Author's Profile Photo

AJ

26/09/2024

မေတ္တာတရားဖြင့် မျှဝေခြင်း

1 min read
Life Style
General Knowledge
18 Again
မေတ္တာတရားဖြင့် မျှဝေခြင်း's photo


ကျွန်မတို့အနေနဲ့ ကြီးမားတဲ့အရာတွေကိုမလုပ်နိုင်ပါဘူး ဒါပေမဲ့သေးငယ်တဲ့အရာတွေကိုတော့ကြီးမားတဲ့နှလုံးသားနဲ့ပြုလုပ်လ်ို့ရပါတယ်။
ဒီစကားကိုပြောခဲ့တဲ့သူကတော့ မေတ္တာဂရုဏာရှင်မကြီး Mother Teresa ဖြစ်ပါတယ်။

Mother Teresa ဟာ ဆင်းရဲသားတွေ ၊မိဘမဲ့ခလေးတွေ ၊HIV AIDS နဲ့ အနာကြီးရောဂါသည်တွေကိုကူညီစောင့်ရှောက်ပေးရန်အတွက် သီလရှင်ဘဝကိုစွန့်လွှတ်ပြီး လူမှုကူညီရေးအသင်းကိုတည်ထောင်ကာ လူမှုရေးဆိုင်ရာလုပ်ငန်းများကိုပြုလုပ်ခဲ့ပါသည်။

သူမသည် 1979မှာ Novel Prize ကိုရခဲ့ပါတယ်။
Novel Prize ကရတဲ့ဆုကြေးငွေအားလုံးကိုလည်း ကိုယ်ကျိုးအတွက်တစ်ပြားမှမသုံးဘဲ အကုန်လုံးကို အဆင်မပြေတဲ့သူတွေအတွက်ကူညီဖို့အတွက်သုံးခဲ့ပါတယ်။ 
ဒါကြောင့်လည်း ဂရုဏာမေတ္တာရှင်မကြီး Mother Teresa လို့သမိုင်းမှာနာမည်တွင်ကျယ်ခဲ့တာဖြစ်တယ်။

Mother Teresa ပြောခဲ့သလိုဘဲ ကြီးမားတဲ့အရာတွေမလုပ်နိုင်ရင်တောင် သေးငယ်တဲ့အရာတွေကိုကြီးမားတဲ့နှလုံးသားနဲ့ပြုလုပ်လ်ို့ရပါတယ်။ ကျွန်တော့်တို့အနေနဲ့အခုလ်ိုမျိုးသဘာဝဘေးအန္တရယ်ကြုံတွေ့ရတဲ့အခါမျိုးမှာလည်း ကိုယ့်အနေနဲ့အများကြီးမလှူနိုင်တောင် လူအား ၊ ကိုယ်တတ်နိုင်သလောက်ငွေကြေးအထောက်အပံ့ ၊ အဝတ်အစား၊အသုံးအဆောင် စသည်တို့ကို ကိုယ်တတ်နိုင်သလောက်ကူညီမျှဝေပေးသင့်ပါတယ်။ 

ကူညီမျှဝေတဲ့နေရာမှာလည်း ကိုယ့်ရဲ့မကောင်းတော့တဲ့အသုံးအဆောင်တွေ စုတ်ပြဲနေတဲ့အဝတ်အစားတွေကို မလှူတန်းသင့်ဘူး ကိုယ့်အနေနဲ့လည်းမလုပ်သင့်သလ်ိုသူ့အတွက်လည်းအကျိုးမရှိဘူး ။ 
သူ့တစ်ဖက်သားကိုကူညီတဲ့နေရာမှာလည်း မေတ္တာဓာတ်လေးထည့်ပြီး ကူညီဆောင်ရွက်ပေးသင့်ပါတယ်။

တစ်ယောက်ကိုတစ်ယောက်မေတ္တာစိတ်ဖြင့် ဖေးမကူညီသွားမယ် မျှဝေသွားမယ်ဆိုရင်တော့ကျွန်တော့်တို့ပတ်ဝန်းကျင်ကလှပနေမှာအမှန်ပါ။

Keep Reading

စာစောင်နှစ်ဆယ့်ရှစ်-လက်ကျန်အချိန်တိုလေးပျော်စရာနေ့ဆင်းရဲသားလေး ဂျက်လန်ဒန်ရှင်သန်ခြင်းရဲ့ အဓိပ္ပါယ်မရိုးတရိုးရန်ကုန်မိုးကမ္ဘာ့နိုင်ငံရေးဆိုင်ရာအတွေးခေါ်များ (မြင့်စိုးလှိုင်)❝ မသိမှု ဝတ်ရုံကြီး ❞လီယိုတော်စတွိုင်းနှင့် ဘူတာရုံပြသနာစာစောင်နှစ်ဆယ့်ကိုး-စိတ်ရောကိုယ်ပါပြုပြင်ပြောင်းလဲခြင်း