Author's Profile Photo

ဟေသာ

26/09/2024

ကျွန်မ နားလည်ခဲ့သော ချစ်ခြင်းတရား....

1 min read
Life Style
Personal Development


စာရေးဆရာများ အမျိုးမျိုးသော လူများက အချစ်ကို အဓိပ္ပါယ် အမျိုးမျိုးဖွင့်ဆိုခဲ့ကြတယ်။ အဲ့လို ဖွင့်ဆိုလို့ရအောင်လည်း အချစ်ဆိုတာဟာ ခံယူတဲ့သူနဲ့ သူရရှိတဲ့ အပေါ်မူတည်ပီး အဓိပ္ပါယ်ကွဲသွားတာမျိုး ဖြစ်တယ်။

အချစ်မှာ - သနားချစ်၊ဂရုဏာချစ်၊သံယောဇဥ်ချစ်၊တဏှာချစ်၊မေတ္တာချစ်၊ပေးဆပ်ချစ်၊ရယူချစ်၊တစ်ဖက်သတ်ချစ် စသဖြင့် အနုစိတ်ကြည့်ရင် ခေါင်းစဥ်ကွဲ အများပြား ထွက်ပေါ်လာပါတယ်။

အချစ်က မီးနဲ့တူတယ် သူ့ကိုကောင်းကောင်း အသုံးပြုတတ်ရင် အကျိုးရှိပီး အသုံးမပြုတတ်ရင်တော့ ဘေးဖြစ်တတ်တယ်။အခုလို social media သုံးစွဲနေကြတဲ့ခေတ်မှာဆို ပိုဆိုးတာပေါ့။လူတွေဟာ ချစ်တာနဲ့ ကြိုက်တာကို မကွဲကြဘူး။သဘောကျတာနဲ့ ချစ်တာကို မခွဲခြားတတ်ကြဘူး။တခဏတာ သာယာမှု၊ရုပ်အဆင်းလှပမှု၊ငွေကြေးဥစ္စာ၊ဂုဏ်ရှိန်ဒြပ်တွေပေါ်မှာ နစ်မွန်းပီး ဆက်ဆံရေးတစ်ခုကို တည်ဆောက်လာကြတယ်။

အဲ့လို အချစ်မပါဘဲ တည်ဆောက်ထားတဲ့ ဆက်ဆံရေးမှာ နှစ်ဖက်လုံးက ကိုယ်ကျင့်တရားမကောင်း၊အကြင်နာတရားမရှိ၊စာနာစိတ်ခေါင်းပါးတဲ့ သူမျိုးတွေဆိုရင် အလွယ်တကူပဲ အဆုံးသတ်နိုင်ပါတယ်။ကိုယ့်ရဲ့လက်တွဲဖော် ဒုက္ခကြုံနေချိန်၊စိတ်အားငယ်နေချိန် အနားမှာ ရပ်တည်ပေးနိုင်တယ်ဆိုတာ အချစ်ရဲ့စွမ်းအားကြောင့်ပါ။

ဘယ်လိုချစ်ခြင်းမျိုးက အကောင်းဆုံးလဲဆိုရင် နှစ်ဦးနှစ်ဖက်လုံး နားလည်မှု ရှိရှိ ချစ်ခြင်းပဲလို့ ကျွန်မထင်မိပါတယ်။ တစ်ဦးထဲကပဲ ချစ်နေရပီး နောက်တစ်ဦးကမချစ်ရင်လည်း အဲ့အချစ်ဇာတ်လမ်းဟာ ပျော်စရာမကောင်းပဲ ဒဏ်ရာတွေနဲ့ ပြည့်နေမှာပါ။
ဟေသာသိတဲ့အချစ်ဆိုတာ လူစ်ယောက်ကို ပျော်ရွှင်စေချင်တာ၊သူပျော်နေတာလေး မြင်ရရင်ကို စိတ်ချမ်းသာတာ၊အခက်ခဲတွေကို အတူတူကျော်ဖြတ်ချင်တာ၊ကိုယ့်ရဲ့ ကိစ္စကြီးငယ်မှန်သမျှ ပြောပြချင်တာ၊သူအဆင်မပြေတဲ့အချိန် အနားမှာ ရှိနေပေးချင်တာ၊နွေးထွေးပီး အေးချမ်းတဲ့ ရပ်ဝန်းလေးအဖြစ် ရှိနေချင်တာ၊ထစ်ခနဲရှိ ရစ်မယ်၊ရန်ဖြစ်မယ်၊စိတ်ကောက်မယ် အဲ့လို အပူပင်တွေမပါပဲ အေးအေးချမ်းချမ်းလေးပဲ ချစ်မိချင်တာ။

ချစ်နေရတာဟာကောင်းပါတယ် ပိုင်ဆိုင်လိုစိတ် ဆိုတဲ့ အတ္တတွေသာ အရောင်မဆိုးခဲ့ရင်ပေါ့။လူတွေဟာ ကိုယ်ချစ်တဲ့သူကို ရယူချင်ကြတယ်၊ပိုင်ဆိုင်ချင်ကြတယ်၊သူများလက်ထဲအပါမခံနိုင်ကြဘူး။ကိုယ်ချစ်သလိုပြန်မချစ်ရင်၊ကိုယ်ပေးသလောက်ပြန်မရရင် ဝမ်းနည်းကြတယ်၊ဒေါသထွက်ကြတယ်။
အဲ့စိတ်တွေဝင်လာရင် ချစ်ခြင်းဟာမကောင်းတော့ဘူး မအေးချမ်းတော့ဘူး လူဟာ ပူပင်လာရတယ် စားလည်းဒီစိတ် အိပ်လည်း ဒီစိတ်ဖြစ်ပီး ပိုင်ဆိုင် လိုချင်တဲ့ အတ္တက အချစ်ကို အရောင်ဆိုးပီး ဒုက္ခပေးလာရင် အချစ်ဟာ အဆိပ်ဖြစ်သွားတယ်။အမုန်းအသွင်ပြောင်းလာတယ် နာကျင်မှု နာကြည်းမှုက တစ်ဆင့် ရန်သူ အဖြစ်ကို ကူးပြောင်းလာတတ်တယ်။
ဟေသာ ဘဝမှာ လူတစ်ယောက်ကို မြတ်မြတ်နိုးနိုး ချစ်ခဲ့ဖူးတယ်။ သူများတွေပြောသလို အချစ်ဦးမို့ ရူးတာလည်းပါမှာပေါ့။ အဲ့ဒီချစ်ခြင်းကနေ ဟေသာသိလိုက်တာကတော့
အချစ်ဆိုတာ လူတိုင်းနဲ့ မကင်းပေမဲ့ ကိုယ့်ကိုယ်ကိုထက်ပိုပီး တစိမ်းတစ်ယောက်ကို ပိုမချစ်တာ အကောင်းဆုံးပါ။ ဘသူက ကိုယ့်ကိုဘယ်လောက်ချစ်ချစ် ကိုယ်က သူများကို ဘယ်လောက်ချစ်ချစ် ကိုယ့်ကိုယ်ကိုမချစ် ကိုယ့်တန်ဖိုး ကိုယ်မသိရင် အချစ်ခံရခြင်း၊တန်ဖိုးထားခံရခြင်းနဲ့ ေဝးကွာလာတတ်ပါတယ်။ ကိုယ့်တန်ဖိုးကို သိရှိနိုင်ကြပါစေ။

•••^ ^••• haytha


Keep Reading

အာရုံစူးစိုက်မှုစာစောင်နှစ်ဆယ့်ရှစ်-လက်ကျန်အချိန်တိုလေးဒေါင်လိုက်ဒရာမာ (Vertical Drama)ပါပီလွန်နှင့်ဗင်ဂို စာအုပ်ထဲက နိုးစက်စိတ်ဓာတ်ကျနေတဲ့အခါအချိန်ဆွဲတာကိုကုစားမယ် စိတ်ညစ်စရာကြားကဆေးတစ်ခွက်ရှောင်တာက ကြောက်ခြင်းမဟုတ်စာစောင်နှစ်ဆယ့်ကိုး-စိတ်ရောကိုယ်ပါပြုပြင်ပြောင်းလဲခြင်းစာစောင်သုံးဆယ့်ကိုး - အကြီးမားဆုံးဆုလာဘ်