Author's Profile Photo

Morgen

25/09/2024

နှင်းဆီကဗျာ

1 min read
Life Style
Art
18 Again
နှင်းဆီကဗျာ's photo

အချိန်တွေးရာသီတွေက ကျွန်တော့်
တဖြည်းဖြည်း ပြောင်းလဲသွားခဲ့တယ်။ အစွဲလမ်းကြီးတဲ့သူမို့ အချစ်ကို ဖွဲမီးလိုမယုံလိုက်ပါနဲ့။ အချစ်ကိုပိုးမွေးသလို မွေးထားပါ့မယ်။ ကိုးလလွယ်ပြီးဆယ်လမှမွေးတဲ့ အမေကသူ့သားလေးအလာကိုမျှော်တယ်။
မိန်းမတစ်ယောက်က သူ့ကြင်ယာတော်လင်ယောက်ျားပြန်အလာကိုမျှော်တယ်။ တစ်ချို့ကထမင်း
တစ်နပ်ကိုမျှော်တယ်။ အဖော်မဲ့အောက်ချင်းငှက်က
သူ့အဖော်ကိုမျှော်တယ်။ ကျနော်ကရော ဘာကိုမျှော်လင့်တာလဲ?။ မနှင်းဆီကိုလား(သို့မဟုတ်)အချစ်စစ်ကိုလား(သို့မဟုတ်)ပျော်ရွှင်မှုကိုလား။ မနှင်းဆီမရှိတော့တဲ့နောက်ပိုင်း ကျနော့်ရင်မှာ ရာသီဥတုတွေဖောက်ပြန်နေတယ် စိတ်တွေလဲခြောက်ချားနေပြီ။ မနှင်းဆီကျနော့်ဘေးမှာမရှိတော့ကျနော် သတ္တိမရှိတော့သလိုဘဲ။ မနှင်းဆီကိုယ်သင်းရနဲ့တွေထင်ကျန်ခဲ့တဲ့ နှင်းဆီပန်းခင်း ဆီကိုစိတ်ကလွတ်ထွက်နေတယ်။ ပေါင်မုန့်ဆီနှုတ်ခမ်းပါးရဲ့ အရသာကို ပထမဦးဆုံးနဲ့နောက်ဆုံး ခံစားခဲ့ရတဲ့..မနှင်းဆီရှိတဲ့တောင်ပေါ်မြို့ငယ် လေးလိုကျနော်ပြန်ချင်နေပြီ။ တော်ဝင်ပိတောက်ပန်းပွင့်တဲ့ မြို့ပြမန္တလာမှာ ကျနော်အတော်မွန်းကြပ်လှပြီ။ မနှင်းဆီလောက်မလှနိုင်တဲ့ ပန်းတွေကကျနော့်ကိုသွေးဆောင်နေတယ်။ နှလုံးသားကိုလာလာဆွနေတယ်။ ဒါတွေဟာမရယ်ရတဲ့ပြက်လုံးတွေပါဗျာ။ ကျနော့်နှလုံးသားလေးကိုမနှင်းဆီထံ သံခွန်ဂျာခုနှစ်ထပ်နဲ့အုပ်ပြီး ကိုယ်စောင့်နတ်လေးကိုဖဲကြိုးအဖြစ်ချည်ပြီး လက်ဆောင်ပေးထားပြီးမှတော့ အခြားပန်းတွေရဲ့ဖျားယောင်မှုနောက် ကျတော် ပါနိုင်ပါတော့မလား မနှင်းဆီရယ်...။လွမ်းမိတယ်...။

******

စာဖတ်သူတစ်ဦးချင်းစီတိုင်းကို အစဉ်လေးစားလျက်ပါ။

သာယာသောနေ့ရက်များကိုပိုင်ဆိုင်နိုင်ပါစေ။

ကျွန်တော် စာရေးသူ မော်ဂန် ပါ။

Telegram: moxgen_u

Keep Reading

စာစောင်နှစ်ဆယ့်ရှစ်-လက်ကျန်အချိန်တိုလေးပဲဟင်းတစ်ခွက် ဂုဏ်ယူလျက်စာစောင်နှစ်ဆယ့်ကိုး-စိတ်ရောကိုယ်ပါပြုပြင်ပြောင်းလဲခြင်းအဆုံးသည်......စာစောင်သုံးဆယ် - အရင်းအမြစ်ပြည့်စုံခြင်းအသစ်နှင့်အဟောင်းပါပီလွန်နှင့်ဗင်ဂို စာအုပ်ထဲက နိုးစက်စာစောင်သုံးဆယ့်နှစ်-ကိုယ့်ကိုယ်ကိုယ်နှစ်သိမ့်ခြင်းစာဖတ်ခြင်းအလေ့အကျင့်ကို မြှင့်တင်ပေးမယ့် နည်းလမ်းကောင်းများ...ရပ်တန့်ရမယ့်အချိန်