Author's Profile Photo

တိုက်စိုး

20/09/2024

လူငယ်ကြိုက်နှင့်လူကြီးကြိုက် (ဇာတ်သိမ်းပိုင်း)

1 min read
Art






လူငယ်ကြိုက်နှင့်လူကြီးကြိုက် (ဇာတ်သိမ်းပိုင်း)





's photo

ကောင်းပြီ။ နောက်တစ်ပုဒ်ကို ကျွန်တော်တို့ကြည့်ကြဦးမည်။ သခင်ဘသောင်း၏ ‘ပန်းသာ မစာအု
ဝတ္ထုကို ကျွန်တော် ကျောင်းသားအရွယ်က ဖတ်ခဲ့ရသည်။ ကျွန်တော့်အရွယ်တန်းရှိ လူများလည်း ကျွန်
တော့်နည်းတူ ဖတ်ဖူးကြမည်ဟု ကျွန်တော် ထင်သည်။ထိုဝတ္ထုကို စစ်ပြီးခေတ်တွင် ၉ တန်း၊ ၁ဝ တန်း မြန်မာစာ
အတွက် ပြဋ္ဌာန်းခဲ့သဖြင့် စစ်ပြီးခေတ် ကျောင်းသားများဖတ်ဖူးပြီးဖြစ်နေသည်။ ထို့ကြောင့် ထိုဝတ္ထုကို ဆွေး
နွေးရသော် ကောင်းအံ့ဟု ကျွန်တော်ရွေးချယ်ရပေမည်။ဇာတ်လမ်းကို ပြန်၍ မွှေးရမည်ဆိုလျှင်ပေပင်ကုန်းရွာနေ ဦးပန်းအောင်တို့အိမ်သားသည် ပန်းသာဆွေကြီးမျိုးမှ ဆင်းသက်ခဲ့သော်လည်းဈေးနေ့တွင် ထင်းရောင်းလိုက်ရလောက်အောင် ဆင်းရဲလှ၏။ တစ်နေ့နံနက်တွင် ဦးပန်းအောင် ထန်းရေအမူးလွန်သဖြင့် သမီးဖြစ်သူ မစာအုက မောင်ကလေးနှင့်အတူ ထင်းရောင်းသွားရသည်။ လှည်းပေါ်တွင် သူတို့အိပ်ပျော်နေစဉ် နွားလန့်သဖြင့် လှည်းသည် မြောင်းထဲသို့ ထိုးကျသည်။ နွားလည်း နံရိုးကို ရှားငုတ်တိုစူးမိသဖြင့် သေသည်။ အိမ် စားရေးသောက်ရေးကို ထိခိုက်သဖြင့် ‘အု’မှာ စိတ်မကောင်း။ ထိုအတွင်း အမေဖြစ်သူက ‘အု’ကို မြို့ရှိ ပန်းသာခင်လေးတို့နှင့် ဆွေမျိုး
အစပ်သွားခိုင်းသည်။ “အု”သည် မသွားချင်သော်လည်းသူ့မိဘကို အကူအပံ့ဖြစ်စေရန် မြို့သို့ သွားရသည်။သို့ဖြင့် ပန်းသာခင်လေးအိမ်တွင် ‘အု’သည် ဆွမ်းချက်၊ပန်းခူး စသော ဝေယျာဝစ္စများကို လုပ်ရသည့်သူဖြစ်လာသည်။

သို့သော် ‘အု’သည် ထိုအိမ်၌ အလျှင်း မပျော်ပိုက်။ ပန်းသာခင်လေး၏သား ဘင်္ဂလားပြန် ပန်းသာမောင်မောင်မှာဣတ္ထိရတ်သမားဖြစ်သည်။ ပန်းသာမောင်မောင်က “အု” ၏ အိမ်အတွက် နွားဝယ်ပေး၊ကလေးများအတွက် အဝတ်အစားဝယ်ပေးနှင့် အသားလို၍ အရိုးတောင်းသည်။ ‘အု ံ လည်း အိမ်ကိုစွဲ၍သည်းခံနေရ၏။ အမှန်ဆိုလျှင် ပန်းသာခင်လေးတို့အိမ်သားသည် ပန်းသာဆက်မဟုတ်ဘဲ ငွေစကြေးစရှိလာသောကြောင့် ရပ်ရွာ၏ မြှောက်ပင့်ပေးခြင်းဖြင့်ထိုအမည်တွင်နေကြခြင်း ဖြစ်သည်။ ကြာခံရဤတွင် ဒုက္ခရောက်ဖို့ ဖန်လာသည်မှာ 'အ'သည် တစ်ည၌ ဝေဠုဝန်နတ်ကွန်းမှအပြန်တွင် ပန်းသာမောင်မောင်၏လက်တွင် ရေတိမ်နစ်ရခြင်းဖြစ်သည်။‘အု’သည် ပေပင်ကုန်းသို့ပြန်၏။ ရွာ၌ပင်ကလေးမွေးသည်။ ထိုကလေးလည်း မကြာမီ ဆုံး၏။ ‘အု’လည်းရှားပင်စုရွာတွင် သွား၍ မြေပဲကောက်သည်။ သူနေသောအိမ်တွင် မြို့သား လူရတတ် မောင်ဒေဝလည်း နေသည်။ သူသည် စီးပွားရေးအမြင်ရှိ၍ အလုပ်သဘောကို လက်တွေ့ နားလည်အောင် ရွာတွင် လာနေခြင်းဖြစ်သည်။ မောင်ဒေဝသည် ‘အု’ကို မေတ္တာရှိ၏။ “အု” ကလည်း အပျိုစင်ဘဝက မောင်ဒေဝကို သူ့ရွာ ဘုန်းကြီးကျောင်းတွင် မြင်ဖူးသည်။ ထိုအခါတွင် စိတ်ညွှတ်သလိုရှိခဲ့ဖူးသည်။ ယခုမူ မိမိနောက်ကြောင်းကြောင့် မချစ်ချင်။ သို့သော် မောင်ဒေဝ၏ လုံ့လကြောင့် နှစ်ဦး ချစ်ကြိုက်မိကြသည်။ မောင်ဒေဝလည်း မင်္ဂလာဆောင်ရန်ရက်ကိုတောင်း၏။ ‘အု’က ဟိုနေ့ရွှေ့ ဒီနေ့ရွှေ့ လုပ်
သည်။ ထို့နောက် မိမိအကြောင်းကို သိအောင်ဟုအကျိုးအကြောင်း စာတစ်စောင်ရေး၍ မောင်ဒေဝ၏အိပ်ခန်းတံခါးအောက်သို့ တစ်ညတွင် ထည့်သည်။မောင်ဒေဝက မတွေ့ ။ စာသည် ခန်းလုံးပြည့် ခင်းထားသော နှီးကြောဖျာအောက်တွင် ရောက်နေသည်ကို ‘အု’လည်း နောက်တစ်နေ့တွင် သိရသည်။ သို့ဖြင့် ‘အု’လည်း တအုံနွေးနွေးဖြင့် မောင်ဒေဝကို ယူသည်။ မင်္ဂလာဆောင်ပြီးနောက် သူတို့နှစ်ယောက် တစ်ယောက်အကြောင်း တစ်ယောက် ဖွင့်ပြောကြသည်။ မောင်ဒေဝကသူ ငယ်စဉ်က မိန်းမတစ်ယောက်နှင့် မှားယွင်းခဲ့ဖူးကြောင်းကို ပြောပြသည်။

‘အု’ကလည်း မိမိနောက်ကြောင်းကို ပြောပြသည်။ မောင်ဒေဝမှာ လက်မခံနိုင်။ အု”နှင့် ခဏဖြစ်ဖြစ် ခွဲနေကြမည်ဟု ငွေပေးကာ နှစ်ဦးခွဲခွာကြသည်။မောင်ဒေဝလည်း မြို့သို့ပြန်၊ မိဘများကို ခွင့်ပန်၍ ဂျာဗားကျွန်းသို့ ထွက်သွားသည်။ အုလည်း ရွာသို့ပြန်၏။သို့သော် မိမိ၏အဖြစ်ကို ရှက်သဖြင့် ကြာကြာမနေဘဲတစ်ရွာမှ တစ်ရွာသို့ပြောင်း၍ အလုပ်ရှာသည်။ နောက်ဆုံး၌ သူငယ်ချင်းမတစ်ဦး၏ အကူအညီဖြင့် ကျူတောရွာမတွင် ရိုးရည်ရိတ်သည်။ ရှား
ပင်စုတွင် အလုပ်လုပ်ဖက်ဖြစ်ခဲ့သော မရွှေမှုံလည်းလာ၍ပေါင်းသည်။ သို့သော် စိတ်မကောင်းစရာ ဖြစ်ရသည်မှာ မရွှေမှုံကို မောင်ဒေဝက ဂျာဗားကျွန်းသို့ သူနှင့်လိုက်ခဲ့ရန် ခေါ်ဖူးကြောင်းသတင်း ဖြစ်လေသည်။ “အု”လည်း မောင်ဒေဝသတင်းကိုမေးရန် မြို့ရှိ ယောက္ခမများ၏ အိမ်သို့သွားသည်။

မြို့တွင်ယောက္ခမများမှာ ဥပုသ်စောင့်သွားနေသဖြင့် မတွေ့ ရ။လမ်း၌ သူ့ခဲအိုများနှင့် မောင်ဒေဝနှင့် စောစောက သူ့မိဘများက ရည်မှန်းထားသော မခင်သူတို့က သူ့အကြောင်း မှိုချိုးမျှစ်ချိုးပြောသည်ကို မတော်တဆ ကြား
ရသဖြင့် ဝမ်းပန်းနည်း၍ ပြန်လာသည်။ အပြန်တွင်ပန်းသာမောင်မောင်နှင့် တွေ့သည်။ ပန်းသာမောင်မောင်
လည်း သူ့အကြောင်းရိပ်မိ၍ မင်္ဂလာဆောင်ယူမည်၊လိုက်နေပါဟု သွေးဆောင်ပြန်သည်။ “အု” လည်း
မောင်ဒေဝထံသို့ သူ့ယောက္ခမများထံမှတစ်ဆင့် သူ့ကိုပစ်မထားရန် စာရေးသည်။ထို့နောက် ပေပင်ကုန်းသို့ ပြန်သွား၏။ “အု”၏အဖေလည်း မကြာမီ ဆုံးသည်။ နေရင်းအိမ်မှလည်းသူတို့ ထွက်ကြရသည်။ ‘အု’လည်း မောင်ဒေဝထံသို့စာရေးပြန်၏။ နောက်ဆုံး ခိုကိုးရာမဲ့ဖြစ်လာသဖြင့် ပန်းသာမောင်မောင် လက်ထဲသို့ ပြန်ရောက်သည်။

မောင်ဒေဝလည်း ‘အု’ပေါ် စိတ်လည်လာပြီးလျှင် ဂျာဗားကျွန်းမှ ပြန်လာ၏။ ‘အု’ကို လိုက်၍ရှာရာ ပန်းသာမောင်မောင်၏အိမ်တွင် တွေ့ ရတော့သည်။မောင်ဒေဝလည်း ခရီးလွန်နေပြီကိုသိကာ အိမ်မှခွာ၏။မကြာမီ ‘အု’သည် မောင်ဒေဝနောက်သို့ ပြေးလိုက်လာကာ သူ မောင်ဒေဝနှင့် ပြန်ပေါင်းထုပ်သည်။‘အု’သည် ပန်းသာမောင်မောင်ကို ဓားနှင့် ထိုးသတ်ခဲ့ပြီးလျှင် မောင်ဒေဝ၏နောက်သို့ လိုက်လာခြင်းဖြစ်သည်။ ‘အု’သည် မောင်ဒေဝနှင့် စိတ်တူကိုယ်တူပေါင်းသင်းရသဖြင့် ကျေနပ်၏။ သို့သော် ကြာကြာမပေါင်းလိုက်ရ။ လူသတ်မှုဖြင့် ကြိုးပေးခံရသည်။ဤသည် ‘ပန်းသာမစာအု' ဝတ္ထု၏ ဇာတ်လမ်းအချုပ်ဖြစ်လေသည်။ အတွေ့အကြုံများသော ဝတ္ထုဖတ်သူသည် ထိုဝတ္ထုကို ဖတ်ပြီးသည်၌ အပြစ်အနာအဆာများကို လွယ်လွယ်ပင် တွေ့လာလိမ့်မည်ဟုကျွန်တော်ထင်သည်။ ‘အု’သည် သူ့နောက်ကြောင်းကိုရေးပြသောစာကို မောင်ဒေဝက မတွေ့ရခြင်း၊ ‘အု’သည်ယောက္ခမများ၏အိမ်သို့ သွားရာတွင် သူ့ခဲအိုတော်များနှင့် မခင်သူက သူ့အကြောင်းကို မှိုချိုးမျှစ်ချိုးပြောသဖြင့်စိတ်အားငယ်ရခြင်း စသော အခန်းတို့သည် ဇာတ်နာအောင် တမင်လုပ်သော ချွတ်ယွင်းချက်များဖြစ်သည်။တစ်ဖန် “အု’နှင့် သူ့မောင်ကလေးသည် ဈေးနေ့အမီထင်းရောင်းသွားကြရာတွင် ကြယ်တွေကိုကြည့်ရင်း ...ငွေဝ“အစ်မကြီးရေ ... ကြယ်တွေဟာလည်း ကမ္ဘာတွေပဲလား”''အေး“ကျုပ်တို့ ကမ္ဘာလိုပေါ့နော်”
“ဒါတော့ ငါမသိဘူး၊ ဟုတ်မှာပေါ့။ တို့ ဥသျှစ်ပင်ပေါ်က ဥသျှစ်သီးတွေလိုပေါ့။ ဝန်းဝန်းစက်စက်နဲ့
လှတာလည်း လှတာပေါ့။ တချို့ တစ်လုံးတလေလည်းအပုပ်ပါတာပေါ့”သည်“အနို့ ကျုပ်တို့နေတဲ့ကမ္ဘာက ဘယ်လိုကမ္ဘာမျိုးလဲ။ ဝန်းဝန်းစက်စက်ထဲကလား၊ အပုပ်ထဲကလား'“အပုပ်ထဲက”“ဒါဖြင့် ကျုပ်တို့ သိပ်ကံဆိုးတာပေါ့နော် အစ်မကြီး။ ဝန်းဝန်းစက်စက် အပေါသားနဲ့ ဒီအပုပ်ကြီးပေါ်လာရောက်နေရတာ”“ဟုတ်တာပေါ့ မောင်လေးရဲ့“အစ်မကြီးပြောတာ တကယ်ပဲလား။ အနို့ကောင်းတဲ့ ကမ္ဘာပေါ်မှာ ကျုပ်တို့ နေရမည်ဆိုရင် သိပ်
ကောင်းမှာပဲနော်။ ဘယ်လိုနေမလဲ သွားနေကြည့်ချင်လိုက်တာ”“ဘယ်လိုနေမလဲဟဲ့၊ ကောင်းတဲ့ကမ္ဘာမှာ သွားပြီးနေရမယ်ဆိုရင် အဖေ့မှာလည်း ဒီလို ချောင်းတဟွပ်ဟွပ် ဆိုးမနေရဘူး။ ဒီလိုလည်း ထင်းရောင်းမသွားနိုင်အောင် သိပ်ပြီးလည်း ထန်းရည်မူးမှာမဟုတ်ဘူး။ အမေလည်း မောင်းတစ်ထောင်းတည်း ထောင်းနေရမှာမဟုတ်ဘူးပေါ့”
 ပင် ဟူ၍ အချီအချပြောနေမိကြသည်။ အု’ကဲ့သို့တောသူအရိုင်းကလေးသည် ထိုကဲ့သို့ စကားမျိုးကိုရှာရှာဖွေဖွေ ပြောတတ်အောင် ဝတ္ထုရေးဆရာက ဖန်တီးထားသည်မှာ လွန်လွန်းရာရောက်ပေသည်။ ထို့ပြင် “အု”ကို မောင်ဒေဝ မင်္ဂလာဆောင်အထိမ်းအမှတ်ဖြစ်သည့်လက်စွပ်ပေးခြင်း၊ မရွှေမှုံကို ဂျာဗားကျွန်းသို့ လိုက်ရန်ခေါ်ခြင်း စသော မြန်မာ့စရိုက် မပီသသည့် ချွတ်ယွင်းချက်များလည်း ရှိသေးသည်။

သို့သော် ထိုဝတ္ထုသည် ချွတ်ယွင်းချက်များအကြားမှပင် ဝတ္ထုဖတ်သူအား ပုစ္ဆာတစ်ပုဒ်ကို တစ်မေးတည်းမေလျက်ရှိသည်။ ထိုပုစ္ဆာကား အခြားမဟုတ်။‘အု’သည် မိန်းမကောင်းကလေးဖြစ်၏။ သို့ပါလျက် သူ့ဘဝသည် အဆင်မပြေဖြစ်ရသည်။ လောကကို တရားစောင့်သည်ဆိုသည်မှာ ဟုတ်ပါရဲ့လားဆိုသည့် ပုစ္ဆာမျိုး၊ သို့မဟုတ် လူသတ္တဝါများသည် မိမိတို့ကံကြမ္မာကိုမိမိတို့ ဖန်တီးနိုင်သည်ဆိုသည်မှာ တကယ်ပင်လား၊ ကံစီမံရာခံရသည်မဟုတ်လားဆိုသည့် ပုစ္ဆာမျိုး၊ သို့မဟုတ်ငွေစထွန်းသောလောက (ဝါ) လူတန်းစားကွဲပြားလှသော လောကတွင် တရားမျှတမှုရှိနိုင်ပါ့မလားဆိုသည့်ပုစ္ဆာမျိုးဖြစ်သည်။ မှ ချူ ခဲ့ပြဌာပွဲ ပြန်ကောက်ရသော် ထိုဝတ္ထုတစ်ခုလုံးတွင်အပြစ်အနာအဆာတွေ ပေါ၏။ ဇာတ်နာအောင် ဖန်တီးမှုများရှိ၏။ သို့ပါလျက် ဝတ္ထုဖတ်သူ၌ အထက်ပါ ပုစ္ဆာ(များ)ကို တစ်ပေါ်တည်းပေါ်နေရလောက်အောင် ဝတ္ထုရေးဆရာက ဇာတ်လမ်းကို သယ်သွားနိုင်စွမ်းရှိသည်။

ထိုပုစ္ဆာသည် ဝတ္ထုဖတ်ပြီး ခဏတွင်သာ ဝတ္ထုဖတ်သူ၌ပေါ်နေသည်မဟုတ်။ ထိုဝတ္ထုဖတ်ပြီးသည့်နောက်လည်း
ဝတ္ထုဖတ်သူ၏ ခေါင်းထဲ၌ တရစ်ဝဲဝဲရှိနေမည်မှာ မုချဖြစ်လေသည်။ ထိုသို့ဖြင့် ဘဝပုစ္ဆာကိုမေး၍ ဘဝအဖြေ
ကို တောင့်တအောင် စေ့ဆော်နိုင်အောင် ဝတ္ထုမျိုးကိုကျွန်တော် ကြီးပြင်းလာသောအခါ ကြိုက်လာ စုံမက်လာမိတော့သည်။
၁၉၆၆
#တိုက်စိုး






Keep Reading

မျက်နှာကို တော်တော်တည် ထားသည်လွင့်မျောနှင်းစက်များအနုပညာ ဟန် တစ်ခု ခိုင်ခိုင်မာမာနောက်လိုက်လျှောက်သူ ရှိမြဲ။ ( Trends အကြောင်း )ကိုဝင်းဦးသို့ အလွမ်းပြေပေးစာ❝ဈေးရောင်းခြင်း အနုပညာ❞"အချစ်ဦး"တဲ့လွမ်းသမျှ စာတင်ဦးညိုအေးကြီးကို ကျေးဇူးတင်တယ်ကိုယ်ကောင်းလျှင် ခေါင်းဘယ်မှမရွေ့ အမှတ်တရသစ်ပင် -------------------