Author's Profile Photo

ဇွဲ

28/09/2024

ဘဝရည်မှန်းချက်ပန်းတိုင်

1 min read
Life Style
Personal Development
Art

ရည်မှန်းချက် + ကြိုးပမ်းမှု = ပန်းတိုင်

ဘဝမှာ ကိုယ်ရောက်ချင်တဲ့ ပန်းတိုင်ကို အရောက်လှမ်းနိုင်ဖို့ဆို ရည်မှန်းချက်ကြီးမားရမယ်။ကိုယ်ချမှတ်ထားတဲ့ ရည်မှန်းချက်က သေးငယ်နေရင် လုပ်ဆောင်ချက်တွေလည်း သေးငယ်သွားပြီး ပန်းတိုင်ရောက်ဖို့ ကြန့်ကြာနေရလိမ့်မယ်။ဒါဆို ဘဝဟာလည်း သေးငယ်နုံချာသွားမှာပေါ့။

ပန်းတိုင်က ကြီးနေပြီး ရည်မှန်းချက်ကသေးငယ်နေရင် ကျောက်ဆောင်ဘေးက တွင်းထဲမှာအောင်းနေတဲ့ ကြွက်ငယ်ကိုစားချင်လို့ တွင်းကို လက်နဲ့တူးနေတဲ့ ခြင်္သေ့လိုဖြစ်သွားလိမ့်မယ်။တူးသာ တူးနေရပေမယ့် ရလဒ်ကောင်းထွက်မလာပဲ လက်သည်းကျိုးရုံပဲ အဖက်တင်သလို ကြိုးစားရုန်းကန်နေရပေမယ့် ပန်းတိုင်ကို မရောက်နိုင်ပဲဖြစ်နေလိမ့်မယ်။စစ်မှန်တဲ့ တောဘုရင် ကေသရာဇာခြင်္သေ့ဟူသည် သူတပါးအကြွင်းအကျန်မစား၊တပါးသူကို မှီခိုခြင်း ကင်းပြီး ကိုယ့်ခွန်ကိုယ့်အားနဲ့ သားကောင်ကို ရှာဖွေစားသောက်တတ်ကြတယ်။တကယ်အောင်မြင်လိုသူများသည်လည်း သေးငယ်သော ဘဝရည်မှန်းချက်များမထားကြပေ။

ရည်မှန်းချက်ဆိုတာ ကောင်းကင်မှာရှိတဲ့ ကြယ်တာရာတွေနဲ့တူတယ်။ကြယ်တာရာတွေဆီကို ရောက်ဖို့ခက်ခဲပေမယ့် ကန္တာရခရီးသည်တွေနဲ့ ပင်လယ်ခရီးသည်တွေဟာ ကြယ်တာရာတွေကို ကြည့်ပြီး အရှေ့၊အနောက်၊တောင်၊မြောက် ချင့်ချိန်မှန်းဆပြီး လိုရာခရီးကို အရောက်သွားနိုင်တယ်။

ဒီလိုပဲ ကောင်းမွန်မြင့်မြတ်တဲ့ ရည်မှန်းချက်တွေဆိုတာ ပန်းတိုင်ကို ချက်ချင်းအရောက်မပို့ပေးနိုင်သော်လည်း အရောက်လှမ်းနိုင်ရန် လမ်းပြအဖြစ် ရပ်တည်ပေးတယ်။

ဒါကြောင့် အဆင့်အတန်းမြင့်မားတဲ့ဘဝကို လိုချင်လျှင် ရည်မှန်းချက်ကြီးကြီးထားပါ။ကြီးမားတဲ့လုပ်ဆောင်ချက်များ ဖော်ဆောင်ပါ။

စာရေးသူ - ဇွဲ
ဆောင်းပါးနံပါတ်(၃)
28/9/2024 (Sat)

ကျန်းမာရွှင်လန်းကြပါစေ။
စာဖတ်ပရိတ်သတ်များအား ကျေးဇူးအထူးတင်ရှိလျှက်.....။

Keep Reading

စာစောင်နှစ်ဆယ့်ရှစ်-လက်ကျန်အချိန်တိုလေးပဲဟင်းတစ်ခွက် ဂုဏ်ယူလျက်စာစောင်နှစ်ဆယ့်ကိုး-စိတ်ရောကိုယ်ပါပြုပြင်ပြောင်းလဲခြင်းအဆုံးသည်......စာစောင်သုံးဆယ် - အရင်းအမြစ်ပြည့်စုံခြင်းအသစ်နှင့်အဟောင်းပါပီလွန်နှင့်ဗင်ဂို စာအုပ်ထဲက နိုးစက်စာစောင်သုံးဆယ့်နှစ်-ကိုယ့်ကိုယ်ကိုယ်နှစ်သိမ့်ခြင်းစာဖတ်ခြင်းအလေ့အကျင့်ကို မြှင့်တင်ပေးမယ့် နည်းလမ်းကောင်းများ...ရပ်တန့်ရမယ့်အချိန်