Tain Hlwar Nge
ဘဝမှာ နေပျော်ဖို့ အကောင်းဆုံးအချိန်က ဘယ်အချိန်လဲဆိုရင်
ဘာကိုမှ မမျှော်လင့်ဖြစ်တော့တဲ့နေ့ပဲ။
ကြိုးစားစရာ ရှိတာကြိုးစားတယ်
ဖြစ်မယ်လို့ ယုံကြည်တယ်
ဒါပေမဲ့ဘာဖြစ်ရစေ့ဆိုတဲ့အတ္တတွေမရှိတော့တဲ့အခါ
ဘဝဟာ အတော်အေးချမ်းလာတယ်။
ကိုယ်ကူညီနိုင်တာတွေ ကူညီတယ်
ကိုယ်ဖေးမနိုင်တာတွေ ဖေးမတယ်
ဒါပေမဲ့ကိုယ်ကူညီဖေးမလိုက်တဲ့ လူတစ်စုံတစ်ဦးဆီကနေ
ဘာပြန်ရ,ရပါစေဆိုတဲ့ မျှော်လင့်မှုတွေမရှိတော့တဲ့ခါ
ဘဝဟာ နေရတာ ပိုသက်သောင့်သက်သာရှိလာတယ်
ဒါကြောင့် ဘဝမှာ ဘယ်အချိန်ဟာ နေပျော်သလဲလို့မေးလာရင်
ပေးနိုင်၊ကူညီနိုင်တဲ့သူ(ငွေအားမဟုတ်တောင် အကြံဉာဏ်အား၊နှစ်သိမ့်မှုအား)အဖြစ် ရပ်တည်နိုင်တဲ့နေ့
အဲ့ဒီအတွက်လည်း အခြားတစ်ယောက်ဆီက ပြန်လာမယ့်
သိတတ်ကျေးဇူးတင်မှုတွေ မမျှော်လင့်တတ်တော့တဲ့နေ့ဟာ
နေလို့အကောင်းဆုံး၊ သက်သောင့်သက်အရှိဆုံးလို့ ထင်တယ်။
ခရမ်းရောင်
Keep Reading