မြသွန်း(တောင်ဒဂုံ)
?ဒီဗီဒီယိုကိုကြည့်နေတဲ့သူတွေထဲမှာ Colaကြိုက်တဲ့သူတွေပါရင် အဆုံးထိနားထောင်ကြည့်သွားကြဖို့ အထူးတိုက်တွန်းချင်ပါတယ်။ အားလုံးနားဆင်ပြီးမှ ဆက်သောက်တာ၊ မသောက်တာကတော့ မိတ်ဆွေတို့ရဲ့ဆုံးဖြတ်ချက်ပါပဲ။ ကိုကာကိုလာနဲ့ အိမ်သာတောင်ဆေးလို့ရတယ်ဆိုတာကို အားလုံးကြားဖူးကြမယ်ထင်ပါတယ်။ ဒီတစ်ခါမှာတော့ ကိုလာထည့်ထားတဲ့ကန်ကြီးထဲကို လူတစ်ယောက်က တစ်လကြာတဲ့အထိ ဝင်စိမ်မိရင် ဘာတွေဆက်ဖြစ်လာမလဲ? ဒီလူကရော ဘယ်လိုကြောက်စရာကောင်းတဲ့ပုံစံကြီးကို ပြောင်းလဲသွားမလဲ? စတဲ့အကြောင်းရာလေးကို ပြောပြပေးသွားမှာဖြစ်ပါတယ်။ ပထမဦးဆုံး လူရဲ့သွားနဲ့စမ်းသပ်ချက်လေးကို တစ်ချက်လေ့လာကြည့်ရအောင်။
? တကယ်လို့ သင့်ရဲ့သွားကို အခုလိုမျိုး ကိုကာကိုလာအရည်ထဲ စိမ်ထားလိုက်မယ်ဆိုရင် ရက်(၃၀)ကြာပြီးတဲ့နောက်မှာ အဲ့ဒီသွားက လုံးဝပျောက်ကွယ်သွားမှာပဲဖြစ်ပါတယ်။ အမှုန်အမွှားသေးသေးလေးတောင် မကျန်အောင် လုံးဝ(လုံးဝ)ကို ပျောက်ကွယ်သွားမှာပါ။ ဒုတိယစမ်းသပ်ချက်မှာတော့ ကြက်ဥတစ်လုံးကို အသုံးပြုထားပါတယ်။ အဲ့ဒီကြက်ဥကို ကိုလာအရည်ထဲမှာ ရက်(၃၀)ကြာအောင် စိမ်ထားလိုက်တဲ့နောက်မှာတော့ ကြက်ဥက အခုလို အခွံခွာပြီးသားဖြစ်သွားမှာပါ။ နောက်ပြီးပုံစံကလည်း ဂျယ်လီလုံးလိုဖြစ်သွားပြီးတော့ ဒီလိုမျိုး အရောင်ကပါ အမဲရောင်ကာလာချိန်းသွားပါတယ်။ ဒီလိုစမ်းသပ်ပြီးရလာတဲ့ ကြက်ဥကိုလာစိမ်ကို စားလို့ရသေးလားဆိုတာတော့ မပြောတတ်ပါဘူး။ ဒီတစ်ခါမှာတော့ လူသားတစ်ယောက်နဲ့ စမ်းသပ်ကြည့်ပါမယ်။
? တကယ်လို့ လူတစ်ယောက်ကို ကိုကာကိုလာကန်ကြီးထဲမှာ တစ်လကြာစိမ်ခိုင်းလိုက်မယ်ဆိုရင် အစပိုင်းတော့ အဲ့ဒီလူက အရမ်းကို ပျော်ရွှင်မြူးတူးဖြစ်နေပါလိမ့်မယ်။ သူ့ပုံစံက ပြောမပြတတ်အောင်လန်းဆန်းနေပြီးတော့ စိတ်တွေကြွလာမှာပဲဖြစ်ပါတယ်။ အဲ့ဒီအချိန်တော့ ကိုလာကန်ထဲကလူဟာ သူ့ကိုယ်သူ အရမ်းကိုကျေနပ်အားရပြီးတော့ အလွတ်လပ်ဆုံးလူသားတစ်ယောက်လို ခံစားမိနေနိုင်ပါတယ်။ ဒါကလည်း cokeထဲမှာပါဝင်တဲ့ benzopyreneလို့ခေါ်တဲ့ ဓာတုပစ္စည်းတစ်မျိုးကြောင့်ပဲဖြစ်ပါတယ်။ အဲ့ဒီပါဝင်ပစ္စည်းက စိတ်ကြွလာအောင် လှုံ့ဆော်ပေးနေတာကြောင့် ကန်ထဲကလူက အခုလိုဖြစ်နေတာပါ။ ဒါမယ့် ဒါတွေအားလုံးက အတုယောင်တွေချည်းပါပဲ။
?သူ့ထဲမှာစိမ်နေရင်တော့ အဲ့ဒီလူက အချိန်တစ်ခုအထိ စိတ်တွေတက်ကြွနေပြီး လန်းဆန်းနေမယ်ဆိုတာမှန်ပေမယ့် ကန်ထဲကနေ ခဏလေးထွက်လိုက်မိရင်တော့ မခံမရပ်နိုင်တဲ့ဝေဒနာတွေကို စတင်ခံစားရတော့မှာပါ။ အဲ့ဒီလူရဲ့စိတ်တွေက လုံးဝကိုထွေပြားရှုတ်ထွေးပြီးတော့ စိုးရိမ်တာတို့၊ ဒေါသထွက်တာတို့၊ စသဖြင့် ခံစားရစေနိုင်ပါတယ်။ အဲ့ဒီအချိန်မှာ အခုလိုစိတ်ခြောက်ခြားမှုတွေကနေ သက်သာစေမယ့် တစ်ခုတည်းသောနည်းလမ်းကတော့ ကိုလာကန်ထဲကို ပြန်ဝင်စိမ်ဖို့ပဲဖြစ်ပါတယ်။ ဒါက နောက်ဆုံးနည်းလမ်းတစ်ခုပါပဲ။ ပြောရမယ်ဆိုရင် သင့်ရဲ့ခန္ဓာကိုယ်က မူးယစ်ဆေးဝါးစွဲလမ်းသွားသလို ဖြစ်သွားမှာပါ။ သိပ်မကြာခင်မှာတော့ တစ်ကိုယ်လုံးက အရေပြားတွေဟာ စူးရှရှဝေဒနာကို စတင်ခံစားရပါလိမ့်မယ်။
?အရေပြားတွေက အဆက်မပြတ်တိုက်စားခံနေရတာကြောင့် အရည်ကြည်ဖုထလာတာ၊ ဖောရောင်လာတာ၊ စပ်ဖျင်းဖျင်းဖြစ်လာတာ စသဖြင့် ဆက်လက်ခံစားရပါလိမ့်မယ်။ ဒါ့အပြင် အသားရည်ကလည်း ကြက်ဥတုန်းကလို မဲညစ်ညစ်အရောင်ဖြစ်လာမှာပါ။ ကိုလာကန်ထဲမှာ အချိန်ကြာကြာနေလေ ပိုဆိုးလာလေပါပဲ။ နောက်ဆုံးအဆင့်ရောက်ရင်တော့ ခန္ဓာကိုယ်ထဲက သွေးကြောမျှင်လေးတွေက ကျဉ်းမြောင်းလာပြီးတော့ သွေးပေါင်ချိန်ကိုလည်း ဆောင့်တက်စေနိုင်ပါတယ်။ ဒီလိုဖြစ်ပြီဆိုရင်တော့ အဲ့ဒီလူလည်း နှလုံးရောဂါနဲ့ပဲ ချက်ချင်းဘဝကူးသွားမှာဖြစ်ပါတယ်။ ဒီလောက်တင်မဟုတ်သေးပါဘူး... ကိုလာထဲမှာပါတဲ့ ကာဗွန်နစ်အက်စစ်တွေက ကျန်ရှိနေတဲ့ရုပ်အလောင်းကိုပါ ဆက်လက်တိုက်စားဝါးမြိုသွားမှာဖြစ်လို့ အရှေ့ကသွားလေးလိုပဲ အရိုးတစ်မှုန်တောင် ကျန်ရစ်တော့မှာမဟုတ်ပါဘူး။
?ဒီလောက်ဆိုရင် နောက်တစ်ခါ ကိုလာသောက်ဖို့တောင် အများကြီးစဉ်းစားရတော့မှာပါ။ မိတ်ဆွေတို့ရော ဒီအကြောင်းကို နားဆင်ပြီးတဲ့နောက်မှာ ကိုကာကိုလာသောက်ရဲကြသေးလားရှင်..?
Keep Reading