Author's Profile Photo

Tain Hlwar Nge

27/09/2024

ရင်ဖွင့်ဖော်မရှိလို့ စိတ်ညစ်နေတာလား?

1 min read
Life Style
Personal Development
General Knowledge
ရင်ဖွင့်ဖော်မရှိလို့ စိတ်ညစ်နေတာလား?'s photo

တစ်ခါတစ်လေ ကိုယ်ပြိုလဲနေပေမဲ့ အခြားသူတွေကို ကြိုးစားနှစ်သိမ့်ပေးခဲ့တဲ့ အချိန်တွေ တကယ်ရှိခဲ့သည့်တိုင်

ကိုယ်လိုအပ်ရင်တော့ နားထောင်ပေးမယ့် လူတစ်ဦးတစ်လေမှ မရှိတာဟာ စိတ်မကောင်းစရာပါတဲ့။

အင်း..ဟုတ်တာပေါ့။
ဒါဟာ စိတ်မကောင်းစရာလို့ ထင်ကောင်းထင်နိုင်တာပေါ့။

ဒါပေမဲ့ ဒါဟာ အခြားလူဘက်ကနေ ကိုယ်မပြိုလဲတတ်လို့ ဖြစ်မှာပါ၊ ကိုယ့်ကို Strong ဖြစ်တယ်လို့ မြင်တဲ့အမြင်လေ။

ဒါကို ငါက ဒီလိုကြီးခံစားနေရပါတယ်လို့ အလိုက်တသိမမေးဘဲလည်း ဇွတ်တိုးပြောမပြချင်တဲ့ အမျိုးသမီးလေး‌စိတ်ကို ကိုယ်နားလည်တာပေါ့ကွာ။

အဆင်မပြေမှုတွေရှိတဲ့အခါ ရင်ဖွင့်ရမယ့်သူမရှိလို့ ဝမ်းနည်းနေတယ်ဆိုရင်တော့ မဖြစ်ပါနဲ့အမျိုးသမီးလေးရေ။

ရင်ဖွင့်စရာမရှိလို့ မဖွင့်ဖြစ်ဘဲ ကိုယ်တိုင်ဖြေရှင်းပြီး
ပြေလည်ခဲ့တဲ့ ပြဿနာပေါင်းများစွာရှိတယ်မဟုတ်လား။

အခြေအနေတွေ ဒီလိုဖြစ်လာတာဟာ ကိုယ်တို့တွေကို ပိုသန်မာစေဖို့ပါ။


မွန်းကျပ်လွန်းတဲ့အခါ ဒိုင်ယာရီရေးပါ။

ပြီးရင် ပြဿနာကို အဖြေရှာပါ။

အကယ်၍ မဖြေရှင်းနိုင်လောက်တော့ဘူးထင်တာ သေချာရင်

ယုံကြည်ရတဲ့ အကြီးအကဲတစ်ယောက်နဲ့တိုင်ပင်ပါ။

ဥပမာ-မိဘ၊ဆရာ၊အစ်ကို၊အစ်မ တစ်ယောက်ယောက်ပေါ့

ကိုယ့်ကိုအားနည်းခွင့်ပေးမယ့် တစ်စုံတစ်ယောက်၊
ကိုယ့်အတွက်အမှန်တကယ်ရှိနေပေးမယ့်တစ်စုံတစ်ယောက်ဖြစ်ဖို့တော့လိုတာပေါ့။

ထမင်းစားရေသောက် တိုင်ပင်ရင်ဖွင့်ဖော်မရှိခဲ့လို့ပဲ

ဒီအမျိုးသမီးလေးက ပိုမိုသန်မာလာခဲ့တာမဟုတ်လား။

သူတို့အတွက် အရိပ်ဖြစ်ပေးနိုင်ပါစေ။

ကိုယ်တိုင်အတွက်လည်း ကိုယ်ဟာအပင်ကြီးဖြစ်နိုင်ပါစေ။

ခရမ်းရောင်

Keep Reading

အာရုံစူးစိုက်မှုစာစောင်နှစ်ဆယ့်ရှစ်-လက်ကျန်အချိန်တိုလေးဒေါင်လိုက်ဒရာမာ (Vertical Drama)ပါပီလွန်နှင့်ဗင်ဂို စာအုပ်ထဲက နိုးစက်စိတ်ဓာတ်ကျနေတဲ့အခါအချိန်ဆွဲတာကိုကုစားမယ် စိတ်ညစ်စရာကြားကဆေးတစ်ခွက်ရှောင်တာက ကြောက်ခြင်းမဟုတ်စာစောင်နှစ်ဆယ့်ကိုး-စိတ်ရောကိုယ်ပါပြုပြင်ပြောင်းလဲခြင်းစာစောင်သုံးဆယ့်ကိုး - အကြီးမားဆုံးဆုလာဘ်