ဂျူလီ (Asho)
"Never regret a day in your life,
Good days give happiness,
Bad days give experience,
The worst days give lessons, and
The best days give memories."
"ကျွန်တော်တို့ ဘ၀မှာဖြတ်သန်းခဲ့ရတဲ့နေ့တွေကို ဘယ်တော့မှ နောင်တရနေစရာမလို့ပါဘူး။ ကောင်းတဲ့နေ့တွေက ပျော်ရွှင်ခြင်းပေးတယ်။ ဆိုးတဲ့နေ့တွေက အတွေ့အကြုံတွေပေးတယ်။ အဆိုးဆုံးနေ့တွေက သင်ခန်းစာတွေပေးတယ်။ အကောင်းဆုံးနေ့တွေကတော့ အမှတ်တရတွေပေးပြန်ပါတယ်
။"
ကျွန်တော်တို့ နားနေတဲ့အချိန် အားနေတဲ့ အချိန်လေးတွေ၊ ကော်ဖီပူပူလေးတစ်ခွက် သောက်ရင်းဖြစ်ဖြစ် ဟိုးအရင်က ဖြစ်ပျက်ခဲ့တဲ့ အကြောင်းအရာလေးတွေ ခေါင်းထဲရောက်လာတတ်ပါတယ်။
ကောင်းမွန်စွာဖြတ်သန်းခဲ့တဲ့ နေ့လေးတွေအကြောင်း စဉ်းစားမိရင် "အော်အဲ့တုန်းကငါတို့ သူငယ်ချင်း ဘယ်လိုတွေပျော်ကြတယ်။ ဘာတွေ ဘယ်လိုလုပ်ကြတယ်။ မိသားစုနဲ့ ဘာတွေလုပ်ဖြစ်တယ်။" ဆိုပြီး စသဖြင့် တွေးရင် တစ်ယောက်ထဲ ပြုံးနေတတ်ကြတယ်။
ဆိုး၀ါးတဲ့ နေ့အကြောင်းတွေးမိပြန်တော့လဲ "ငါ အဲ့နေ့က ဘယ်လိုလုပ်ခဲ့ရမှာ။ ငါအတော်တစ်ကိုယ်ကောင်းဆန်ခဲ့မိတယ်။ သူက ဘယ်လိုလုပ်တယ်။ ဒီလိုဆိုကောင်းမှာ။" ဆိုပြီးစသဖြင့် တွေးရင် ၀မ်းနည်းလာသလိုလို၊ ဒေါသပြန်ထွက်သလိုလို တဖန် အစဖော်လာသလိုဖြစ်လာတတ်ပါတယ်။
ကျွန်တော်တို့ အတတ်နိုင်ဆုံးတော့ ကောင်းကောင်းဖြတ်သန်းခဲ့ကြပါတယ်။ ဆိုးတဲ့နေ့တွေရှိသလို ကောင်းတဲ့နေ့တွေလဲ ရှိပါတယ်။ ဖြစ်ပျက်ခဲ့တဲ့ အဖြစ်ပျက်တွေကို ကျွန်တော်တို့ ပြန်ပြင်လို့မရပါဘူး။ အဖြစ်ပျက်တွေထဲက အတွေ့အကြုံတွေကို သင်ခန်းစာအဖြစ်ယူတတ်ဖို့လိုပါတယ်။
ဘယ်လိုနေ့မျိုးဘဲ ကြုံရပါစေ နေ့ရက်တိုင်းဟာ ကျွန်တော်တို့ ကောင်းဖို့အတွက် ဖြစ်လာတာပါ။ အဆိုးဆုံးနေ့တွေက ရလိုက်တဲ့ သင်ခန်းစာတွေနဲ့ အကောင်းဆုံးနေ့တွေ ဖြစ်အောင် အတတ်နိုင်ဆုံး ဖန်တီးလိုက်ပါ။ "အကောင်းဆုံးနေ့တွေနဲ့ အဆိုးဆုံးနေ့တွေကြားမှာ ခံနိုင်ရည်ရှိရှိ ကျော်ဖြတ်နိုင်ဖို့လိုပါတယ်"
သာယာသော နေ့လေးဖြစ်ပါစေ✨
စာဖတ်သူလေးကို ကျေးဇူးတင်လျက်❤
28. 9. 2024. Sat (11:18 am)
ဂျူလီ (Asho)
Keep Reading