Emilia
? စာဖတ်ဝါသနာပါသူတွေအတွက်ကတော့ စာအုပ်လက်ဆောင်ရတယ်ဆိုတာ ဖော်မပြတတ်အောင် ပျော်ရွှင်ရတဲ့ ပျော်ရွှင်မှုမျိုးပါ ။
? သင့်မိတ်ဆွေအပေါင်းအသင်းတွေထဲမှာ သင့်ကို စာအုပ်လက်ဆောင်ပေးတတ်တဲ့ သူမျိုးရှိခဲ့မယ်ဆိုရင် သင့်ကိုယ်သင်ဂုဏ်ယူလိုက်ပါ ။
? သူတို့ဟာ သင့်ကိုဒီထက်ပိုပြီး တိုးတက်ကောင်းမွန်စေခြင်တဲ့စိတ် ၊ သိမ်မွေ့စေလိုစိတ် ၊ ကျန်းမာစေလိုစိတ်ရှိပြီး သင့်ကို တရင်တနှီး အလေးထားပေါင်းသင်းဆက်ဆံတယ်ဆိုတာ ထင်ရှားလို့ပါပဲ ။
? သင့်အနေနဲ့ လက်ဆောင်ရတဲ့စာအုပ်မှန်သမျှကိုလဲ ဖတ်ဖို့မမေ့ပါနဲ့ ။ သေချာဂရုတစိုက်ဖတ်ပြီး စာအုပ် လက်ဆောင်ပေးသူရဲ့ ပေးချင်တဲ့ Message နဲ့ သဘောထားကိုလဲ နားလည်နိုင်အောင်ကြိုးစားသင့်ပါတယ် ။
? သင့်ကိုလက်ဆောင်ပေးတဲ့ စာအုပ်ပါအကြောင်းအရာများကိုလဲ လက်ဆောင်ပေးသူနှင့်အပြန်အလှန်ဆွေးနွေး ပြောဆိုကြခြင်းဖြင့် သင်တို့နှစ်ဦးရဲ့ချစ်ခင်ရင်နှီးမှု ၊ ယုံကြည်မှုတွေလဲ တိုးလာနိုင်ပါတယ် ။
? သင်ဖတ်ဖူးသမျှထူးခြားကောင်းမွန်တဲ့ စာအုပ်ကောင်းတွေကိုလဲ ကိုယ်ခင်မင်ရင်းနှီးရတဲ့ မိတ်ဆွေအပေါင်း အသင်းများကို မျှဝေဖို့မမေ့ပါနဲ့ ။
? သင်ကိုယ်တိုင်ကလဲ သင့်မိတ်ဆွေတွေကို စာအုပ်လက်ဆောင်ပေးတာမျိုးပြုလုပ်ကြည့်ပါ ။ သင့်ပတ်ဝန်းကျင် က မိတ်ဆွေအပေါင်းအသင်းများကိုလဲ ဒီအလေ့အထလေးပြုလုပ်ကြည့်ဖို့ ဆွဲဆောင်တွန်းအားပေးကြည့်ပါ ။
? ဒီလိုအလေ့အထလေးလုပ်ပေးခြင်းဖြင့် သင်နှင့်အတူသင်ပတ်ဝန်းကျင်တခုလုံးပါ တိုးတက်ကောင်းမွန်ခြင်း လမ်းစပေါ် ဖြည်းဖြည်းခြင်းရောက်စေပြီး စဉ်ဆက်မပြတ်သင်ယူလိုစိတ်ရှိတဲ့ ဝန်းကျင်တခုဖြစ်လာပါလိမ့်မယ် ။
? စာဖတ်ခြင်းဟာ သင့်ရဲ့မှတ်ဥာဏ်ကိုတိုးတက်စေပြီးတော့ သင့်ဦးနှောက်ရဲ့ လုပ်ဆောင်မှုများကို ပိုမိုကောင်း မွန်လာအောင်လုပ်ဆောင်ပေးနိုင်ပါတယ် ။ အာရုံစူးစိုက်မှုအားကိုလည်း ပိုကောင်းစေနိုင်ပါတယ် ။
? ထို့အပြင် သင့်ရဲ့တကိုယ်ရည်ဖွံ့ဖြိုးတိုးတက်မှု ၊ စိတ်ဓာတ်ခွန်အား ၊ တီထွင်ဖန်တီးနိုင်မှုနဲ့ စဉ်းစားချင့်ချိန် တွေးခေါ်နိုင်မှုစတဲ့ ခံစားမှုအသစ်တွေ ၊ အတွေ့အကြုံအသစ်တွေကို ရရှိစေနိုင်ပါတယ် ။
? ဒါကြောင့် သင်နှင့်အတူ သင့်ပတ်ဝန်းကျင်ကိုပါ ဖွံ့ဖြိုးတိုးတက်ကောင်းမွန်လာအောင် စာအုပ်ဖတ်ဖို့တွန်းအား ပေးရင်းဖြင့် စာအုပ်လက်ဆောင်ပေးခြင်းအလေ့အထကို ပြုလုပ်ကြဖို့ တိုက်တွန်းလိုက်ပါရစေ ....
(မိမိအား စာအုပ်လက်ဆောင်ပေးပါသော ဆရာသမားများ ၊ လုပ်ဖော်ကိုင်ဖက်များ၊ မိတ်ဆွေသူငယ်ချင်းများ အားလုံးအား ယခု Post ကိုရေးရင်းဖြင့် ထပ်ပြီးကျေးဇူးတင်လိုက်ပါရစေ)
~ Emilia ~
18.7.2020
Keep Reading