Shoon Lei
လောကကြီးမှာ လူတွေ တွေ့ဆုံတယ်၊ ကွဲကွာတယ်။ တချို့ကတော့ ဘဝရဲ့ အချိုးအကွေ့တစ်ခုမှာ ပြန်ဆုံနိုင်တယ်။ တချို့ကတော့ Tangent မျဥ်းတွေလိုပဲ။ ဘဝမှာ တစ်ခါပဲဆုံပြီးနောက် ထပ်မတေတွေ့ကြတော့ဘူး။
လမ်းခွဲတယ်ဆိုတာမျိုးက အချစ်ဆုံးသူငယ်ချင်းနဲ့ အပေါင်းအသင်း ပျက်သွားတာမျိုးလည်း ဖြစ်နိုင်တယ်။ ချစ်သူနဲ့ လမ်းခွဲတာလည်းဖြစ်နိုင်တယ်။
ဘယ်လို ဆက်ဆံရေးပဲ ဖြစ်ပါစေ
လမ်းခွဲတဲ့အခါ အမုန်းတွေမပါသွားဖို့ အရေးကြီးပါတယ်။ ကိုယ့်ဘက်က မကျေနပ်ဖြစ်၊ အမုန်းတွေထားနေတာ ကိုယ့်မီးကိုယ်ရှို့တာနဲ့ အတူတူပါပဲ။
ကျွန်တော် မကြာခင်က ချစ်သူနဲ့ လမ်းခွဲလိုက်ပါတယ်။
အစကတော့ စိတ်ထဲမှာ ဘဝင်မကျတွေဖြစ်၊ ငါဘာမှားသွားလဲ တွေးရင်း ပူလောင်လိုက်တာဆိုတာ။
ဒါပေမဲ့ နောက်ပိုင်း စိတ်ကိုသေချာလေး တည်ငြိမ်အောင် လုပ်ပြီး စဥ်းစားကြည့်လိုက်တော့
ထွက်သွားတဲ့သူကို အမုန်းတွေထား၊ အတိတ်တွေပြန်တွေးနေတာထက် သူ့ကောင်းကွက်လေးတွေ ပြန်စဥ်းစားလိုက်တယ်။
သူဝတ်ထားတဲ့ ဆွယ်တာလေးကြိုက်တယ် ပြောတုန်းက မတုံ့မဆိုင်း ချွတ်ပေးခဲ့တာ
ဗိုက်ဆာနေရင် မုန့်မှာပေးတတ်တာ
နေမကောင်းရင် ဆေးဝယ်ပေးတာ
အဲ့လို အဲ့လို ကောင်းကွက်တွေပြန်စဥ်းစားရင်း
ငါ့ဘဝမှာ ဒီလို လူတစ်ယောက်ကို ငါပိုင်ဆိုင်ဖူးပါလား လို့ တွေးမိရင်း ရင်ထဲမှာ သိမ်းထားလိုက်တယ်။
Heavy သိမ်းတာမဟုတ်ဘဲ နှလုံးသားရဲ့ ထောင့်လေးမှာပဲ။
Tangent မျဥ်းတွေလို မဟုတ်ဘဲ ပြန်ဆုံနိုင်မယ်ဆိုရင် ကျွန်တော်ကပဲ အရင် ပေါ့ပေါ့ပါးပါး ပြုံးပြချင်ပါသေးတယ်။ ။
Keep Reading