Author's Profile Photo

Hazel

23/09/2024

❝ ဗုဒ္ဓဘာသာရဲ့ အနှစ်သာရ ❞

1 min read
Life Style
Culture
❝ ဗုဒ္ဓဘာသာရဲ့ အနှစ်သာရ ❞'s photo

မြန်မာနိုင်ငံသား အများစု ကိုးကွယ်ကြတာဟာ ဗုဒ္ဓဘာသာပါ။ ဒါပေမဲ့ တကယ်ယုံကြည်သက်ဝင်ပြီး ကိုးကွယ်နေတာထက်စာရင် မိရိုးဖလာအရ ကိုးကွယ်တာက များပါတယ်။

ဘာကြောင့် ဒီလိုပြောရလဲဆိုရင် ကျွန်မကိုယ်တိုင်လည်း ဗုဒ္ဓဘာသာကို ကိုးကွယ်တယ်၊ နောက်ဘဝရှိတယ်လို့ ယုံကြည်တယ်၊ ဘုရားရှိခိုးရင် ကုသိုလ်ရမယ်လို့ပဲ မှတ်ထားတယ်။

တကယ်တမ်း ဗုဒ္ဓဘာသာ ကိုးကွယ်ရခြင်းရဲ့ အနှစ်သာရကို သေချာနားမလည်ခဲ့ဘူး။ ဒီလို နားမလည်ခဲ့တာက လူကြီးမိဘတွေ မပြောပြခဲ့လို့လည်း မဟုတ်ပါဘူး။

ကိုယ့်ရဲ့ အတွင်းသဏ္ဍာန်မှာကိုက သိချင်စိတ်ရှိမနေခဲ့တာကြောင့်ပါ။ ဗုဒ္ဓဘာသာမှာ အရေးကြီးဆုံးကလည်း အဲ့ဒီစိတ်ပါပဲ။

ကိုယ့်ရဲ့စိတ်ကို ကိုယ်ကောင်းကောင်းသိဖို့လိုတယ်။ ကျွန်မတို့ဟာ အတိတ်ကိုလည်း မပိုင်ဆိုင်နိုင်သလို အနာဂတ်ကိုလည်း အစိုးမရပြန်ပါဘူး။

တကယ်တမ်း သတိမူရမှာက လက်ရှိပစ္စုပ္ပန် အခြေအနေပါပဲ။ အခုလက်ရှိမှာ ကိုယ်ဘာတွေတွေးပြီး ဘာတွေပြောနေလဲ၊ ဘယ်လိုအရာတွေ ပြုမူနေလဲ ဆိုတာကသာ အရေးကြီးတာပါ။

လက်ရှိဖြစ်နေတဲ့ ကိုယ်၊ နှုတ်၊ စိတ် သုံးပါးလုံးမှာ အသိနဲ့ သတိရှိဖို့ လိုအပ်ပါတယ်။ ပြီးတော့ ကျွန်မတို့မှာ အာရုံငါးပါးရှိတယ်ဆိုတာ အားလုံးသိကြမှာပါ။

မြင်‌တယ်၊ ကြားတယ်၊ အနံ့ခံတယ်၊ အရသာခံတယ်၊ ထိတွေ့တယ်။ ဒါတွေက အာရုံတွေပါ။ ဒီအာရုံတွေ အားလုံးနဲ့ ဆက်စပ်နေတာကတော့ စိတ်ပါ။

ဒီအာရုံငါးပါးပေါ်မှာ အခြေခံပြီး စိတ်ထဲကနေ ဖြစ်ပေါ်လာတဲ့ အတွေးအခေါ်၊ အကြံအစည်တွေကြောင့်လည်း လူတစ်ယောက်နဲ့ တစ်ယောက် ရှင်သန်ရပုံခြင်း မတူညီကြတာ ဖြစ်ပါတယ်။

အဲ့တာကြောင့်လည်း ဗုဒ္ဓက "Let go of the attachment" လို့ ဆုံးမခဲ့တာ ဖြစ်ပါတယ်။

ဒီနေ့ခေတ် လူငယ်တွေကြားမှာလည်း ရေပန်းစားပါတယ်။ "တွယ်ငြိရာသာ ဆုံးရှုံးမှာ" တဲ့။ တွယ်ငြိတာဟာ မကောင်းဘူးလို့ ပြောချင်တဲ့သဘော။

တွယ်ငြိတာက ဘာကြောင့်မကောင်းတာလဲဆိုတာကိုတော့ နောက်တစ်ရက်မှာ ထပ်ပြီး ရှင်းပြပေးသွားပါမယ်။

#myhopecontent
#buddha
#knowledgesharing




https://d37prn8pxyven1.cloudfront.net/797e97a29e444e4c9f849fae4726ba34/img/2024-09-23T20:57:17.700309.jpghttps://d37prn8pxyven1.cloudfront.net/298eeaa4c88b4d55895567a202aba147/img/2024-09-23T20:57:53.844603.jpg

Keep Reading

စာစောင်နှစ်ဆယ့်ရှစ်-လက်ကျန်အချိန်တိုလေးပဲဟင်းတစ်ခွက် ဂုဏ်ယူလျက်စာစောင်နှစ်ဆယ့်ကိုး-စိတ်ရောကိုယ်ပါပြုပြင်ပြောင်းလဲခြင်းအဆုံးသည်......စာစောင်သုံးဆယ် - အရင်းအမြစ်ပြည့်စုံခြင်းအသစ်နှင့်အဟောင်းပါပီလွန်နှင့်ဗင်ဂို စာအုပ်ထဲက နိုးစက်စာစောင်သုံးဆယ့်နှစ်-ကိုယ့်ကိုယ်ကိုယ်နှစ်သိမ့်ခြင်းစာဖတ်ခြင်းအလေ့အကျင့်ကို မြှင့်တင်ပေးမယ့် နည်းလမ်းကောင်းများ...ရပ်တန့်ရမယ့်အချိန်