Author's Profile Photo

May Wathone (ချမ်း)

19/09/2024

Smart ကျပြီး Confident ရှိတဲ့သူတစ်ယောက်ဖြစ်ဖို့

1 min read
Life Style
Smart ကျပြီး Confident ရှိတဲ့သူတစ်ယောက်ဖြစ်ဖို့'s photo

ယခုမှာတော့ Smart ကျပြီး Confident ရှိတဲ့သူတစ်ယောက်ဖို့ ဘာတွေလုပ်ရမလဲဆိုတာကို ပြောပြပေးသွားပါမယ်။

လူတိုင်းကတော့ Smart ကျပြီး Confident ရှိတဲ့သူတစ်ယောက် ဖြစ်ချင်ကြပါတယ်။ ဒီလိုမျိုး ဖြစ်လာစေဖို့ဆိုရင်တော့ အောက်ပါနည်းလမ်းတွေကို လုပ်ကြည့်ပါ။

"ကိုယ့်ကိုယ်ကိုအားပေးပါ"

သူများကိုအားမကိုးပါနဲ့၊ သူများဆီက ဘာမှမမျှော်လင့်ပါနဲ့။ တစ်ခုခုအဆင်မပြေချိန်တွေ၊ ဝမ်းနည်းချိန်တွေမှာ ကိုယ့်ကိုယ်ကိုနှစ်သိမ့်ပါ၊ အားပေးပါ။
ဒါမှ ကိုယ့်အားကိုယ်ကိုးပြီး Confident ရှိလာစေမှာပါ။

"Intelligent ဖြစ်တဲ့သူတွေနဲ့ မိတ်ဆွေဖွဲ့ပါ"

Intelligent ဖြစ်တဲ့သူတွေနဲ့ မိတ်ဆွေဖွဲ့ပါ။ အဲ့လိုလူမျိုးတွေနဲ့ ရွေးပေါင်းပါ။ ကိုယ့်ကိုယ်ကို Smart ကျတဲ့သူတစ်ယောက်၊ Confident ရှိတဲ့ သူတစ်ယောက် ဖြစ်လာအောင် ကူညီပေးနိုင်ပါတယ်။

"ကိုယ့်ရဲ့အားနည်းချက်နဲ့အားသာချက်တွေကို သိအောင်လုပ်ပါ"

ကိုယ့်ရဲ့အားနည်းချက်ကိုသိအောင်လုပ်ပြီး ပြင်ဆင်ပါ။ အားသာချက်တွေကိုသိအောင်လုပ်ပြီး ကောင်းကောင်းအသုံးချပါ။ ဒါမှ ယုံကြည်မှုအပြည့်ရှိတဲ့သူတစ်ယောက် ဖြစ်လာမှာပါ။

"စာဖတ်ပါ"

အရေးအကြီးဆုံးကတော့ စာဖတ်ဖို့ပါ။ ဘဝအတွက်တိုးတက်စေတဲ့စာအုပ်တွေ၊ အကျိုးရှိစေတဲ့စာအုပ်တွေ၊ စိတ်ဓာတ်မြင့်တင်ပေးတဲ့ စာအုပ်တွေ၊ စတာတွေကို များများဖတ်ပါ။ တနေ့ကို ၁၀မျက်နှာလောက် နေ့တိုင်းဖတ်ပါ။

"သူများပြောတိုင်းနားယောင်ပြီး သူများလုပ်တိုင်းလိုက်မလုပ်ပါနဲ့"

လူတိုင်းကရည်မှန်ချက်မတူကြပါဘူး။ သူ့ရည်မှန်းချက်အမှန်ကို ကိုယ်မသိနိုင်သလို ကိုယ့်ရည်မှန်းချက်အမှန်ကိုလည်း သူမသိနိုင်ပါဘူး။ ဒါကြောင့် သူများပြောတိုင်းနားယောင်ပြီး လိုက်မလုပ်ပါနဲ့။ မြင်းတစ်ကောင်ကို မျက်လုံးဘေးနှစ်ဖက်က ကာထားသလို ဘယ်ဘေးကိုမှမကြည့်ပဲ ကိုယ့်လမ်းကိုတည့်တည့်ရှောက်သွားပါ။

"အသစ်တွေကိုစူးစမ်းရှာဖွေပါ"

ဒီနေရာမှာပဲ ဘယ်တော့မှရပ်မနေပါနဲ့။ အသစ်အသစ်တွေကို စူးစမ်းရှာဖွေလေ့လာပြီး တိုးတက်အောင်ဆက်လက်လုပ်ဆောင်ပါ။ ဒါမှ Smart ကျတဲ့သူတစ်ယောက် ဖြစ်လာမယ်။ လုပ်ရင်းနဲ့ ကိုယ့်ကိုယ်ကို ယုံကြည်မှုတွေ ပိုပြီးရှိလာစေပါမယ်။

"ကိုယ့်ကိုယ်ကို သုတေသနလုပ်ပါ"

ကိုယ့်ကိုယ်ကို အမြဲတမ်း သုတေသနလုပ်နေပါ။ ဘာတွေတိုးတက်လာလဲ၊ ဘာတွေလိုအပ်နေသေးလဲ စသဖြင့်ပေါ့။ ကိုယ့်ကိုယ်ကို အမြဲလေ့လာပြီး သုတေသနလုပ်နေမှ တိုးတက်လာမှပါ။ ဒါမှ ယုံကြည်မှုတွေရှိလာမှာပါ။

ဒါဆိုရင် ဒီနည်းလမ်းလေးတွေကို လိုက်လုပ်ကြည့်ပြီး Smart ကျပြီး Confident ရှိတဲ့လူတစ်ယောက်ဖြစ်လာပါ။


စာဖတ်သူအားလုံးကို လေးစားလျှက်..........


-May Wathone(ချမ်း)
19.9.2024(Thursday)

#May_Wathone
#Sarphat_Author

Keep Reading

စာစောင်နှစ်ဆယ့်ရှစ်-လက်ကျန်အချိန်တိုလေးစာစောင်နှစ်ဆယ့်ကိုး-စိတ်ရောကိုယ်ပါပြုပြင်ပြောင်းလဲခြင်းအပေါ်ယံသမားစာစောင်သုံးဆယ့်ကိုး - အကြီးမားဆုံးဆုလာဘ်စာစောင်လေးဆယ် - အလိုကြီးအရနည်း ဟိုလိုလို ဒီလိုလို ဝေလည်လည်စာစောင်သုံးဆယ် - အရင်းအမြစ်ပြည့်စုံခြင်းစာစောင်နှစ်ဆယ့်ငါး-ခက်ခဲမှုတို့ရဲ့နောက်ကွယ်တန်ဖိုးစာစောင်သုံးဆယ့်နှစ်-ကိုယ့်ကိုယ်ကိုယ်နှစ်သိမ့်ခြင်းဧကရာဇ်မင်း၏ အတွေးမှတ်စု စာစောင်ငါး (၉-၁၄)