Author's Profile Photo

HONEY

28/09/2024

"စကား"

1 min read
Life Style
General Knowledge
18 Again

နေ့စဉ်တိုင်း/ လူမှုဆက်ဆံရေးတိုင်း စကားက
မပြောမဖြစ်တဲ့ထဲက တစ်ခုပေါ့။
ကျွန်တော်တို့ လူမှုအသိုင်းအဝိုင်းမှာဆိုရင် စကားကိုပြောမယ်ဆိုရင် ရှေ့နောက်ကြည့်ပြီး ပြောရပါမယ်။
စကားဆိုတာမျိုးက ပြောတိုင်းလည်း
မကောင်းပါဘူး။ ‌ကျွန်တော်တို့ရဲ့ ပါးစပ်တွေမှာ
ခဲဖျက်မပါပါဘူး၊ ကြမ်းကျွံတာက နှုတ်လို့ရပေမဲ့ စကားကျွံတာကတော့ နှုတ်လို့မရပါဘူး။ ကိုယ့်ပြောလိုက်တဲ့ စကားတိုင်းမှာ သက်ရောက်မှု များစွာရှိပါတယ်။
စကားပြောမယ်ဆိုရင် ဘယ်လိုအချက်တွေနဲ့ ပြောရမလည်းဆိုတာကို ဥပမာပေးပြီး ပြောပြပါမယ်။ မပြောခင်မှာ ဖတ်နေရင်း ကိုယ့်ဘာသာ ကိုယ်ကြိုက်သလို စကားကိုပြောမှာဘဲ ဘာအတွက်ကြောင့် ဒီအချက်တွေကို လုပ်ရမှာလဲ ဆိုပြီး ပြောကောင်းပြောနိုင်ပါတယ်။ သို့သော်လည်း‌ပဲ ရှင်သန်ရတဲ့ ကာလမှာ လူမှုအသိုက်အဝိုင်းနှင့် အတူလက်တွဲပြီး စီးပွားရေးတွေ လုပ်ကြမယ် ၊ မိတ်ဆွေတွေဖွဲ့ကြမယ်ပေါ့... ၊ ကိုယ်က စကားအပြောအဆိုမတတ်ရင် ကိုယ့်အနားမှာ ဘယ်သူမှ မရှိနိုင်ပါဘူးနော်။ ဘယ်လောက်ပဲ ရင်းနှီးနေပါစေ စကားကို ရင်းရင်းနှီးနှီးပဲ ဆိုပြီး မလေးမစား စကားတွေ မပြောကြပါနဲ့ခဗျာ။ ကိုယ်နှင့် စရိုက်တူတဲ့လူတွေကတော့ သည်းခံပေးနိုင်ပေမဲ့ စရိုက်မတူတဲ့ လူမှုဆက်ဆံရေး ကောင်းမွန်တဲ့ လူတွေနဲ့ကြ ရေရှည်အတွက် အဆင်မပြေနိုင်ပါဘူး





  • - မလိုအပ်ပါက/ မိမိနှင့် မဆိုင်ပါက ဝင်ရောက်ကာ မပြောရ၊ မစွက်ဖက်ရ။
  • -စကားကို ဖြတ်မပြောရပါ။
  • -ယဉ်ကျေးမှုဆိုတာကို နားလည်ရပါမယ်၊ အမှန်တရားကိုလဲ လက်ခံနိုင်ရပါမယ်။
  • -လေးစားရပါမယ်။
  • -နှစ်တွေအကြာကြီး သိလာတာဖြစ်ဖြစ်၊ ခင်မင်လာတာဖြစ်ဖြစ် ဘယ်လိုလူတွေနှင့် မဆို စကားကို လေးစားမှု/ ရိုသေမှု / ကိုယ်ဒါပြောလိုက်ရင် သူဘယ်လိုခံစားရမလဲ ဆိုတဲ့ အတွေးမျိုးတွေ ထားတတ်ရပါမယ်။
နောက်တစ်ချက် စကား... 
ကျွန်တော်တို့ လူကြီးတွေ၊ ဆရာသမားတွေ စကားဖြင့် ဆုံးမကြသည့်အခါမှာ လက်ဖြင့်မရိုက်သော်လည်း ကျွန်တော်တို့ကို စကားဖြင့်သတ်ကြပါတယ်။
 ကျွန်တော်တို့မှာ စကားဖြင့် သတ်လို့အကြိမ်ကြိမ် သေကြရပါတယ်။






အဆုံးထိဖတ်ပေးကြလို့ ကျေးဇူးအများကြီးတင်ပါတယ်ခဗျာ။
သာယာပျော်ရွှင်သော နေ့ရက်များကို ပိုင်ဆိုင်နိုင်ကြပါစေ ချစ်သော စာဖတ်ပေးသူလေးများ။??

#ဟန်နီ

Keep Reading

စာစောင်နှစ်ဆယ့်ရှစ်-လက်ကျန်အချိန်တိုလေးစာစောင်နှစ်ဆယ့်ကိုး-စိတ်ရောကိုယ်ပါပြုပြင်ပြောင်းလဲခြင်းရှောင်တာက ကြောက်ခြင်းမဟုတ်အပေါ်ယံသမားစာစောင်သုံးဆယ့်ကိုး - အကြီးမားဆုံးဆုလာဘ်စာစောင်လေးဆယ် - အလိုကြီးအရနည်း ဟိုလိုလို ဒီလိုလို ဝေလည်လည်စာစောင်သုံးဆယ် - အရင်းအမြစ်ပြည့်စုံခြင်းစာစောင်သုံးဆယ့်နှစ်-ကိုယ့်ကိုယ်ကိုယ်နှစ်သိမ့်ခြင်းဧကရာဇ်မင်း၏ အတွေးမှတ်စု စာစောင်ငါး (၉-၁၄)