Author's Profile Photo

Sandi Cho

21/09/2024

စာဖတ်ရတာပျင်းတဲ့သူ‌လေးတွေအတွက် ထိထိရောက်ရောက် စာဖတ်ခြင်း နည်းလမ်းများ

3 mins read
Life Style
Personal Development
18 Again
စာဖတ်ရတာပျင်းတဲ့သူ‌လေးတွေအတွက် ထိထိရောက်ရောက် စာဖတ်ခြင်း နည်းလမ်းများ's photo


စာဖတ်တာကောင်းတယ်ဆိုတာသိပေမယ့် ချိုတို့က စာဖတ်ဖို့ရှာ မနည်းအားထုတ်ကြရတယ်။စာမဖတ်ချင်ကြဘူး။စာဖတ်ရတာပျင်းတယ်။အဲလိုလူတွေအတွက် စာကိုဘယ်လိုထိထိရောက်ရောက်ဖတ်ရမလဲ ဆိုတာနဲ့ပတ်သတ်ပြီး မျှဝေပေးချင်ပါတယ်။

➽ ကိုယ်သဘောကျတဲ့ စာပေအမျိုးအစားကို အရင်ဖတ်ပါ။

စာဖတ်တယ်လို့ပြောလိုက်ရင် လူတွေက ဘ၀တိုးတက်ရေးစာအုပ်တွေဖတ်မှ စာဖတ်တယ်ထင်ကြတဲ့သူတွေရှိတယ်။တကယ်တော့မဟုတ်ပါဘူး။ဘယ်စာပေအမျိုးအစားကိုပဲဖတ်ဖတ် စာဖတ်တာပါပဲ။ချိုလည်း အရင်ကအဲလိုကြုံခဲ့ဖူးပါတယ်။သုတစာအုပ်တစ်အုပ်ကိုသွားဖတ်လိုက်တာ။အဲထဲက အကြောင်းအရာတွေက ချိုဦးနှောက်နဲ့ လိုက်မမှီအောင်ရေးထားတဲ့ စာတွေဖြစ်နေတယ်။အဲတော့ချိုအနေနဲ့ စာဖတ်ခြင်းကို ငြီးငွေ့လာတယ်။မနှစ်သက်‌‌ဘူး။စာဖတ်တာ ချိုနဲ့မကိုက်ဘူးလို့ ထင်လာတဲ့အထိပါပဲ။အဲဒါကြောင့် စာခုမှစဖတ်မယ် သူလေးတွေဆိုရင် ကိုယ်သဘောကျတဲ့ စာအမျိုးအစားကိုသာစဖတ်ပါ။

Read what you love until you love to read

ကိုယ်က အချစ်၀တ္ထုတွေကြိုက်တာလား၊သရဲ၀တ္ထုတွေကြိုက်တာလား၊ဟာသ၀တ္ထုတွေ ကြိုက်တာလား။ဘယ်လိုစာပေမျိုးဖြစ်ဖြစ် ကိုယ်ကြိုက်တဲ့ စာပေကိုသာ အရင်ဖတ်ကြည့်ဖို့ တိုက်တွိန်းပါတယ်။

➽ ကိုယ်ရဲ့ စိတ်ကိုပြောင်းပါ။

ဒီနည်းလမ်းကတော့ ကိုယ့်ကိုယ်ကို လှည့်စားခြင်း နည်းလမ်းလို့ပြောလို့ရတယ်။ချိုပတ်၀န်းကျင်မှာတွေ့နေရတဲ့သူအများစုက သူတို့ကိုယ်သူတို့ စာဖတ်ခြင်းကို မနှစ်သက်ဘူးလို့ ခံယူထားကြတယ်။အဲဒါကြောင့် စာဖတ်ရမယ်ဆို သေလောက်အောင် ကြောက်ကြတယ်။အဲလိုမဖြစ်အောင်ဆို ကိုယ်ရဲ့mindsetကိုပြောင်းဖို့လိုပါတယ်။

ကိုယ့်ကိုယ်ကို "ငါစာဖတ်ရတာကြိုက်တယ်။ငါစာဖတ်ခြင်းကို နှစ်သက်တယ်"ဆိုတဲ့ စကားလေးတွေပြောပေးပါ။ကိုယ်စိတ်က တကယ် လက်ခံယုံကြည်သွားတဲ့အထိပေါ့။ကိုယ့်ကိုယ်ကို စာဖတ်ရတာသဘောကျတဲ့သူတစ်ယောက် အဖြစ် ရှုမြင်ကြည့်ပါ။ဒီနည်းလမ်းက တစ်ခြားသူတွေအတွက် မသိပေမယ့် ချိုအတွက်တော့အသုံး၀င်ခဲ့လို့ စမ်းကြည့်စေချင်ပါတယ်။

➽ စာဖတ်ဖို့ရှာ အခွင့်အလမ်းဖန်တီးပါ။

ချိုကတော့ စာစဖတ်မယ်လို့ ဆုံးဖြတ်လိုက်တာနဲ့ စာအုပ်၀ယ်တာဖြစ်ဖြစ်၊ငှားတာဖြစ်ဖြစ်အရင်လုပ်လိုက်တယ်။ကိုယ်မျက်စိရှေ့မှာရှိနေတော့ကျ စာဖတ်ချင်စိတ်ပိုဖြစ်စေတယ်လို့ ခံစားရလို့ပါ။

ဒါမှမဟုတ်book clubတွေကိုjoinတာဖြစ်ဖြစ်၊စာအုပ်ချန်နယ်တွေထဲ ၀င်ထားတာဖြစ်ဖြစ်၊စာအုပ်appတွေကို ဒေါင်းထားတာမျိုး လုပ်လို့ရပါတယ်။အဓိကက ကိုယ်မျက်စိရှေ့မှာ စာဖတ်ဖို့ အခွင့်အလမ်းတွေပြင်ထားပေးဖို့လိုတာပါ။

Telegram သုံးတဲ့သူတွေဆို ဒီစာအုပ်ချန်နယ်လေးတွေမှာ စာအုပ်တွေ ရှာပြီးဖတ်ကြည့်လို့ရပါတယ်။

https://t.me/PE2C313

https://t.me/black_white_Library

https://t.me/futurelibrary74

Appအနေနဲ့ဆိုရင်တော့Shwe noteနဲ့Sar phat ကိုrecommendပေးပါတယ်။

➽ အသံနဲ့ စာဖတ်ပါ။

တစ်ချို့ကျတော့ စာဖတ်ရတာကျင့်သားမရတာ၊ဒါမှမဟုတ်အချိန်မရှိတာမျိုး ရှိတတ်ကြတယ်။အဲလိုလူတွေ အတွက်ဆိုရင်တော့audio bookနားထောင်လို့ရပါတယ်။စာဖတ်တယ်ဆိုတာ စာအုပ်ကြီး ကိုင်ဖတ်နေမှာ စာဖတ်တာမဟုတ်ပါဘူး။အဓိကက ကိုယ်ဦးနှောက်အလုပ်လုပ်နေဖို့ပါပဲ။

audio book အတွက်ဆိုရင်တော့ ဒီyoutube channelလေးတွေကို recommendပေးချင်ပါတယ်။
https://youtube.com/@audiobooksbyeimya?si=dQf7zfOcXmjGFeDe

https://youtube.com/@sandysmyanmaraudiobook?si=-h94BHj-VKezG1SP

https://youtube.com/@mmbookschannel?si=rgSkCYk7eq6w58n7

➽ စိတ်ဝိညာဉ်၀င်ပူးပြီးဖတ်ပါ။

အဓိကအနေနဲ့ ရသစာပေတွေကိုဖတ်တဲ့အခါ မပျင်းအောင်လုပ်တဲ့ နည်းလမ်းကတော့ စိတ်ဝိညာဉ်၀င်ပူးပြီးဖတ်တာပါ။ကိုယ်ကဒီနေရာလေးမှာထိုင်ပြီး စာဖတ်နေပေမယ့် ကိုယ်ရဲ့စိတ်ကတော့ ဇာတ်ကောင်တွေနောက်လိုက်နေတယ်။သုတို့ခံစားရသလို ကိုယ်ခံစားရတယ်။အဲလိုဖတ်ချင်းက ချိုတို့ကို ဘ၀သစ်တစ်ခုရလိုက်သလို ခံစားစေရမှာဖြစ်ပြီးတော့ စိတ်ဖိစီးမှုကိုလည်းလျော့ကျစေပါတယ်။

➽ကြွားဖို့ရှာအတွက် စာမဖတ်ပါနဲ့။

ဒီဖက်ခေတ်မှာ စာပေကိုမြတ်နိုးလို့ စာဖတ်တာထက် ငါစာဖတ်တယ်ဆိုပြီး ကြွားချင်လို့စာဖတ်တာများနေပါတယ်။ချိုကတော့အဲလိုတွေမဖြစ်စေချင်ဘူး။အဓိက ကိုယ်စာအုပ်တစ်အုပ်ကိုဖတ်ပြီးသွားတဲ့ချိန်မှာ အဲစာအုပ်က ကိုယ့်ဘ၀ကို ဘယ်လိုလွှမ်းမိုးသွားလဲ၊အဲစာအုပ်ထဲက ဘာတွေရလိုက်လဲ ဆိုတာပဲတွေးစေချင်တယ်။ငါစာဖတ်တယ်ဆိုပြီး စာအုပ်တွေရိုက်ပြီး လိုင်းပေါ်တင်နေစရာမလိုပါဘူး။အဓိကက ကိုယ့်အကြောင်း ကိုယ်သိရင်ရပါပြီ။

➽ အချိန်တစ်ခုထားပြီးစာဖတ်ပါ။

ကိုယ်မှာရှိတဲ့အချိန်24နာရီထဲကနေ စာဖတ်ချိန်ကို အနည်းဆုံး1နာရီလောက်တော့ထားသင့်ပါတယ်။စာဖတ်တာက သစ်ပင်စိုက်ရသလိုပါပဲ။ချက်ချင်းကြီးတော့ မသိသာပေမယ့် အချိန်တွေကြာလာတာနဲ့အမျှ သိသာလာပါတယ်။ကိုယ်ရဲ့အတွးအမြင်တွေရော၊စကားပြောပုံတွေရော၊ခံယူချက်တွေပါပြောင်းလဲလာပါတယ်။ဘ၀ကို ရှုထောင့်မျိုးစုံကနေကြည့်နိုင်လာပြီးတော့ ကိုယ်ချင်းစာစိတ်လည်း ပိုထားလာနိုင်ပါတယ်။အဲဒါကြောင့် ကိုယ့်ရဲ့တစ်နေ့တာထဲက1နာရီလောက်ကို ဖြစ်ဖြစ် စာဖတ်ဖို့ရှာထားလိုက်ချင်းက ကိုယ့်ကိုယ်ကို ရင်းနှီးမြုပ်နှံခြင်းတစ်ခုလိုပါပဲ။

➽ စာအုပ်ပြီးသွားရင် ခွဲခြမ်းစိတ်ဖြာပြီး တွေးပါ။

အဲဒါကတော့ တစ်ယောက်တည်းလုပ်လည်းရပေမယ့် အဖော်တစ်ယောက်ယောက်နဲ့ ဆွေးနွေးရင်တော့ ပိုအကျိုးရှိစေပါတယ်။ဒီစာအုပ်ထဲက ဇာတ်ကောင်တွေရဲ့ သဘာ၀တွေ၊တကယ်လို့ ငါသာအဲနေရာမှာဆိုရင်ရော ဘယ်လိုလုပ်လိုက်မလဲ ဆိုတဲ့အတွေးတွေ တွေးကြည့်သင့်ပါတယ်။ချိုအတွက်တော့ အဲအချိန်ကတွေးလို့အကောင်းဆုံးအချိန်ပဲ။အဲလိုတွေးခြင်းက လူတွေရဲ့သ‌ဘောသဘာ၀ကို ပိုနားလည်လာသလို၊ပြဿနာတွေကြုံလာရင် ဘယ်လိုဖြေရှင်းရမလဲဆိုတဲ့အသိတွေပါရစေပါတယ်။

➽ ကိုယ်ရလိုက်တဲ့ သင်ခန်းစာတွေကို ‌ရေးမှတ်ထားပါ။

ချိုတို့ဦးနှောက်ထဲမှာပဲ ထားလိုက်တာထက် အဲလိုရေးမှတ်လိုက်တာဟာ ပိုမှတ်မိစေသလို ချိုတို့ကိုအလုပ်ပြီးသွားတယ်လို့ ခံစားချက်ကိုပေးစွမ်းပါတယ်။အဲဒီအခါ ကျချိုတို့က ကိုယ့်ကိုယ်ကို အားရ‌ကျေနပ်တဲ့စိတ်တွေ‌ဖြစ်ပေါ်လာတယ်။အဲကြောင့် စာအုပ်တစ်အုပ်ပြီးတစ်အုပ် ထပ်ဖတ်ချင်လာပါတယ်။

ဒီနေ့ချိုsharingလုပ်ပေးသွားတဲ့ အကြောင်းအရာနဲ့ ပတ်သတ်ပြီးတော့ စာဖတ်သူလေးတွေအနေနဲ့ အကျိုးတစ်စုံတစ်ရာ ရသွားမယ်လို့ မျှော်လင့်မိပါတယ်။

ချစ်ရတဲ့ ချို☘?

#SandiCho
#Tips_for_effective_Reading

Keep Reading

စာစောင်နှစ်ဆယ့်ရှစ်-လက်ကျန်အချိန်တိုလေးစိတ်ညစ်စရာကြားကဆေးတစ်ခွက်စာစောင်နှစ်ဆယ့်ကိုး-စိတ်ရောကိုယ်ပါပြုပြင်ပြောင်းလဲခြင်းရှောင်တာက ကြောက်ခြင်းမဟုတ်စာစောင်သုံးဆယ့်ကိုး - အကြီးမားဆုံးဆုလာဘ်စာစောင်လေးဆယ် - အလိုကြီးအရနည်း ဟိုလိုလို ဒီလိုလို ဝေလည်လည်စာစောင်သုံးဆယ် - အရင်းအမြစ်ပြည့်စုံခြင်းစာစောင်သုံးဆယ့်နှစ်-ကိုယ့်ကိုယ်ကိုယ်နှစ်သိမ့်ခြင်းဧကရာဇ်မင်း၏ အတွေးမှတ်စု စာစောင်ငါး (၉-၁၄)