Nuu Yee(နုရီ)
"နှောင်းခဲ့လေပြီ"
နွေဦးအစမှာ
လေရူးကကျီစားတယ်ဆိုပေမယ့်
ရွက်နုခမျာမှာတော့
တစ်ကယ်မြေခ ကြွေရလေပြီ။
ရာသီတွေလဲ အလီလီပြောင်းခဲ့ပြီ
ရွက်ဟောင်းကြွေလို့
ရွက်သစ်တွေလည်းဝေဆာနေပြီ။
ထိုအခိုက်အတန့်ဟာလည်း လေးနှစ်ကာလ
ရှည်ကြာခဲ့ပြီ။
လှည့်ပြန်ခဲ့မယ် အကြောင်းမပြန်ပေမဲ့
စောင့်မြဲစောင့်ဆဲ စောင့်နေဆဲပါပဲ။
အချစ်ကိုရူးတာမဟုတ် "နွယ့်"ကိုရူးတာပါ
လွမ်းတဲ့စိတ်ဟာ အထက်တန်းကျသလား
အောက်တန်းကျသလား။
ရာသီဥတုကိုအကြောင်းပြလေပြီး
လွမ်းတဲ့စိတ်နဲ့ တစ်နေ့တာကို အစပြုရတယ်
မြူမှိုင်းဝေတဲ့ဆောင်းမနက်တွေလဲ
လွမ်းပါတယ် အုံ့မှိုင်းရီဝေမိုးညနေလည်း
လွမ်းရပါတယ်
အခုလိုနေပူပူ နေ့တွေဆိုလည်း
အကြောင်းမရှိအကြောင်းရှာ
ကြံကာဖန်ကာ လွမ်းလေပြန်တယ်။
ဆက်စောင့်ရမလား ဆက်သွားရမလား
ရင်တွေလဲနာလှပါပြီ
ဒီလိုနဲ့ပဲ လေးနှစ်ကာလ
အချိန်အခါကြာညောင်း နှောင်းခဲ့ပြီမို့
ပျော်ရာမှာမနေ တော်ရာနေဆိုတဲ့အတိုင်း
မရနိုင်တာကို မလိုချင်ခြင်းဖြင့်
စိတ်ကျန်းမာအောင်ပဲ နေလိုက်ပါပြီ။
-Nu Yee(နုရီ)??
Keep Reading