Author's Profile Photo

မိုးနှောင်းအလင်္ကာ

30/09/2024

"လူဟုခေါ်ထိုက်သော"

1 min read
Life Style
General Knowledge
18 Again
"လူဟုခေါ်ထိုက်သော"'s photo

ကျွန်တော်တို့အားလုံးဟာလူတွေထဲကလူပါဘဲ။ဒါပေမဲ့ လူလို့အမည်ခံဖို့ တကယ်ရောထိုက်တန်ရဲ့လားဆိုတာတော့ မသေချာပါဘူး။လူဆိုတာ အခြားသော သတ္တ၀ါတွေထက်ဉာဏ်ရည်မြင့်သတ္တ၀ါပါ ဒါ့ကြောင့် သာမာန်ထက်ပိုတဲ့ အကြောင်းပြချက်တွေရှိပါမှ လူဟုခေါ်ထိုက်သောလူတစ်ယောက်ဖြစ်ပါလိမ့်မယ်။ ဒါဆို ဘယ်လို အရာမျိုးတွေက လူဟုခေါ်ထိုက်သလဲ။

အရင်ဆုံး ကျွန်တော်တို့ လူရာ၀င်ဖို့လိုပါတယ်။လူရာဝင်ဖို့ဆိုရင် ငွေလိုအပ်တယ်။လူရယ်လို့ဖြစ်လာပြီဆိုရင် အစားစားဖို့အတွက်၊မိသားစုအတွက် ချစ်ခင်ရသူတွေအတွက် ၀င်ငွေတစ်ခုနဲ့အတူ ကိုယ်ပိုင်ရပ်တည်နိုင်မှ ငါဟဲ့ လူသား လူဟုခေါ်ထိုက်မှာပါ။အဲ့ဒီလို မဟုတ်ဘဲ အိပ်၊စား၊ကာမ ဘဲလုပ်မယ်ဆို တိရစ္ဆာန် နဲ့ဘာများကွာကြားမှာပါလဲ။ပြီးတော့ လူ့ဘောင်ဆိုတာ ငွေရှိမှလူရာ၀င်တဲ့ အမျိုးမဟုတ်လား။လူရာ၀င်ဖို့အတွက် ငွေရှာတတ်ကပါမယ်။ ဒါ့ကြောင့် လူရာ၀င်ဖို့ အလုပ်လုပ်ပြီး ၀င်ငွေရှာပါ။

နောက်တစ်ခုကတော့ လူတောတိုးနိုင်ဖို့ပါ။ လူတောတိုးနိုင်ဖို့ပညာလိုအပ်ပါတယ်။အဲ့ဒီမှာ ပညာဆိုတဲ့ အသုံးအနှုန်းဟာ ကျယ်ပြန့်ပါတယ်။ပညာမှာ အသိပညာနဲ့အတတ်ပညာ ဆိုပြီးနှစ်မျိုးရှိတယ်။အသိပညာပေါကြွယ်၀မနေဘူးဆိုရင်တောင် အသိပညာ မနိမ့်ကျနေဖို့အရေးကြီးပါတယ်။အတတ်ပညာဟာ လူမှန်ရင် အတတ်ပညာ တစ်ခုကို တတ်မြောက်ပေါက်မြောက်နေမှ အဆင်ပြေမှာပါ။ဒါ့ကြောင့်လူတောတိုးဖို့ ပညာလိုအပ်ပါတယ်။ ဒါဆိုဘယ်လိုလူမျိုးကို ပညာတတ်လို့ခေါ်သလဲ။

ဘယ်လိုလူမျိုးကို ပညာတတ်လို့ခေါ်သလဲဆိုရင် အကောင်းအဆိုး အကြောင်းအကျိုးကိုနားလည်သိတတ်သောလူ။တစ်နည်းအားဖြင့် ကောင်းတာကို ကောင်းကြောင်းသိပြီး၊မကောင်းတာကို မကောင်းမှန်းသိကာ ရှောင်ဖယ်သွားနိုင်သူကို ယေဘုယျအားဖြင့် ပညာတတ်လို့ခေါ်ပါတယ်။

နောက်တစ်ချက်က လူပီသဖို့ပါ။လူပီသဖို့ဆိုရင်အသိတရားလိုအပ်တယ်။ လူဆိုတဲ့ သတ္တ၀ါဟာ အခြားသော တိရစ္ဆာန်တွေထက် ပိုပြီးတော့ ဉာဏ်ကောင်းလို့ အသိဉာဏ်ရှိလို့ လူထက်အရွယ်အစားကြီးမားတဲ့ ဆင်လို အကောင်မျိုးကိုတောင် ထိန်းချုပ်ခိုင်းစေနိုင်ပါတယ်။အဲ့ဒီလို ဉာဏ်ကောင်းတဲ့ လူသားတွေမှာ အသိတရား ရှိမှ လူပီသမှာပါ။ အသိတရား ဆိုတာ စဥ်းစားချင့်ချိန်နိုင်စွမ်းလို့ ယေဘုယျအားဖြင့်မှတ်ယူလို့ရပါတယ်။

လူတွေမှာ ကောင်းတာန​ဲ့ဆိုးတာကို စဥ်းစားချင့်ချိန်နိုင်စွမ်းရှိပါမှ လူဟုခေါ်ထိုက်မှာပါ ဒါ့ကြောင့် လူပီသဖို့ အသိတရားလိုအပ်ပါတယ်။

နောက်ဆုံးအချက်ကတော့ လူလို့ခေါ်ဖို့ ပါ။ လူလို့ခေါ်ဖို့အတွက်ကိုယ်ချင်းစာတရား လိုအပ်တယ်။လူဆိုတာနဲ့ ကိုယ်ချင်းစာ တရားရှိပါမှ လူဖြစ်ပြီလို့ပြောလို့ရမှာပါ။ ပြဿနာ တစ်ခုခု၊အကြောင်းအရာတစ်ခုခု ဖြစ်လာတဲ့အခါ သူ့ဘက်၊ကိုယ့်ဘက် မျှတစွာ တွေးပေးတာကို ကိုယ်ချင်းစာတရားလို့ခေါ်ပါတယ်။ ကိုယ်ချင်းစာတရားရှိတဲ့လူဟာ လူချစ်လူခင်ပေါတယ်၊ရန်သူနည်းပြီး၊မိတ်ဆွေပေါင်းသင်း အခြွေအရံပေါကြွယ်၀ပါတယ်။စဥ်းစားကြည့်ပါ လူတိုင်းကို ကိုယ်ချင်းစာတရား ထားပြီးတွေးပေးတဲ့၊ကြည့်ပေးတဲ့သူဆို မည်သူက မချစ်မနှစ်သက်ဘဲ နေမှာလဲ။
ဒါ့ကြောင့်လူလို့ခေါ်ဖို့အတွက် ကိုယ်ချင်းစာတရားလိုအပ်ပါတယ်။

ကျွန်တော် ရှေ့မှာပြောခဲ့တဲ့အချက်အားလုံးတွေသာ စာဖတ်သူတို့ မှာရှိတယ်ဆိုရင် လူလို့ခေါ်ထိုက်တဲ့ လူသားတစ်ယောက်ဖြစ်မှာအသေအချာပါဘဲ။ ငွေကြေး၊ပညာ၊အသိတရား၊ကိုယ်ချင်းစာတရား စတဲ့အချက်တွေမှာ ငွေကြေးအများကြီးရှိနေဖို့မဆိုလိုပေမဲ့ အတင့်အသင့်ရှိနေရပါမယ်။ ပညာတွေအများကြီးမတတ်နေပေမဲ့ ပညာမနိမ့်ကျနေဖို့လိုပါတယ်။အသိတရားဆိုတဲ့ စဥ်းစားချင့်ချိန်နိုင်စွမ်းနဲ့ ကိုယ်ချင်းစာတရားဆိုတဲ့ မျှတစွာတွေးတတ်ခြင်းဟာလည်း အရေးပါနေပါတယ်။ ဒါ့ကြောင့် လူဟုခေါ်ထိုက်သောလူတစ်ယောက်ဖြစ်အောင်နေကြပါရန်။

#မိုးနှောင်းအလင်္ကာ
(ကျန်းမာ၊ချမ်းသာ)

Keep Reading

စာစောင်နှစ်ဆယ့်ရှစ်-လက်ကျန်အချိန်တိုလေးစာစောင်နှစ်ဆယ့်ကိုး-စိတ်ရောကိုယ်ပါပြုပြင်ပြောင်းလဲခြင်းရှောင်တာက ကြောက်ခြင်းမဟုတ်အပေါ်ယံသမားစာစောင်သုံးဆယ့်ကိုး - အကြီးမားဆုံးဆုလာဘ်စာစောင်လေးဆယ် - အလိုကြီးအရနည်း ဟိုလိုလို ဒီလိုလို ဝေလည်လည်စာစောင်သုံးဆယ် - အရင်းအမြစ်ပြည့်စုံခြင်းစာစောင်သုံးဆယ့်နှစ်-ကိုယ့်ကိုယ်ကိုယ်နှစ်သိမ့်ခြင်းဧကရာဇ်မင်း၏ အတွေးမှတ်စု စာစောင်ငါး (၉-၁၄)