Tain Hlwar Nge
ချစ်ရတဲ့ ငါရေ ပိုပြုံးပါ။ပိုတက်ကြွပါနော်။
စိတ်ပင်ပန်းစရာတွေလည်း အရမ်းမတွေးပါနဲ့။
အရမ်းSocial မကျနဲ့ ဆိုပေမဲ့ အရမ်းလည်း မချေမိုးပါနဲ့။
ငါကဒီအတိုင်းဆိုတဲ့စကားနဲ့လည့် ငါ့ဘဝကို ‘ငါ’ဘောင်ကြီး ခတ်မထားပါနဲ့။
ပြောင်းလဲသင့်တာ ပြောင်းလဲပါ။ပြုပြင်သင့်တာ ပြုပြင်ပါ။
ပြုပြင်ပြောင်းလဲမှ ပိုကောင်းမွန်မယ့်အရာတွေ ရမယ်ဆိုရင်
ပိုမိုကောင်းမွန်တဲ့ဘဝကို ပိုင်ဆိုင်နိုင်ဖို့ ပြောင်းလဲလိုက်ပါ။
အပြောင်းစေချင်ဆုံးကတော့ စကားပြောနည်းလေးပေါ့။
အရမ်းကြီး ဒေါသကိုဦးစားပေးပြောဆိုတတ်တာလေး လျှော့ပါ။
ဆရာသရာနောင်ရဲ့ စာအုပ်ထဲကစာတစ်စုလိုပါ့
*တချို့လူတွေက သည်းတော့ခံတယ်၊
ဒါပေမဲ့ မဟုတ်တာ အကုန်လုပ်တယ်။
တချို့ကျတော့ မှန်တာတော့ လုပ်တယ်၊
လုံးဝသည်းမခံဘူး။
အဲ့ဒီနှစ်ဦးစလုံးဟာ မအောင်မြင်နိုင်ဘူး။
အောင်မြင်ချင်ရင် သည်းလည်းခံ
မှန်တာလည်း လုပ်ရမယ်တဲ့။ *
တောင်ပုလုရာတော်ကြီးရဲ့ မိန့်ခွန်းကိုထည့်ရေးထားတာတဲ့။
သိပ်အကျိုးရှိတာပဲ။
ငါမဟုတ်တာ လုပ်နေတာမှ မဟုတ်တာ၊
လိုက်ဖောနေစရာ မလိုပါဘူးဆိုပြီး ယတိပြတ်တင်းခံထားတဲ့ မာနလေး လျှော့ပါ။
လိုက်ဖားစရာမလိုပေမဲ့ လိုက်လျောညီထွေဆက်ဆံတတ်ရမယ်လေ ငါကလေးရဲ့။
ဒါ့ကြောင့် များများသည်းခံ၊များများပြုံးနော်။
ငါဆိုတဲ့ဟော့ဒီအမျိုးသမီးလေးက သိပ်ကိုတော်တာပါ။
ငါသာ လုပ်ချင်စိတ်ရှိရငိ တကယ်လုပ်နိုင်ပါတယ်။
ဖိုက်တင်း ငါကလေး။
ခရမ်းရောင်
Keep Reading