Author's Profile Photo

San G

20/09/2024

သူတို့နေရာနှင့် သူတို့တန်ဖိုး

1 min read
Life Style
Art

နေရာတဲ့ ...
နေရာ၏ အဓိပ္ပာယ်သတ်မှတ်ချက်မှာ တာဝန်ကျရာအရပ်၊ လက်ရှိရောက်ရှိနေတဲ့အဆင့်၊ လက်ရှိနေထိုင်ရာဒေသ၊ လက်ရှိတည်နေရာ လို့ အများအားဖြင့် သိရှိရပါသည်။

တန်ဖိုး...
ရှင်းပါတယ် ၊ စာဖတ်သူတို့ သိရှိတဲ့အတိုင်းပဲ အရေးပါ အရာရောက်တဲ့ သတ်မှတ်ဖော်ပြချက်တစ်ခု၊ ကိန်းဂဏန်းနဲ့သတ်မှတ်ဖော်ပြလျှင် သတ်မှတ်ပမာဏ တစ်ခု။

လမ်းခင်းကျောက်ကလည်း သူ့နေရာနှင့်သူ တန်ဖိုးရှိတယ်။

ကျောက်မျက်ရတနာ စာရင်းဝင်ဖြစ်တဲ့ စိန်၊ ပတ္တမြား၊ နီလာ၊ မြ၊ ဥဿဖရား၊ စသဖြင့် ရတနာစာရင်းဝင်တွေကလည်း သူ့တန်ဖိုးနှင့်သူတို့ပင်။

လမ်းခင်းကျောက်ကို ဘုရင်၊ ဘုရင်မတွေ ဆောင်းလေ့ရှိတဲ့ သူရဖူမှာ ဘာလို့မသုံးတာလဲ။ ဈေးပေါလို့လား၊ ဖောချင်းသောချင်း ပေါများနေလို့လား။ တန်ဖိုးမထားလို့လား။

ကျောက်တန်ပတ္တမြား၊ စိန်၊ မြ၊ နီလာ၊ ဥဿဖရားတွေကိုရော လမ်းခင်းရာမှာ ဘာလို့ မသုံးတာလဲ။ ဈေးကြီးလို့လား။ ရှားပါးတွင်းထွက်တွေမလို့လား။ တန်ဖိုးထားလို့လား။

လမ်းခင်းကျောက်တွေလဲ တွင်းထွက် ကျောက်တွေပဲ။တော်ဝင်ရတနာကျောက်မျက်တွေလဲ တွင်းထွက်ကျောက်တွေပဲလေ။ ဘာလို့များလဲ။

လမ်းခင်းကျောက်လေးက ဒုပေး ဒဏ်ပေးခံ၊ ဥတုရာသီဒဏ်ခံနိုင်လို့ ပေါများလို့ မင်းကလမ်းခင်းတဲ့ အဆင့်ဆိုပြီး သတ်မှတ်ထားတာလား... လမ်းခင်းကျောက်ကရော တော်ဝင်နန်းမထိုက်သင့်ဘူးလား...

ရွှေနန်းတော်က အာဏာအရှိဆုံး ဘုရင်ကြီးရဲ့ဦးထိပ်ပေါ်က သရဖူကြီးပေါ်မှာ ဝင့်ကြွားမြတ်နိုးစွာနေရဖို့အ‌တွက်
လမ်းခင်းကျောက်လေးတွေ ဖောက်ထား၊ ခင်းထားပေးတဲ့
လမ်းပေါ်ကနေ နင်းကြိတ်ပြီး အစောင့်အရှောက်တွေခြံရံလျှက် ဖြတ်သွားမှရောက်တာမဟုတ်လား...

ထိုသို့ နန်းထိုက်တော်ဝင်ရတနာတွေ ဖြတ်သွားစဉ် အောက်ကို ငုံ့ကြည့်ပြီး လမ်းခင်းကျောက်လေးတို့ရေ မင်းတို့ကို ငါတို့အားနာပါတယ်ကွာ၊ ကျေးဇူးလဲတင်ပါတယ်၊ မင်းတို့ကျေးဇူးကြောင့် ငါတို့ အဖိုးတန်တော်ဝင်ရတနာတွေအဖြစ် နန်းတော်ထဲမှာနေရလို့ လို့ မပြောသင့်ပေဘူးလား... ငုံ့တောင်မကြည့်၊ ကျေးဇူးမတင်တဲ့အပြင်၊ အဆင့်အတန်းခွဲခြားသည့် စကားပါပြောသွားလည်း လမ်းခင်းကျောက်လေးတွေက အပြစ်မမြင်၊ ပင်ပန်း၍ နာလှသော်လည်း အောင့်အီးသည်းခံ အပြုံးမပျက်...မင်းတို့ နန်းတော်ထဲမှာ တန်ဖိုးထားခံရတော့ ငါတို့လည်း တကယ်ဝမ်းသာပါတယ်ကွာတဲ့...

Keep Reading

စာစောင်နှစ်ဆယ့်ရှစ်-လက်ကျန်အချိန်တိုလေးအာရုံစူးစိုက်မှုစိတ်ညစ်စရာကြားကဆေးတစ်ခွက်ပါပီလွန်နှင့်ဗင်ဂို စာအုပ်ထဲက နိုးစက်စိတ်ဓာတ်ကျနေတဲ့အခါဒေါင်လိုက်ဒရာမာ (Vertical Drama)ရှောင်တာက ကြောက်ခြင်းမဟုတ်စာစောင်နှစ်ဆယ့်ကိုး-စိတ်ရောကိုယ်ပါပြုပြင်ပြောင်းလဲခြင်းအချိန်ဆွဲတာကိုကုစားမယ် စာစောင်သုံးဆယ့်ကိုး - အကြီးမားဆုံးဆုလာဘ်