Hazel

ဒီစကားလေးက ဆယ်ကျော်သက်တွေကြားမှာလည်း တော်တော်လေး ရေပန်းစားပါတယ်။
တစ်ယောက်ယောက်ကို ချစ်မိ၊ သံယောဇဉ်တွယ်မိပြီးခါမှ မျှော်လင့်ထားသလို ဖြစ်မလာတာကို ရည်ညွှန်းပြီး ပြောကြတာပါ။
ဒီစကားလေးက ဗုဒ္ဓရဲ့ အဆုံးအမတစ်ခု ဖြစ်သလို တကယ့် လက်တွေ့ဘဝမှာလည်း မှတ်သားစရာပါပဲ။
တွယ်ငြိမိရင် ဘာကြောင့် ဆုံးရှုံးရသလဲ?
ကျွန်မတို့ လူသားတွေက သက်ရှိအချင်းချင်းပေါ်မှာတင် မဟုတ်ဘဲ သက်မဲ့ပစ္စည်းတွေပေါ်မှာလည်း တွယ်ငြိတတ်ကြပါတယ်။ မိသားစုဝင်တွေ၊ သူငယ်ချင်းတွေနဲ့ လုပ်ဖော်ကိုင်ဖက် မိတ်ဆွေတွေအပေါ်မှာ သံယောဇဉ်တွယ်ကြတယ်။
ကိုယ်ဝါသနာပါတဲ့ အလုပ်ကိုလည်း သံယောဇဉ်တွယ်တယ်၊ ဘာမဟုတ်တဲ့ သက်မဲ့ပစ္စည်းတွေပေါ်မှာလည်း သံယောဇဉ်တွယ်ပြီး အမြတ်တနိုးသိမ်းဆည်းထားတတ်ကြတယ်။
အဲ့ဒီလို သံယောဇဉ်တွယ်တာရဲ့ နောက်ကွယ်မှာ ဘာပါသလဲဆိုရင် မျှော်လင့်ချက်တွေ ပါပါတယ်။ စေ့စေ့တွေးရင် ရေးရေးပေါ်တယ်ဆိုတာ ဒီနေရာမှာ တကယ်အသုံးကျပါတယ်။ ဘယ်ကိုမှအဝေးကြီးမတွေးဘဲ ကိုယ့်ကိုယ်ကို ပြန်ဆန်းစစ်ရင်တောင် အဖြေက ပေါ်နေပြီ။
စစချင်းမှာ သံယောဇဉ်ဖြစ်မိတယ်၊ နောက်တော့ မျှော်လင့်ချက်တွေရှိလာတယ်၊ ကိုယ်မျှော်လင့်ထားသလိုဖြစ်ရင် ပျော်တယ်၊ ဖြစ်မလာတဲ့ခါ ဝမ်းနည်းတယ်၊ နာကျင်ရတယ်၊ ပျော်ရွှင်မှုတွေကလည်း ပျောက်ဆုံးကုန်တယ်။
ဒါကြောင့် မြတ်ဗုဒ္ဓက "Let go of attachment and you will be at peace" လို့ ဆုံးမတော်မူခဲ့ပါတယ်။ တွယ်ငြိရင် ဆုံးရှုံးတတ်တယ်၊ ဆုံးရှုံးရင် ပူပန်ရတယ်။ ဘာကိုမှ တွယ်တာမနေတဲ့အခါ ဆုံးရှုံးစရာဆိုတာလည်း ဘာမှမရှိတော့ပါဘူး။
ကိုယ့်ရဲ့ စိတ်အစဉ်ဟာ ငြိမ်းအေးလာတယ်၊ ဘဝမှာ ရှင်သန်ရတာလည်း အရင်ကထက်ပိုပြီး အဓိပ္ပါယ်ရှိလာတယ်။ မြတ်စွာဘုရားရဲ့ အဆုံးအမတွေက နိဗ္ဗာန်ရောက်ကြောင်းတွေတင်မကပါဘူး။ ဘဝရဲ့ နေနည်းထိုင်နည်းတွေလည်း ပါပါတယ်။
ယူတတ်တဲ့သူကတော့ ယူတတ်သလို ရနိုင်ပါတယ်။
#myhopecontent
#buddha
#knowledgesharing
Keep Reading