Par Te

?”ဘာမဟုတ်တာလေးနဲ့ ဆိုတဲ့ စကားကို
အခြားသူတွေအတွက် အသုံးပြုတာမဟုတ်ဘဲ
မိမိအတွက်သာ သုံးပါလို့ ဆိုပါတယ်”
?ဘာမဟုတ်တာလေးနဲ့ ဆိုပြီး ပြောလိုက်တဲ့
စကားတစ်ခွန်းဟာ အခြားသူတစ်ယောက်ရဲ့
ဘဝကြီးတစ်ခုလုံး ပျောက်ကွယ်သွားချင်လောက်အောင် နာကျင်ရတဲ့ အခိုက်အတန့်တွေ
ရှိနေနိုင်ပါတယ်။
?ဘာကြောင့်လဲဆိုတေ့ာ
သူ့မှာ ဘာမဟုတ်တာလေးတွေ များစွာကို
သူရင်ဆိုင်ကျော်ဖြတ်လာပြီး မခံနိုင်တေ့ာတဲ့အချိန်မှာ
ကိုယ့်စကားတစ်ခွန်းနဲ့ လက်လျှော့ပစ်လိုက်နိုင်လို့ပါ။
?လူသားတွေဖြစ်တေ့ာ ပြောမိတတ်တယ်လေ
?ဘဝကို အရှုံးပေးလိုက်တဲ့သူတိုင်းကိုလည်း ပျော့ညံ့တဲ့တွေပဲလို့တေ့ာ ခေါင်းစဉ်တပ်လိုက်လို့မရပါဘူး။
?မိမိအတွက်သာ သုံးပါဆိုတာက
ဘာမဟုတ်တာလေးနဲ့ ငါ ဘာလို့ လက်လျှော့ရမှာလဲ
ဘာမဟုတ်တာလေးနဲ့ ငါ ဘာကြောင့် အရှုံးပေးရမှာလဲ
ဘာမဟုတ်တာလေးနဲ့ ငါ လာလို့ စိတ်ဆိုးရမှာလဲ
ဘာမဟုတ်တာလေးနဲ့ ဘာကြောင့် လောကကြီးကို အပြစ်တင်ရမှာလဲ …. ဆိုပြီး
မိမိကိုယ်ကိုယ် အားပေးဖို့အတွက်ဆို ကောင်းပါတယ်။ ?
#ကျမအတွေး
22/09/2024 ??
Keep Reading