Author's Profile Photo

မိုးနှောင်းအလင်္ကာ

18/09/2024

ဆွေးနွေးပါ။ငြင်းခုံနိုင်ဖို့သင်ယူပါ။

1 min read
Life Style
General Knowledge
18 Again
ဆွေးနွေးပါ။ငြင်းခုံနိုင်ဖို့သင်ယူပါ။'s photo

ဆွေးနွေးတိုင်ပင်တယ်ဆိုတာ သူ့ဘက်ကိုယ့်ဘက်၊သူ့ဆန္ဒ ကိုယ့်ဆန္ဒ မျှတစွာတွေးခေါ်စဥ်းစားပြီး အမှန်တရားကို ၊ပိုကောင်းတဲ့နည်းလမ်းတစ်ခုကို ရှာဖွေတာဖြစ်တယ်။
ထို့အတူဘဲ ငြင်းခုံတယ်ဆိုတာက မဟုတ်မမှန်သော ကိစ္စရပ်များမှာ မိမိဘက်က မှန်ကန်တယ်ဆိုရင် စကားအရာမှာ ယဥ်ယဥ်ကျေးကျေးငြင်းခုံခြင်းဟာ ကိုယ်မှန်ကြောင်းရဲ၀ံ့စွာဖော်ပြနိုင်သလို စကားပြောစွမ်းရည်လည်းကောင်းစေတယ်။

အမေရိကန်သမ္မတဟောင်း အေဘရာဟင်လင်ကွန်းက "ပျားရည်သာလျှင်ယင်ကောင်ဖမ်းနိုင်၏" လို့ဆိုခဲ့တယ်။ အဲ့ဒီစကားပုံရဲ့ ဆိုလိုရင်းက ချိုသာသော စကားဖြင့် မိမိအလိုရှိရာဆွဲဆောင်သိမ်းသွင်းရန် ကို ဆိုလိုတာဖြစ်တယ်။ ဒါ့ကြောင့်ဆွေးနွေးတိုင်ပင်တာဟာ အေးချမ်းမှုရှိတယ် တနည်းအားဖြင့် ကောင်းကျိုးပိုများပါတယ်။

ဒါဆိုဒီလိုအကျိုး​ကျေးဇူးများတဲ့ ဆွေးနွေးခြင်းကို လုပ်သင့်ပေမဲ့ ဘာလို့များ ငြင်းခုံခြင်းကိုသင်ယူရမှာပါလည်း။ဒါကတော့ ကျွန်တော်တို့ အမှန်တရားတွေအတွက် ဆွေးနွေးလို့မရတော့တဲ့ အဆုံးမှာ ငြင်းခုံဖို့ အစပြုရတာပါ။ဥပမာ အနေနဲ့ပြောရရင် ရှေ့နေ တွေပါ။ ရှေ့နေတွေဟာ သူတို့ရဲ့ အမှုသည် အတွက် ငြင်းခုံကြတယ်။အမှုမှန်ပေါ်ပေါက်ရေးအတွက် ကောင်းသော ငြင်းခုံခြင်းတွေ ပြုလုပ်ရတယ်။ဒါကြောင့်ကောင်းသောငြင်းခုံခြင်းဟာ အကျိုးရှိပါတယ်။

ဆွေးနွေးတိုင်ပင်ခြင်းဖြင့်ကိစ္စရပ်တွေကိုများစွာပြီးမြှောက်စေပါတယ်။ငြင်းခုံခြင်းကိုသင်ယူ​ပါ ပြောခဲ့ပေမဲ့ နည်းစနစ်မကျသော ငြင်းခုံခြင်းဟာ လုံး၀ကောင်းကျိုးရှိမှာမဟုတ်ပါဘူး။ အကယ်၍ မိမိနဲ့၀ယ်သူ ငြင်းခုံလို့ မိမိနိုင်သွားမယ်ဆိုရင် မိမိဘဲဖောက်သည်တစ်ယောက်လျော့မှာမဟုတ်ပါလား။ဒါ့ကြောင့် အကျိုးရှိစွာငြင်းခုံတတ်ဖို့သင်ယူရပါမယ်။

ဟုတ်ပြီဒါဆို နည်းစနစ်ကျစွာငြင်းခုံနိုင်ဖို့ အကျိုးရှိစွာငြင်းခုံနိုင်ဖို့ ဘယ်လိုလုပ်မလည်း၊ဘယ်လိုနေရာတွေမှာငြင်းမလည်း။
မဟုတ်မမှန်အတင်းအဖျင်းတွေ၊လူ့ပတ်၀န်းကျင်ကိုထိခိုက်စေမဲ့ ကောလဟာလ တွေမှာ ကိုယ့်ဖက်ကမှန်နေရင်ငြင်းပါ။ချက်နဲ့လက်နဲ့သက်သေ သာဓက တွေနဲ့သေချာစွာငြင်းပါ။အဲ့ဒီလိုငြင်းခုံမှုတွေကြောင့် မှားယွင်းနေတဲ့သူတွေက သူတို့အမှတ်မှား၊အတွေးမှားတာတွေ စတဲ့မှားယွင်းနေတာတွေကို သိနိုင်တယ်။ဒါ့အပြင် ထိုသူ့စကားကြားထားတဲ့သူတွေကလည်း သူမှားနေတာတွေကိုသိလာနိုင်တယ်။

ဒါကြောင့် နည်းစနစ်ကျစွာ အပြုံးဖြင့် အကျိုးရှိသော ငြင်းနည်းကို သင်ယူပါ။ငြင်းခုံတဲ့အခါမှာ "ပညာရှိအမျက်အပြင်မထွက်နဲ့" ဆိုသလို ဒေါသကိုရှေ့တန်းမတင်ဘဲ ငြင်းနိုင်ဖို့သင်ယူပါ။
တစ်ခါတစ်လေမှာ ဆွေးနွေးလို့မဖြစ်နိုင်တဲ့ အခြေအနေတွေမှာ ငြင်းခုံနိုင်ဖို့သင်ယူထားတာဟာ အ​ကောင်းဆုံးပါ။


#မိုးနှောင်းအလင်္ကာ

Keep Reading

စာစောင်နှစ်ဆယ့်ရှစ်-လက်ကျန်အချိန်တိုလေးအာရုံစူးစိုက်မှုစိတ်ညစ်စရာကြားကဆေးတစ်ခွက်ပါပီလွန်နှင့်ဗင်ဂို စာအုပ်ထဲက နိုးစက်စိတ်ဓာတ်ကျနေတဲ့အခါဒေါင်လိုက်ဒရာမာ (Vertical Drama)ရှောင်တာက ကြောက်ခြင်းမဟုတ်စာစောင်နှစ်ဆယ့်ကိုး-စိတ်ရောကိုယ်ပါပြုပြင်ပြောင်းလဲခြင်းအချိန်ဆွဲတာကိုကုစားမယ် "ငိုလို့မရတော့ဘူး ဆိုလျှင်