Author's Profile Photo

Meliodas Khun

16/09/2024

Valentine day ဖြစ်ပေါ်လာပုံ။

1 min read
General Knowledge
Art
18 Again
Valentine day  ဖြစ်ပေါ်လာပုံ။'s photo

Valentine ဆိုတာ လူတစ်ယောက်ရဲ့ နာမည်ပါ။ A.D 260 မှာရောမတွင် ဘုရင်တစ်ပါးအုပ်ချုပ်ခဲ့ပါတယ်။ ဘုရင်နာမည်က Claudius ပါ။ သူအုပ်ချုပ်ပြီး နှစ်အနည်းငယ်အကြာတွင် ထိုဘုရင်သည် တိုင်းပြည်အတွင်းရှိ ယောင်္ကျားလေးများ အိမ်ထောင်ပြုခွင့်ကိုပိတ်ပင်ပြီး စစ်မူထမ်းခြင်း၊ အစိုးတာဝန်ထမ်းဆောင်ခိုင်းခြင်းတို့ကို ပြုလုပ်ခဲ့ပါတယ်။ ဒါပေမယ့် ထိုသို့လုပ်ခြင်းဟာ မှန်ကန်တဲ့လုပ်ရပ် မဟုတ်ပါဘူး။ သို့နည်းတူ တိုင်းပြည်အတွင်းရှိပြည်သူများကလည်း တရားမဝင်(ခိုးဝှက်စွာ) မင်္ဂလာဆောင်လာကြပါတယ်။ ထိုသို့မင်္ဂလာ‌ဆောင်ခြင်းများကို ဦးဆောင်ပြီး ကူညီလုပ်ကိုင်ပေးသူဟာ Saint Valentine လို့ခေါ်တဲ့ ဘုန်းတော်ကြီးတစ်ပါးပဲဖြစ်ပါတယ်။
ဘုရင်က ထိုသတင်းကိုရရှိသောအခါ valentine အားဖမ်းဆီးချုပ်နှောင်ပြီး အကျဉ်းချထားပါတော့တယ်။ A.D 270 ဖေဖော်ဝါရီလ 14 ရက်နေ့တွင်တော့ Valentine အား နှိပ်စက်ပြီး ခေါင်းဖြတ်သတ်လိုက်ပါတော့တယ်။ ထိုသို့သတ်လိုက်သောကြောင့် တိုင်းပြည်အတွင်းရှိပြည်သူများလည်း စိတ်မကောင်းဖြစ်ကြသည်။

မှတ်ချက်။ (လူများသည် valentine သေခြင်းကို အစွဲပြုပြီး valentine နေ့ကျင်းပသည်ဟုအမှတ်မှားနေကြသည်။)

တကယ်တမ်းကြတော့ ချစ်သူများနေ့ဆိုတာ...
အဲ့ခေတ်တုန်းက ယောင်္ကျားလေးတော်တော် များများက နေ့မနား၊ ညမအားအလုပ် လုပ်ကြရပါတယ်။ မိသားစုနဲ့တွေ့ချိန်၊ နားချိန်နဲ့၊ ချစ်သူရည်းစားထားချိန်ဆိုတာ မရှိကြပါဘူး။ ဒီတော့ A.D 498 တွင် ရောမ၌ ပုရဟန်းမင်းကြီး ဂလက်စီယက်သည် ရက်ကလေးတစ်ရက်ကို သူတို့လေးတွေရဲ့ နားရက်ကလေးအဖြစ် ရည်းစားထားချိန်၊ မိသားစုနဲ့ တွေ့ချိန်အပြင် နားချိန် နားရက်လေးအဖြစ် ဖေဖော်ဝါရီ 14 ရက်နေ့ကို အစွဲပြုကာ Saint valentine day ကျင်းပရန် ပြုလုပ်ခဲ့ပြီး ထိုအချိန်မှာစ၍ယနေ့ထိတိုင် ကျင်းပနေကြသည်။

မှတ်ချက်။ (Valentine day သည် ချစ်သူ၊ ရည်းစားများအတွက်သာလျင် မဟုတ်ပဲ မိသားစုဝင်များ၊ လုပ်ဖော်ကိုင်ဖက်၊ သူငယ်ချင်းမိတ်ဆွေ၊ မိမိချစ်မြတ်နိုးရသောသူများနဲ့လည်း ကျင်းပလို့ရပါသည်။)

၁၆/၉/၂၀၂၄(Mon)(8:16 Pm)
#Khun
#ANGÉL_ALPHÁ

Keep Reading

အချိန်ဆွဲတဲ့အကျင့်ဆိုးစိတ်ဓာတ်ကျနေတဲ့အခါစာစောင်နှစ်ဆယ့်ရှစ်-လက်ကျန်အချိန်တိုလေး"တော်တဲ့သူတွေက ဆင်ခြေမပေးဘူး...  ဖြေရှင်းနည်းကိုပဲ ရှာကြတယ်"လိုမှသုံးပါအင်တာနက်နဲ့ လူနေမှုဘဝ စာစောင်နှစ်ဆယ့်ကိုး-စိတ်ရောကိုယ်ပါပြုပြင်ပြောင်းလဲခြင်းရှောင်တာက ကြောက်ခြင်းမဟုတ်စာစောင်လေးဆယ့်တစ် - ပန်းတိုင်သို့အရောက်တက်လှမ်းခြင်းကော်ဖီတမ်းချင်း