Author's Profile Photo

မိုးနှောင်းအလင်္ကာ

19/09/2024

အပြုံးနှင့်ခရီးသွားခြင်း။

1 min read
Life Style
General Knowledge
18 Again
အပြုံးနှင့်ခရီးသွားခြင်း။'s photo

အပြုံးဆိုတာ တကယ်တော့ အနူးညံ့ဆုံးလက်နက်ပါ။
အပြုံးဆိုတာ တန်ဖိုးအရှိဆုံးနဲ့၊အလကားရတဲ့ ပစ္စည်းပါ။
အပြုံးဆိုတာ ဂုဏ်သိက္ခာနဲ့ရင့်ကျက်မှုရဲ့ ပြယုဂ် ပါ။
အပြုံးရဲ့တန်ဖိုးကို လူတိုင်းသိကြပေမဲ့တချို့ကျပြုံးဖို့၀န်လေးနေကြတယ်။ များများပြုံးပါ။

ဘာကြောင့်အပြုံးက အနူးညံ့ဆုံးလက်နက် လို့ပြောခဲ့တာလည်း!?။ ဒါကတော့ လူတစ်ဦးတစ်ယောက်ဆီက ကိုယ့်ကို ချစ်ခင်လာအောင် သိမ်းသွင်းခြင်းမှာ အပြုံးဟာလက်နက်တစ်ခုပါ။အနူးညံ့ဆုံးသော လက်နက်နဲ့တိုက်ခိုက်တဲ့အခါ သင်ဟာသိမ်မွေ့သော တိုက်ခိုက်သူတစ်ဦးဖြစ်လာမှာပါ။

ဒါဆိုဘာကြောင့်အပြုံးဟာ တန်ဖိုးအရှိဆုံးနဲ့အလကားရတဲ့ ပစ္စည်းဖြစ်နေတာပါလည်း။ ဒါက အပြုံးဆိုတဲ့ လုပ်ရပ်ကို လူတိုင်းမလုပ်နိုင်သလို၊လူတိုင်းလုပ်တတ်တဲ့အရာတစ်ခုဖြစ်နေတာကြောင့်ပါ။ အပြုံးကို ပေါင်းသင်းဆက်ဆံရေးတွေမှာ လူတိုင်းမသုံးတတ်တဲ့အခါ၊ လုပ်ငန်းခွင်တွေမှာ ပြုံးဖို့ကို လူအတော်များများ မေ့နေကြတဲ့အခါ အပြုံးဟာအကျိုးရှိစွာအသုံးချတဲ့ သူတွေအတွက် တန်ဖိုးအရှိဆုံးဖြစ်သွားတာပါ။
ပြုံးတယ်ဆိုတာ လူတိုင်းလုပ်တတ်တဲ့အရာတစ်ခုဖြစ်ပြီး တမင် သင်ယူစရာမလိုတဲ့အတွက် အလကားရတဲ့အရာတစ်ခုလို့ပြောဖြစ်ပါတယ်။

အပြုံးဟာ ဂုဏ်သိက္ခာနဲ့ရင့်ကျက်မှုရဲ့ ပြယုဂ် ဖြစ်နေတာ ဘာကြောင့်လည်းဆိုရင် သိက္ခာရှိခြင်းဟာ အပြုံးကိုပန်ဆင်ပြီး ရင့်ကျက်ခြင်းဟာ အပြုံးကိုတည်ရှိစေခြင်းဖြစ်တာကြောင့်ပါ။
သိက္ခာတရားကို မြတ်နိုးတန်ဖိုးထားသော သူတို့ဟာ မာန်ပါတဲ့အမူအရာမျိုးနဲ့ အပြုံးပန်းကိုပန်ဆင်ခြင်းကြောင့်ဖြစ်တယ်။ ရင့်ကျက်တည်ငြိမ် သူတို့ဟာလည်း သိတတ်နားလည်သော အပြုံးတို့နဲ့ တည်ရှိနေခြင်းကြောင့်ပါ။

ဒါဖြင့်ဒီအပြုံးနဲ့ ကျွန်တော်တို့ ဘယ်လို ခရီးသွားမှာပါလည်း။
ဘ၀ခရီးတလျှောက်မှာ ကျွန်တော်တို့စာဖတ်သူတို့ဟာ မရပ်မနားလျှောက်နေကျတဲ့ ခရီးသည်တွေပါ။ကျွန်တော်တို့နဲ့အတူ အပြုံးကိုပါ အဖော်အဖြစ်နဲ့ ခရီးသွားမယ်ဆိုရင် ပိုကောင်းတဲ့ရလဒ်မျိုးရရှိနိုင်ပါတယ်။ ဘ၀မှာကိုယ့်ကို ရန်ပြုမဲ့သူကို အပြုံးဖြင့်ကြိုဆို
ခြင်းကား ချိုသာစွာဆက်ဆံခြင်းကား အပြုံးဟုခေါ်သော မေတ္တာဓာတ်ကြောင့် ရန်သူတောင် မိတ်ဆွေဖြစ်နိုင်၏။

ထို့ကြောင့် အပြုံးဖြင့်ခရီးသွားပါ။များများပြုံးပါ။ဒါဆိုရင်တော့ လျှောက်တဲ့လမ်းတိုင်း လူချစ်လူခင်​ပေါမှာ အမှန်ပါဘဲခများ။
ကိုယ့်ကို ကောင်းကောင်းဆက်ဆံစေချင်ရင် ကိုယ်တိုင်အရင်ကောင်းရမယ်မဟုတ်ပါလား။ဒါကြောင့် ဘယ်သူမှအရင်ပြုံးမပြရင်နေပါ ကိုယ်က အရင်ပြုံးပြနိုင်အောင်ကြိုးစားပါ။

#မိုးနှောင်းအလင်္ကာ

Keep Reading

စာစောင်နှစ်ဆယ့်ရှစ်-လက်ကျန်အချိန်တိုလေးစိတ်ညစ်စရာကြားကဆေးတစ်ခွက်စာစောင်နှစ်ဆယ့်ကိုး-စိတ်ရောကိုယ်ပါပြုပြင်ပြောင်းလဲခြင်းရှောင်တာက ကြောက်ခြင်းမဟုတ်စာစောင်သုံးဆယ့်ကိုး - အကြီးမားဆုံးဆုလာဘ်စာစောင်လေးဆယ် - အလိုကြီးအရနည်း ဟိုလိုလို ဒီလိုလို ဝေလည်လည်စာစောင်သုံးဆယ် - အရင်းအမြစ်ပြည့်စုံခြင်းစာစောင်သုံးဆယ့်နှစ်-ကိုယ့်ကိုယ်ကိုယ်နှစ်သိမ့်ခြင်းဧကရာဇ်မင်း၏ အတွေးမှတ်စု စာစောင်ငါး (၉-၁၄)