Author's Profile Photo

Tain Hlwar Nge

29/09/2024

အမျိုးသမီးလေးကိုယ်တိုင်လည်း မတူညီတဲ့ပြဿနာတွေနဲ့ ရင်ဆိုင်နေရတာမလား...။

1 min read
Life Style
Personal Development
General Knowledge
အမျိုးသမီးလေးကိုယ်တိုင်လည်း မတူညီတဲ့ပြဿနာတွေနဲ့ ရင်ဆိုင်နေရတာမလား...။'s photo

အမျိုးသမီးလေးရေ.....။

အသိမိတ်ဆွေတွေကို ချစ်ပါ၊ ဒါပေမဲ့ ကိုယ့်ကိုယ်ကို ပိုချစ်ပါ။

အမျိူသမီးလေးက သိပ်ကို ချစ်တတ်တာ ကိုသိတာပေါ့။

ဘယ်လောက်ထိလဲဆို အနီးနားဝန်းကျင်က အသိတစ်ယောက်ယောက်ပြဿနာကြုံရရင်တောင်

အမျိုးသမီးလေး ကိုယ်တိုင်ကြုံနေရသလို ပူပန်ပေးတတ်တဲ့အထိလေ။

အမျိုးသမီးလေးရေ တစ်ခုမှတ်ထားပါနော်။

ယုံကြည်လို့ လာရင်ဖွင့်တဲ့သူတွေရှိတဲ့အခါ

‌နားထောင်ပေးလိုက်ပါ၊အကောင်းဆုံးနှစ်သိမ့်ပေးလိုက်ပါ။

ဒါပေမဲ့ အဲ့တာကို အမျိုးသမီးလေး ရင်ဆိုင်နေရတဲ့ပြဿနာလို့တော့ မခံယူလိုက်ပါနဲ့ကွယ်။

အမျိုးသမီးလေးကိုယ်တိုင်လည်း မတူညီတဲ့ပြဿနာတွေနဲ့ ရင်ဆိုင်နေရတာမလား။

သူ့ပြဿနာကို အမျိုးသမီးလေးပြဿနာလို့ ခံယူလိုက်ရင် အမျိုးသမီးလေး အများကြီးပင်ပန်းသွားမှာပေါ့။

ဒါ့ကြောင့် ခက်ခဲတဲ့သူတွေ‌နဲ့တွေ့တဲ့အခါ

သူတို့မှီငိုချင်ရင် ပခုံးငှားပေးတဲ့သူ၊
သူတို့အားနည်းရင် နှစ်သိမ့်ပေးတဲ့သူ
သူတို့လိုချင်ရင်အကြံဉာဏ်ပေးနိုင်သူပဲဖြစ်ပါစေ။

သူတို့နဲ့အတူလိုက်ငိုပြီး ပူလောင်နေတဲ့သူတော့ မဖြစ်ပါစေနဲ့။
(အဲ့လိုငိုပြီးပူလောင်ပေးနေရင် အကြံဉာဏ်မထွက်ဘဲ ဆက်လောင်မြိုက်နေမှာကလွဲရင် ကောင်းကျိုးမရှိဘူးနော်၊
သူများငိုနေချိန် ကိုယ်က ပျော်နေလို့ မသင့်ပေမဲ့
သူများငိုတိုင်းလည်း ကိုယ်လိုက်မငိုမိဖို့လိုပါတယ်။)

ပြဿနာရဲ့ ဖြေရှင်းနည်းကို လမ်းပြပေးသူသာ ဖြစ်ပါစေ။

ပြဿနာထဲ ဝင်ပါသူတော့ မဖြစ်ပါစေနဲ့နော်။

ခရမ်းရောင်

Keep Reading

စာစောင်နှစ်ဆယ့်ရှစ်-လက်ကျန်အချိန်တိုလေးစိတ်ညစ်စရာကြားကဆေးတစ်ခွက်စာစောင်နှစ်ဆယ့်ကိုး-စိတ်ရောကိုယ်ပါပြုပြင်ပြောင်းလဲခြင်းရှောင်တာက ကြောက်ခြင်းမဟုတ်စာစောင်သုံးဆယ့်ကိုး - အကြီးမားဆုံးဆုလာဘ်စာစောင်လေးဆယ် - အလိုကြီးအရနည်း ဟိုလိုလို ဒီလိုလို ဝေလည်လည်စာစောင်သုံးဆယ် - အရင်းအမြစ်ပြည့်စုံခြင်းစာစောင်သုံးဆယ့်နှစ်-ကိုယ့်ကိုယ်ကိုယ်နှစ်သိမ့်ခြင်းဧကရာဇ်မင်း၏ အတွေးမှတ်စု စာစောင်ငါး (၉-၁၄)