Hazel

စိတ်ဖိစီးမှုဝေဒနာဆိုတာမျိုးက အခြေအနေမျိုးစုံကနေကြုံတွေ့နိုင်တဲ့ အခက်အခဲတွေအပေါ်မှာ စိုးရိမ်ပူပန်စိတ်များပြားလာတဲ့အခါ ကျန်းမာရေး၊စီးပွားရေး၊လူမှုရေး အဘက်ဘက်မှာကျရှုံးနိုင်စေပါတယ်။
ဒီလိုပါပဲ လုပ်ငန်းခွင်ထဲမှာလည်း စိန်ခေါ်မှုများနှင့် ရင်ဆိုင်ရတဲ့အခါ စိတ်ဖိစီးမှုဝေဒနာစတင်ခံစားရနိုင်ပြီး အာရုံစူးစိုက်မှုတွေကျဆင်းလာစေတဲ့အတွက် ဘာမှလုပ်ချင်ကိုင်ချင်စိတ်မရှိတော့လောက်အောင် စိတ်ဓာတ်ကျလာနိုင်ပါတယ်။
စိတ်ဖိစီးမှုဝေဒနာ စတင်ခံစားနေရပြီဆိုရင်.....
?ဦးနှောက်ထဲမှာ စဉ်းစားမိသမျှအရာအားလုံးက ရှုပ်ထွေးနေနိုင်ပါတယ်။
?အိပ်ချိန်၊စားချိန်၊အနားယူချိန်တွေမှာလည်း အမြဲတမ်းပင်ပန်းနွမ်းနယ်နေသလို ခံစားရနိုင်ပါတယ်။
?ခေါင်းကိုက်ခြင်း၊ကိုယ်လက်ကိုက်ခဲခြင်းအပြင် အိပ်မပျော်ခြင်း စတဲ့လက္ခဏာတွေလည်း
ဖြစ်ပေါ်လာနိုင်ပါတယ်။
ဒါကြောင့်လုပ်ငန်းခွင်ထဲက စိတ်ဖိစီးမှုဝေဒနာတွေကိုလျှော့ချပေးနိုင်မဲ့ နည်းလမ်းကောင်း (5) ခုကို မျှဝေပေးထားပါတယ်။
1️⃣ Keep a daily routine
တစ်နေ့တာလုပ်ဆောင်ရမဲ့ လုပ်ငန်းကိစ္စအဝဝကို အစီအစဉ်တကျ လုပ်ဆောင်နိုင်ဖို့အတွက် schedule ရေးဆွဲခြင်းက သင့်ကိုများစွာအထောက်အကူဖြစ်စေမှာသေချာပါတယ်။ အချိန်နှင့်အမျှလုပ်စရာတွေပြည့်နေတဲ့အခါ စိတ်ခံစားမှုတွေကို ကောင်းကောင်းထိန်းချုပ်နိုင်ပြီး အလုပ်ကိုလည်းပိုမိုတွင်ကျယ်စေပါတယ်။
2️⃣ Get plenty of sleep
လုံလောက်စွာအိပ်စက်အနားယူခြင်းက ကိုယ်ခန္ဓာကျန်းမာရေးအတွက်သာမက စိတ်ဖိစီးမှုတွေဆီနေ အမြန်ဆုံးကင်းဝေးနိုင်စေပါတယ်။
ဒါကြောင့် ညဘက်တွေမှာဖုန်းကြည့်တာက သင့်ရဲ့အိပ်စက်ခြင်းကို အနှောင့်အယှက်ဖြစ်စေပြီး ဦးနှောက်ကြွက်သားတွေကို ဒဏ်ဖြစ်စေနိုင်တာကြောင့် အတတ်နိုင်ဆုံးသတိပြုရှောင်ရှားပါ။
3️⃣ Connect with others
စိတ်ဖိစီးတဲ့အခါ ဘယ်သူနဲ့မှစကားမပြောဘဲ တစ်ယောက်ထဲအခန်းအောင်းနေတာက မှန်ကန်တဲ့ဖြေရှင်းနည်းမဟုတ်ပါဘူး။ ဘာကြောင့်လဲဆိုရင် သင်ခံစားရသမျှကို ယုံယုံကြည်ကြည်ပြောပြလို့ရနိုင်မဲ့ မိသားစုဝင်နဲ့ မိတ်ဆွေသူငယ်ချင်းတွေကို ရင်ဖွင့်အကူအညီတောင်းပြီး ပြဿနာတွေကို အလွယ်တကူဖြေရှင်းနိုင်လို့ပဲဖြစ်ပါတယ်။
4️⃣ Eat healthy
"စိတ်ညစ်လို့ ထမင်းတောင်မစားနိုင်ဘူး" ဆိုရင်ကိုယ်ခန္ဓာကျန်းမာရေးအပြင် စိတ်ဖိစီးမှုဝေဒနာကိုလည်း ပိုမိုဆိုးရွားလာစေနိုင်ပါတယ်။ ဒါကြောင့် အသား၊ငါး၊ဟင်းသီးဟင်းရွက်များနှင့် အရည်ရွှမ်းသော သစ်သီးဝလံများစားသုံးပေးပါက စိတ်ရောလူပါ ကျန်းမာလန်းဆန်းစေနိုင်ပါတယ်။
5️⃣ Exercise regularly
လေ့ကျင့်ခန်းပုံမှန်ပြုလုပ်ပေးခြင်းက လုပ်ငန်းခွင်ထဲမှာ သင့်ကိုပိုပြီး Smart ကျစေနိုင်တဲ့အပြင် ယုံကြည်မှုရှိရှိနဲ့ နေ့ရက်တိုင်းကို ရှေ့ဆက်နိုင်စေမှာဖြစ်ပါတယ်။ ဒီအတွက် အလုပ်တွေမအားလို့ လေ့ကျင့်ခန်းပုံမှန်မလုပ်ဖြစ်မှာကိုလည်း လုံးဝစိတ်ပူနေစရာမလိုပါဘူး။ မနက်စောစောထလမ်းလျှောက်တာကလည်း စိတ်ဖိစီးမှုတွေကိုလျှော့ချဖို့အတွက် အကောင်းဆုံးလေ့ကျင့်ခန်းတစ်ခုပဲ ဖြစ်ပါတယ်။
✨ကဲ၊ဒီလောက်ဆိုရင် ဘယ်လိုအခြေအနေမျိုးကြောင့် စိတ်ဖိစီးမှာဝေဒနာတွေကို ခံစားနေရပါစေ အပေါ်မှာပြောပြပေးခဲ့တဲ့ အချက် (5) ချက်အတိုင်း နေ့ရက်တိုင်းမှာ ပျော်ရွှင်ကျန်းမာနေမယ်လို့ မျှော်လင့်မိပါတယ်ရှင့်။
#Content
#ReduceStress
#MyHopeContent
Keep Reading