Author's Profile Photo

Nuu Yee(နုရီ)

26/09/2024

To young teenagers

2 mins read
Art
18 Again
To young teenagers's photo


"ဆယ်ကျော်သက်လူငယ်များဆီသို့"

ဒီဆောင်းပါးကိုရေးရတဲ့ အဓိကရည်ရွယ်ချက်ကတော့ ဆယ်ကျော်သက်လူငယ်တွေမှာ ဖြစ်လေ့ဖြစ်ထရှိတဲ့ ပြဿနာတွေနဲ့ စိတ်ခံစားမှုနောက်ကို လိုက်ပြီး လမ်းမှားမရောက်စေဖို့ဖြစ်ပါတယ်။

ဆယ်ကျော်သက်လူငယ်တွေဟာ များသောအားဖြင့် စိတ်ခံစားလွယ်တတ်ကြပါတယ်။ တစ်ခုခုဆိုလည်း လက်တွေ့ကျကျ စူးစမ်းချင်ကြပါတယ်။ စူးစမ်းချင်တာကောင်းပါတယ်၊ ဒါပေမဲ့ နေရာတကာ စူးစမ်းတာမျိုးက မကောင်းပါဘူး။ စူးစမ်းသင့်တဲ့အကြောင်းရာ မစူးစမ်းသင့်တဲ့အကြောင်းအရာဆိုတာလဲရှိပါတယ်။

တော်တော်များများက ကောင်းတာနဲ့ ဆိုးတာ မခွဲခြားတတ်တာမဟုတ်ဘူး၊ မခွဲခြားချင်ကြဘဲ စိတ်ကို အလိုလိုက်ပြီး မမှားသင့်တဲ့အမှားမျိုး လုပ်မိကြပြီး ရည်မှန်းချက်တွေ ပျောက်ဆုံးပြီး အခက်တွေ့ကြရတာပဲ ဖြစ်ပါတယ်။

"စာ‌‌ပေအကြောင်း"

ကျွန်မအနေနဲ့ အရင်ဆုံး ပြောချင်တာကတော့ စာ‌ပေအကြောင်းပါ။ စာဆိုတိုင်း မကောင်းပါဘူး။ ကောင်းတဲ့စာပေ၊ မကောင်းတဲ့စာပေဆိုတာရှိပါတယ်။ ဘာကြောင့် ဒီလိုပြောလဲဆိုတော့ ကျွန်မလည်း တစ်ချိန်က စာပေအဆိပ်သင့်ဖူးတဲ့ ကောင်မလေးတစ်ယောက်ဖြစ်ခဲ့ဖူးပါတယ်။စာပေအဆိပ့်သင့်တယ်ဆိုတာ လိင်အသားပေးကိစ္စတွေကို အဓိကရေးတဲ့စာတွေလဲရှိတယ် စိတ်ကူးယဉ်ဆန်ဆန် ကမ်းမမြင်လမ်းမမြင်ရေးသားထားတဲ့စာတွေပေါ့ ။ဆယ်ကျော်သက်အရွယ်တွေရဲ့စိတ်နေစိတ်ထားက အင်မတန်မှနူးညံ့ပြီးထိလွယ်ရှလွယ် အရောင်စွန်းလွယ်ကြတာကြောင့် မဖတ်သင့်တာတွေဖတ်ပီး အတွေးအမြင်မှားတွေ ဝင်တတ်ကြပါတယ်။ဒါကြောင့်စာပေအဆိပိ့သင့်တယ်ဆိုတာ အင်မတန်မှ ကြောက်စရာကောင်းလှပါတယ်။

ကျွန်မငယ်ငယ်က စာဖတ်ဖို့ကို လူကြီးတွေရဲ့ ဖိအားပေးမှုကို အမြဲခံရပါတယ်။ ကျောင်းစာပြီးရင် တစ်ခြားစာပေတစ်ခုခုပေါ့။ ဘာစာပေမျိုးဖတ်မှဆိုပြီး ကန့်သန့်ထားတာမျိုးမရှိတော့ အဲ့ချိန်တုန်းက ကိုယ်တိုင်က အလယ်တန်းအရွယ်ပဲရှိသေးတော့ ကာတွန်းစာအုပ်တွေပဲ ရွေးဖတ်ဖြစ်တာများပါတယ်။ ဒီလိုနဲ့ တဖြည်းဖြည်းအထက်တန်းကျောင်းသူတစ်ယောက်ဖြစ်လာတော့ သူငယ်ချင်းတွေဆီကနေ အချစ်ဝတ္ထုတွေငှားပြီးဖတ်ဖြစ်လာတယ်။ ပြဿနာက အဲ့မှာစတာပါပဲ။

ခေတ်နဲ့အညီ တိုးတက်ပြောင်းလဲနေတော့ စာပေတွေကို အရင်ကလို စာအုပ်ဆိုင်တွေမှာ မဟုတ်ပဲ online ကနေလိုသလိုရှာဖတ်လို့ရနေပြီလေ။ တစ်နေ့တော့ social သုံးနေရင်း ဝတ္ထုတစ်ပုဒ် ဖတ်ဖြစ်လိုက်တယ်။ အထဲက ကောင်လေးနဲ့ ကောင်မလေးက အင်မတန်ကြည်နူးပြီး ကောင်လေးကလည်း စမတ်ကျ၊ ကောင်မလေးကချောချောလေးနဲ့ ကြည်နူးစရာ အချစ်ဝတ္ထုတစ်ခုပါ။

ဒီလိုနဲ့ပဲ ကျွန်မကိုယ်တိုင်ကလည်း လက်တည့်စမ်းချင်လာတယ်။ "ငါသာ အဲ့မင်းသမီးနေရာမှာဆိုရင် ဘယ်လောက်ကောင်းမလဲ" အတွေးနဲ့ ရည်းစားထားချင်လာတယ်။ "ဝ"ပေါ်"ဝိ"ပေါ်ပင်လုပ်ပြီး လိုင်းပေါ်ကိုတင် ဈေးဗန်းတွေရှယ်ပလန်နဲ့ခင်းပြီး အဲ့လိုနဲ့ တစ်နေ့တစ်နေ့ အချစ်ဝတ္ထုတွေဖတ်ပြီး စိတ်ကူးယဉ်ပြီးတော့ပဲ တစ်နေ့တစ်နေ့ကုန်ဆုံးလာခဲ့တာပါပဲ့။ အိမ်ကလူကြီးတွေပြောစကားကို နားမဝင်တော့ဘူး၊ စိတ်ခံစားမှုအနောက်ကိုလိုက်ပြီး ရည်းစားထားခဲ့တယ်။ အစပိုင်းမှာတော့ အစစအရာရာကြည်နူးဖို့ကောင်းပေမဲ့ အနှောင်းပိုင်းမှာ အထင်နဲ့အမြင်ဟာ လွဲခဲ့ပါတယ်။ အဲ့စိတ်ခံစားမှုတွေနဲ့ပဲ တစ်နေ့တစ်နေ့လွမ်းဆွေးပြီး ကျောင်းစာတွေလည်း မလုပ်နိုင်ပဲ စာမေးပွဲကျခဲ့တယ်။ ကိုယ့်အတွက် အပင်ပန်းဆုံးအခြေနေတစ်ခုဆိုလည်း မမှားပါဘူး။

အဲ့အချိန်ကျမှ နောင်တတွေတစ်ပုံကြီးနဲ့ဖြစ်လာခဲ့ပါတယ်။ တစ်နှစ်စာ အချိန်ဆိုတာကလည်း နည်းမှမနည်းပဲ၊ စာမေးပွဲကပြီး စိတ်အလိုလိုက်ပြီးထင်ရာပဲလုပ်လာရင်း တစ်နှစ်တာအချိန်ကို အရှုံးတွေနဲ့ကုန်ဆုံးလိုက်ရတာပေါ့ကွယ်။

"အကြီးမားဆုံးပြဿနာ"

အကြီးမားဆုံးပြဿနာနှစ်ခုကတော့ "စိတ်ကူးယဉ်နဲ့ လက်တွေ့ဟာ တစ်ထပ်တည်းမကျကြောင်း" နဲ့ "ကိုယ့်ကိုယ်ကိုယ် မချစ်တတ်သေးပဲ သူများချစ်တာ မခံချင်သင့်ကြောင်း" ပါပဲ။ ဒါပေမဲ့ ကျွန်မကံကောင်းခဲ့တယ်ပြောရမယ်။ကျွန်မအမှားတွေလုပ်မိခဲ့ပေမဲ့ ပြန်ပြင်လို့မရတဲ့အမှားမျိုး ကျွန်မ မလုပ်မိခဲ့ပါဘူး။ ဆရာမတစ်ယောက်နဲ့ တွေ့ပြီး စာပေဆိုတိုင်း ဖတ်သင့်မဖတ်သင့်တဲ့စာပေရှိကြောင်း၊ စာအုပ်ထဲကအတိုင်း မဟုတ်ဘဲ တစ်ကယ့်လက်တွေ့မှာ ဘယ်လောက်ခက်ခဲပြီး စိတ်ကူးယဉ်မဆန်သလဲဆိုတာကို ကောင်းကောင်းသိလာခဲ့ပါတယ်။ သူ့ဆီကနေစာအုပ်ကောင်းတွေယူဖတ်မိတော့ ကိုယ့်ကိုယ်ကိုယ် အရင်မချစ်ဘဲ သူများချစ်တာ မခံသင့်ဘူးဆိုတာနဲ့ ဘဝမှာ ကိုယ်ဖြစ်ချင်သလို ဖြစ်လာတဲ့အခိုက်အတန့်ဟာ အလွန်နည်းပါပြီး ဘယ်အရာမဆို အများကြီးမျှော်လင့်မထားသင့်ကြောင်းကို ထပ်ဆင့်သေချာသိလာခဲ့ရပါတယ်။

ဒါပေမဲ့ ကျွန်မလိုမျိုး တစ်ချို့လူငယ်တွေကျတော့ ခနတာစိတ်ခံစားမှုကို တစ်ဘဝစာသာယာမယ်အထင်ပီး ခေါင်းစဉ်အမျိုးမျိုး
တပ်ကြရင်းနဲ့ ပြန်ပြင်လို့မရတဲ့အမှားမျိုး မှားပြီး ဘဝကိုအဆုံးသတ်လိုက်ရတာမျိုးရှိပါတယ်။ဒီပြဿနာဟာလည်း ဆယ်ကျော်သက်လူငယ်တော်တော်များများ ကျရောက်တဲ့ပြဿနာလို့ မြင်မိတာကြောင့် စာပေဆိုတိုင်းလည်း ကောင်းတဲ့စာပေ၊ မကောင်းတဲ့စာပေရှိကြောင်းနဲ့ နေရာတိုင်းမှာ တန်ဆေးလွန်ဘေးဆိုတဲ့အတိုင်း social media ဆိုတာကလည်း သုံးတတ်ရင်ကောင်းကျိုး၊ မသုံးတတ်ရင် ဆိုးကျိုးတွေအများကြီးရှိကြောင်းကို အဓိကပြောချင်လို့ ဒီဆောင်းပါးကို ဆယ်ကျော်သက်ညီငယ် ညီမငယ်လေးတို့အတွက် ရေးသားလိုက်ခြင်းဖြစ်ပါတယ်။

ဒီဆောင်းပါးကို ဖတ်ပြီးတော့ ဘဝမှာ စိတ်ရဲ့သာယာမှုအနောက်ကိုမလိုက်သင့်ကြောင်း စာပေမဟုတ်တဲ့စာပေတွေဖတ်ပီး  မဟုတ်တဲ့အတွေးအခေါ်တွေ မတွေးမိစေဖို့နဲ့ စိတ်အလိုမလိုက်ပဲ ဘယ်ဟာမှားမှန် ခွဲခြားနေထိုင်ဖို့ သင်ခန်းစာတွေရလိမ့်မယ်လို့ မျှော်လင့်ပါတယ်။ လူတိုင်းဟာမှားတတ်ကြပေမဲ့ ပြန်ပြင်လို့မရတဲ့အမှားမျိုး မမှားမိစေဖို့ အဓိကတိုက်တွန်းချင်ပါတယ် ဆယ်ကျော်သက်လေးတို့ရေ။



9.26.2024

Nu Yee(နုရီ)??

Keep Reading

မိုင်နိမ်းအစ် ( စ် ) ဂျော့ ( အခန်းဆက်ဝတ္တုရှည်)မျက်နှာကို တော်တော်တည် ထားသည်How To Train Your Dragon (2025) Spoiler Free Movie ReviewElio (2025) Spoiler Free Movie Reviewလွင့်မျောနှင်းစက်များအနုပညာ ဟန် တစ်ခု ခိုင်ခိုင်မာမာနောက်လိုက်လျှောက်သူ ရှိမြဲ။ ( Trends အကြောင်း )ကိုဝင်းဦးသို့ အလွမ်းပြေပေးစာ❝ဈေးရောင်းခြင်း အနုပညာ❞"အချစ်ဦး"တဲ့လွမ်းသမျှ စာတင်