HAN
အခုလိုရေကြီးနေတဲ့ကာလမှာ အားလုံးလိုက်နာသင့်တဲ့ အချက်လေးတွေကို စာဖတ်သူလေးတွေအတွက်HANက ပြောပြပေးလိုက်ပါတယ်နော် !!
ရေမကြီးခင်အချိန်မှာ ဘာတွေပြင်ဆင်ထားသင့်လဲ?
(၁) အရေးကြီးတဲ့ စာရွက်စာတမ်းတွေ သိမ်းဆည်းထားပါ။
(၂) မြစ်၊ ချောင်းတွေနဲ့ ဝေးရာသို့ ရွေ့ပြောင်းပါ။
(၃) အမြင့်ပိုင်းနေရာတွေကို ပြောင်းရွေ့နေထိုင်ပါ။
(၄) လျှပ်စစ်ခလုတ်တွေကို ပိတ်ထားပါ။
(၅) အချို့သော အရေးကြီပစ္စည်းတွေကို အိမ်ရဲ့ အမြင့်ပိုင်းနေရာတွေမှာ ထားခဲ့ပါ။
ရေကြီးပြီးနောက်ပိုင်းမှာရော ဘာတွေလုပ်သင့်လဲ?
(၁) လုံခြုံရေး၊ ကယ်ဆယ်ရေးအဖွဲ့များနဲ့ ပူးပေါင်းဆောင်ရွက်ပါ။
(၂) ရေတွေကို ကျိုချက်ပြီးသောက်သုံးပါ။
(၃) ကျန်းမာရေးဝန်ထမ်းတွေနဲ့ ဆက်သွယ်ပါ။
(၄) တစ်ကိုယ်ရေ သန့်ရှင်းမှုကို အလေးထားဆောင်ရွက်ပါ။
(၅) မြေနိမ့်ပိုင်းသို့ ရွေ့ပြောင်းရန် ညွှန်ကြားချက်များရရှိမှသာ ရွေ့ပြောင်းပေးပါ။
ဒီအချက်လေးတွေကို သေချာလိုက်နာပြီး သဘာဝဘေးအန္တရာယ်တစ်ခုဖြစ်တဲ့ ရေကြီးခြင်းအန္တရာယ်ကို ဘေးကင်းကင်းနဲ့ အတူတူကျော်ဖြတ်နိုင်ကြပါစေ။
စာဖတ်သူတစ်ဦးချင်းစီအားချစ်ခင်လေးစားလျှက်
HAN?
Keep Reading