Author's Profile Photo

547

21/09/2024

ရိုးရှင်းသောမေးခွန်းနှင့် တစ်ဘဝလုံး ရှင်လျှက်နဲ့သေကုန်သော ကလေးငယ်များ

2 mins read
Life Style
Education
General Knowledge

ကျနော်တို့ငယ်ငယ်တုန်းက အားလုံးလိုလိုမေးခံရတယ့်မေးခွန်းတစ်ခုရှိတယ့် အဲမေးခွန်းက မင်းကြီးလာရင် ဘာဖြစ်ခြင်သလဲဆိုတယ့်မေးခွန်းပဲ ။ ဒီမေးခွန်းကအရမ်းရိုးရှင်းသလောက် ဖြေမိတယ့်သူကို တစ်ဘဝလုံးဒုက္ခရောက်စေတယ်မေးခွန်းတစ်ခုဖြစ်တယ်လို့ ကျနော်မြင်မိတယ်။

1.မစဉ်းစားစဆင်ခြင်နိုင်သေးတယ့်အရွယ်မှာ ဘာဖြစ်ခြင်သလဲမေးတယ့်မိဘ

  • ဘာကြောင့်လည်းဆိုတော့ မိဘတစ်ယောက်က သူရဲ့သားသမီးကို သားကြီးလာရင်ဘာဖြစ်ခြင်လဲ သမီးကြီးလာရင်ဘာဖြစ်ခြင်သလဲစတယ့်မေးခွန်းကိုမေးတယ် အဲမှာကလေးက သားကြီးလာရင်တော့ ဆရာဝန်ကြီးဖြစ်ခြင်တယ် ၊ အင်ဂျင်နီယာကြီးဖြစ်ခြင်တယ် စသဖြင့်ဖြေလေ့ရှိကြတယ် ။ ပြဿနာကအဲလို့ဖြေမိလိုက်တယ့်ကလေးက ဆရာဝန်ကြီးဆိုတာဘာမှန်းလဲမသိဘူး ဆရာဝန်ဆိုတာဘာလုပ်ရမှန်းလဲမသိဘူး သူသိတာတစ်ခုဘဲရှိတယ် ဒီလိုဖြေလိုက်ရင် သူအချီးကျူးခံရမှာ, အပွေ့ဖက်ခံရမှာကိုဘဲ အခုချိန်မှာ ပွေ့ဖက်ခံရဖို့ , အချီးကျူးခံရဖို့က ကလေးအတွတ်အရေးကြီးဆုံးဘဲ ။သူဖြေလိုက်တယ့်အဖြေကြောင့် နောင်အနာဂတ်မှာဘာဖြစ်ဖြစ်သူအတွတ်ကဒီအခြေအနေကအရေးကြီးဆုံးဘဲ ။ကလေးတွေးတာကမမှားပါဘူး။ မှားနေတာက ကလေးမိဘတွေ…


2.မွေးကတည်းဘာဖြစ်ရမယ်ဆိုပြီးသတ်မှာတ်ပေးလိုက်တယ့်မိဘ

  • တစ်ချို့မိဘတွေက ကလေးမွေးလိုက်တာနဲ့ ငါသားလေးကတော့ ဆရာဝန်ကြီးဖြစ်ရမယ်ကွ ဆိုပြီးကျွေးကျော်လိုက်တယ် အဲကစပြီး အဲ့ကလေးဘဝက ငရဲကျတော့တာပဲ တစ်ဘဝလုံးသူမဖြစ်ခြင်သူစိတ်မဝင်စားတယ့် ဆရာဝန်ဆိုတာကြီးဖြစ်ဖို့သူကြီုးစားရတော့မယ်။ ဒါဟာအဲ့ကလေးအတွတ်ငရဲပဲ။


3.သားသမီးကိုကောင်းစားစေခြင်တယ့်မိဘ

  • နောက်မိဘတစ်မျိုးကကျ အရမ်းဆင်းရဲတယ့်မိဘတွေ သူတို့ကကျ သားသမီးကိုအရမ်းကောင်းစားစေခြင်တယ် ကောင်းကောင်းမွန်မွန် ကိုယ့်ဝိုင်းကိုယ့်ခြံနဲ့နေနိုင်တယ့်သူတစ်ယောက်ဖြစ်စေခြင်ကြတယ်။ သားသမီးအိမ်မက်ကဘာဖြစ်ဖြစ် သူတို့စိတ်မဝင်စားဘူးအရေးမပေးဘူး။
  • သူတို့အရေးပေးတာ စိတ်ဝင်စားတာတစ်ခုပဲရှိတယ် အဲ့တာ သားသမီးကောင်းစားရေးပဲ။ သူများနိုင်ငံကိုလွတ်တယ် သားသမီးကောင်းစားအောင်အိမ်နဲ့တိုက်နဲ့နေရအောင် စသဖြင့် အဲ့မှာကလေးတွေက သူတို့ရဲ့အိမ်မက်နောက်လိုက်နေရမဲ့အချိန်မှာ တခြားနိုင်ငံမလုပ်ခြင်တယ့်အလုပ်တွေလုပ်ပြီး ပိုက်ဆံသွားရှာနေရတယ်။ နိုင်ငံခြားမှာအလုပ်လုပ် လေးငါဆယ်နှစ် ဒီကိုပြန်ရောက် မိဘဖြစ်စေခြင်တယ့်အတိုင်း ကိုယ့်အိမ်ကိုယ့်ဝိုင်းနဲ့တော့နေရပါရဲ့ ကိုယ့်ဖြစ်ခြင်တယ့် အိမ်မက်တွေလက်လွပ်လိုက်ရတော့ အသက်ရှင်သန်ရတာ အဓိဟ္ပယ်ရှိတော့ပါအုံးမလား။ ကျနော်ကတော့ ဘဝအသက်ရှင်ခြင်းရဲ့အဓိဟ္ပယ်က= အိမ်မက်နောက်ကိုလိုက်ခြင်းလို့ကျနောခံယူထားတယ်။


ကျနော်အခု မိဘအမျိုးအစားသုံးမျိုးပြောသွားတယ်။ အဲတာတွေက
1.မစဉ်းစားစဆင်ခြင်နိုင်သေးတယ့်အရွယ်မှာ ဘာဖြစ်ခြင်သလဲမေးတယ့်မိဘ
2.မွေးကတည်းဘာဖြစ်ရမယ်ဆိုပြီးသတ်မှတ်ပေးလိုက်တယ့်မိဘ
3.သားသမီးကိုကောင်းစားစေခြင်တယ့်မိဘ
ဒီမိဘအမျိုးအစားတွေထဲမှာသင်ပါနေပြီလား?
ကျနော်တို့လို့လူငယ်လူရွယ် တွေကမိဘတွေကို ကိုယ့်ရဲ့အိမ်မက်အကြောင်းပြောင်းဖို့ ခက်ခဲ့ပါတယ်။ နိုင်ငံရဲ့အချေအနေ အိမ်ရဲ့စီးပွားရေး စတဲ့အရာတွေကြောင့် ကိုယ့်ဖြစ်ခြင်တာထက် မိဘဖြစ်စေခြင်တာကိုပဲ များသောအားဖြင့် လုပ်ကြရတာများပါတယ်။ အမှန်တကယ်က ဒီစကားတွေကိုကျနော်မိဘတွေကိုပြောခြင်တာပါ။ ကျနော်ကဘောလုံးသမားတစ်ယောက်ဖြစ်ခြင်တာပါ ။ကျနော်မိဘတွေကိုလည်းပြောပြပါတယ်။မိဘတွေကလက်မခံပါဘူး။ အငြင်းကြီးငြင်ပါတယ် ဒီ‌နိုင်ငံမှာဘောလုံးသမားကမအောင်မြင်နိုင်ဘူး၊ ထမင်းငတ်လိုက်မယ်စသဖြင့် အကြောင်းပြချက်အမျိုးမျိုးပြောပြီး ငြင်းပါတယ်။ ကျနော်ခြင်သန်ခြင်တာက ဘောလုံးကန်ပြီး ဘဝပျော်ပျော်ကြီးရှင်သန်ခြင်တာလဲ ။‌ ဘောလုံးကန်ပြီးအောင်မြင်တာမအောင်မြင်တာနောက်ထား သားသမီးဖြစ်ခြင်တာကို ပံပိုးရမှာမိဘတွေအလုပ်မဟုတ်မလား? ဒါပေမဲ့ကျနော်မိဘ‌တွေကိုဒီစကားတွေမပြောရဲခဲ့ပါဘူး။ မပြောရဲ့ခဲ့လို့ ကျနော်အိမ်မက်တွေကိုလက်လွတ်လိုက်ရပေမဲ့ ကျနော်စာကိုဖတ်နေတယ့် သူတွေကိုကျနော်လို့မဖြစ်စေခြင်ပါဘူး။ အထူးသဖြင့်အခုစာကို မိဘဖြစ်မဲ့သူ မိဘဖြစ်နေတယ့်သူဆိုရင် အထူးဂရုပြုပေးလိုပါတယ်။ ကိုယ့်ရဲ့သားသမီးဖြစ်ခြင်တာဘာဆိုတာဘိုရင်မမေးပါနဲ့ သူရဲ့အပြုအမှု တွေ သူဘာလုပ်ရတာကြိုတ်တာဘာလုပ်ရတာကိုဝါသနာပါတာစတာတွေကိုဘိုရင်စောင့်ကြည့်ပါ။ ပြီးမှ သူဖြစ်ခြင်တာကို နည်းမှန်လမ်းမှန်ပံပိုးပေးပါ။
‌

ဘဝဆိုတာ အိမ်မက်နောက်ကိုလိုက်ပြီး ရှင်သန်ရတာပါ ။ ကိုယ့်မဖြစ်ခြင်တာ ကိုယ့်ရဲ့အိမ်မက်နောက်ကလိုက်ခွင့်မရတာဟာ လူတစ်ယောက်ရဲ့ ငရဲဖြစ်တယ် ဆိုတာကိုသတိပြု‌ပေးပါ။

Keep Reading

အချိန်ဆွဲတာကိုကုစားမယ် စာစောင်နှစ်ဆယ့်ရှစ်-လက်ကျန်အချိန်တိုလေးပါပီလွန်နှင့်ဗင်ဂို စာအုပ်ထဲက နိုးစက်ဒေါင်လိုက်ဒရာမာ (Vertical Drama)စိတ်ဓာတ်ကျနေတဲ့အခါစိတ်ညစ်စရာကြားကဆေးတစ်ခွက်ရှောင်တာက ကြောက်ခြင်းမဟုတ်စာစောင်နှစ်ဆယ့်ကိုး-စိတ်ရောကိုယ်ပါပြုပြင်ပြောင်းလဲခြင်းစာစောင်သုံးဆယ့်ကိုး - အကြီးမားဆုံးဆုလာဘ်စာစောင်လေးဆယ် - အလိုကြီးအရနည်း