Luminous Pai

1. ❝??????????❞ (စိတ်ဓာတ်ကျခြင်း)
ပြောရရင် Social Media သုံးရင်း စိတ်ဓာတ်ကျလာတာမျိုး။
လေ့လာမှူတွေအရ Depression (စိတ်ဓာတ်ကျခြင်း) က Social Media အသုံးပြုခြင်းနဲ့ ဆက်နွှယ်မှု ရှိပါတယ်။
Social Media အချိန်ကြာမြင့်စွာ သုံးစွဲခြင်းက ကျနော်တို့ရဲ့ Mood(စိတ်ခံစားချက်) အပေါ် မကောင်းတဲ့သက်ရောက်မှု(Negative effects)တွေ ဖြစ်ပေါ်စေပါတယ်။
Social Mediaမှာ လူတိုင်းက သူတို့ရဲ့အကောင်းဆုံး အခိုက်အတန့်တွေ၊ အကောင်းဆုံးဆိုတာတွေကိုပဲ ရွေးတင်တာဖြစ်ပြီး သင့်ကိုယ်ကိုသင် စိတ်ဓာတ်ကျခြင်းနဲ့ စိုးရိမ်ပူပန်ခြင်းတွေ ဖြစ်ပေါ်လာစေနိုင်ပါတယ်။
အကယ်၍ သင်က Social Media ကို တနေ့ အနည်းဆုံး နာရီပိုင်းလောက်ပဲ သုံးမယ်ဆိုရင် Social Addiction ရဲ့ပြဿနာတွေကို ကာကွယ်ပြီးသား ဖြစ်စေမှာပါ။
2. ❝???? ?? ???????? ?? ????? ??????????❞
(တခြားအရာတွေမှာ စိတ်ဝင်စားမှု အားနည်းခြင်း)
သူငယ်ချင်းတွေနဲ့ မိသားစုတွေကိုပဲ လျစ်လျူရှူမိ သွားတာ မဟုတ်ပါဘူး။
သင့် ဝါသနာပါတဲ့ အရာတွေပေါ်မှာပါစိတ်ဝင်စားမှု အားနည်းသွားတာပါ။
Social Media မှာပဲ ပိတ်မိပြီး တကယ့်လက်တွေ့မှာ ဘာမှ မလုပ်ဖြစ်ဘူးဆိုရင် သင့်အနေနဲ့ Social Media စွဲလမ်းနေတာသေချာပါတယ်။
Social Media စွဲလမ်းခြင်းက နည်းလမ်းမှန်ရင် အကျိုးအများပါတယ်။
တကယ်တော့ Social Media စွဲလမ်းခြင်းထက် Social Media မှာ သင် ဘယ်လိုလူမျိုးတွေကို Follow ထားလဲ၊ Friလုပ်ထားလဲ ဆိုတာက ပိုအရေးကြီးပါတယ်။
ကိုယ်ဝါသနာပါတဲ့အရာတွေ၊ ကိုယ်လေးစားရတဲ့သူတွေ၊ အောင်မြင်နေတဲ့သူတွေကို Follow ထားမယ်ဆိုရင် သင့်အနေနဲ့ တကယ်ကို ကောင်းမွန်တဲ့ Social Networking တခု တည်ဆောက်ထားနိုင်မှာဖြစ်ပြီး နေ့စဥ်နေ့တိုင်း စိတ်အားထက်သန်မှုရရှိနေမှာပဲ ဖြစ်ပါတယ်။
Social Media စွဲလမ်းခြင်းရဲ့ ဆိုးကျိုးတွေကို မျှဝေပေးသွားတာ ဖြစ်ပြီး သင့်အတွက် ဒီ Contentလေးက အကျိုးရှိတယ်ဆိုရင် Like and Share လေးနဲ့ သူငယ်ချင်းတွေကိုလဲ ဝေမျှပေးလို့ရပါတယ်ဗျ။(Last Part)
Part-1 မဖတ်ရသေးရင် ဒီမှာဖတ်ပါ။
https://www.facebook.com/share/p/QWd32JmFV9GZGiVJ/?mibextid=oFDknk
Part-2 မဖတ်ရသေးရင် ဒီမှာဖတ်ပါ။
https://www.facebook.com/share/p/GUCUayZE9mN3T4Se/?mibextid=oFDknk
?အမြဲသစ်နေတဲ့ Quality Content တွေနဲ့ အဆက်မပြတ်ရလေအောင် Telegram channel နဲ့ Website ကို Join ထားလို့ရပါတယ်ဗျ။
Telegram - https://t.me/luminouswithpai
Website - https://luminouswithpai.wordpress.com/blog/
Facebook - https://www.facebook.com/share/p/DtdpAj2vUo9tQexd/?mibextid=oFDknk
#luminouswithpai
#socialmedia
#Depression
Keep Reading