာယာပျော်ရွှင်တဲ့
ညလေးဖြစ်ကြပါစေခဗျာ။

#ဟန်နီ

Keep Reading

စာစောင်နှစ်ဆယ့်ရှစ်-လက်ကျန်အချိန်တိုလေးစာစောင်နှစ်ဆယ့်ကိုး-စိတ်ရောကိုယ်ပါပြုပြင်ပြောင်းလဲခြင်းအပေါ်ယံသမားစာစောင်သုံးဆယ့်ကိုး - အကြီးမားဆုံးဆုလာဘ်စာစောင်လေးဆယ် - အလိုကြီးအရနည်း ဟိုလိုလို ဒီလိုလို ဝေလည်လည်စာစောင်သုံးဆယ် - အရင်းအမြစ်ပြည့်စုံခြင်းစာစောင်နှစ်ဆယ့်ငါး-ခက်ခဲမှုတို့ရဲ့နောက်ကွယ်တန်ဖိုးစာစောင်သုံးဆယ့်နှစ်-ကိုယ့်ကိုယ်ကိုယ်နှစ်သိမ့်ခြင်းဧကရာဇ်မင်း၏ အတွေးမှတ်စု စာစောင်ငါး (၉-၁၄)