Author's Profile Photo

Kyi Nue (ကြည်နူး)

26/09/2024

စာဖတ်ကြမယ်

1 min read
Life Style
General Knowledge
18 Again
စာဖတ်ကြမယ်'s photo


လူမှုပေါင်းသင်းဆက်ဆံရေးဟာ လူနေမှုအသိုင်းအဝိုင်းမှာအရေးကြီးတဲ့ အချက်ဖြစ်ပါတယ်။ဒါ့ကြောင့်"အလိမ္မာ စာမှာရှိ" ၊ "စာအုပ်စာပေ လူ့မိတ်ဆွေ" လို့ဆိုကြပါတယ်။

ကဲ ဒါဆိုစာဖတ်ခြင်းက ဘာ့ကြောင့်အရေးကြီးသလဲလို့မေးလာရင်
စာဖတ်ရာမှာ ဗဟုသုတတိုးပွားဖို့ နဲ့ အတွေးခေါ်ရင့်သန်စေဖို့ဆိုတဲ့ ရည်ရွယ်ချက် (၂)မျိုးရှိပါတယ်။ပညာဗဟုသုတမရှိရင် ကိုယ့်ရဲ့သက်ဆိုင်ရာလုပ်ငန်းကို တိုးတက်ကောင်းမွန်အောင်လုပ်နိုင်ဖို့ခဲယဉ်းပေလိမ့်မယ်။စိတ်ကူးဉာဏ် အတွေးအခေါ်ရင့်သန်ခြင်း မရှိရင်လည်းလူ့လောကမှာ တိုးတက်ဖို့ခဲယဉ်းပေလိမ့်မယ်။
စာဖတ်ခြင်းဟာ လူတိုင်းအတွက်‌အရေးပါတဲ့ အလေ့အထတစ်ခုပါ။ဒီအလေ့အထက အသိပညာတွေကို တိုးတက်စေပြီး လူတိုင်းရဲ့ဘဝကိုပိုပြီးအကျိုးရှိစေပါတယ်။

စာဖတ်ခြင်းရဲ့ အကျိုးကျေးဇူးတွေကို အချက်(၈) ချက်နဲ့တင်ပြပေးချင်ပါတယ်။

(၁)ဗဟုသုတကြွယ်၀ခြင်း
စာဖတ်သူတွေက သူများထက်မသိတာ မရှိဖြစ်ပြီး ကိစ္စတိုင်းကိုစူးစမ်းလိုစိတ် ပြင်းပြကာ ၊ မိမိကိုယ်တိုင်ဘယ်အလုပ်ကို ဝါသနာပါတယ်ဆိုတာကိုခန့်မှန်းနိုင်ပါတယ်။

(၂)ဘ၀တိုးတက်ခြင်း။
စာဖတ်ခြင်းက လူတိုင်းရဲ့ဘ၀ကိုတိုးတက်စေပြီး လောကကြီးအကြောင်းကိုပိုမိုသိစေပါတယ်။

(၃)နားလည်မှုစွမ်းရည်တိုးတက်ခြင်း။
စာဖတ်ခြင်းကလူတိုင်းရဲ့ နားလည်မှု့စွမ်းအင်ကိုတိုးတက်စေပြီး လောကကြီးရဲ့အကြောင်းကိုပိုနားလည်လာစေပါတယ်။

(၄)ပွဲမ၀င်ခင်ပြင်ဆင်ခြင်း
စာဖတ်ခြင်းကလူတိုင်းရဲ့အလုပ်တွေကို ပိုမိုအောင်မြင်စေပြီး အလုပ်တွေကိုပြင်ဆင်တဲ့အခါမှာလည်းအသုံး၀င်စေပါတယ်။

(၅)အခြားသူများထံမှ‌အတွေ့အကြုံရရှိခြင်း
စာဖတ်ခြင်းက ကမ္ဘာကျော်ပုဂ္ဂိုလ်တွေရဲ့ဘ၀အတွေ့အကြုံကိုသင်ယူရရှိစေပါတယ်။

(၆)ဆက်ဆံရေးမဟာဗျူဟာကောင်းခြင်း
စာဖတ်ခြင်းကလူတိုင်းရဲ့ ဆက်ဆံရေးမဟာဗျူဟာကိုအများကြီးအထောက်အကူပြုပါတယ်။

(၇)အာရုံစူးစိုက်ခြင်း
မိတ်ဆွေဟာစာအုပ်တစ်အုပ်ကို အေးအေးဆေးဆေး ၊ တိတ်တိတ်ဆိတ်ဆိတ်ဖတ်နေမယ်ဆိုရင် စာရေးဆရာရဲ့ဆိုလိုရင်းကိုသေချာနားလည်မှာဖြစ်တာကြောင့် ပိုမိုထိရောက်စေပါတယ်။ဒါကြောင့်အာရုံစူးစိုက်မှု့အားကောင်းစေပြီး အများအားဖြင့်စာဖတ်သူတွေဟာဆုံးဖြတ်ချက်မမှားကြပါဘူး

(၈)ဖန်တီးမှုအားကောင်းခြင်း
စာဖတ်‌အားကောင်းတဲ့သူတွေဟာ အများနဲ့မတူပဲ အတွေးအခေါ်ပိုကောင်းလေ့ရှိပါတယ်။လူအများမမြင်နိုင်တဲ့ကိစ္စရပ်တွေကို ပိုမိုတွေးခေါ်လေ့ရှိပြီး မထင်မှတ်တဲ့ လုပ်ရပ်တွေကိုလုပ်ပြလေ့ရှိပါတယ်။မဖြစ်နိုင်ဘူးဆိုတာ လောကမှာမရှိ မဖြစ်သေးတာပဲ ရှိတယ်လို့ခံယူထား ကြလို့ပါ။

စာအုပ်တွေဆိုတာ ရှုပ်ထွေးလှတဲ့ ပင့်ကူအိမ်ကြီးလိုပဲ။ဘယ်လို တစ်ခုနဲ့တစ်ခု ချိတ်ဆက်နေတာလဲ ဆိုတာကိုမိတ်‌ဆွေသိလာလေလေ အတွေးအခေါ်သစ်တွေ ကွန့်မြူးလာလေလေဖြစ်လာပါလိမ့်မယ်။

#26/9/24

Keep Reading

ဒေါင်လိုက်ဒရာမာ (Vertical Drama)အချိန်ဆွဲတာကိုကုစားမယ် ပါပီလွန်နှင့်ဗင်ဂို စာအုပ်ထဲက နိုးစက်စာစောင်နှစ်ဆယ့်ရှစ်-လက်ကျန်အချိန်တိုလေးစိတ်ဓာတ်ကျနေတဲ့အခါစိတ်ညစ်စရာကြားကဆေးတစ်ခွက်စာစောင်နှစ်ဆယ့်ကိုး-စိတ်ရောကိုယ်ပါပြုပြင်ပြောင်းလဲခြင်းရှောင်တာက ကြောက်ခြင်းမဟုတ်စာစောင်သုံးဆယ့်ကိုး - အကြီးမားဆုံးဆုလာဘ်စာစောင်လေးဆယ် - အလိုကြီးအရနည်း