Author's Profile Photo

Swe Zin

16/09/2024

ကျွန်မနှင့် အုန်းသီးခြမ်း ရှာပုံတော်

1 min read
General Knowledge
Art

ကျွန်မ ည ၁၁နာရီခွဲလောက် အိပ်ယာထဲ ဝင် သတင်းဘာညာနားထောင်ပြီးမှ အိပ်တယ်ပေါ့ ။အောက်ခြံထဲမှာ ယောကျာင်္းက ဂိန်းဆော့နေတော့ "အနေရေ မင်းအိမ်ပေါ်တက်ရင်   ခြင်ဆေး သေချာငြိမ်းခဲ့ ၊ မီးလည်းမှိတ်ခဲ့ ၊လမ်းမီးတစ်ပွင့်ပဲ ထွန်းနော် ......." စသဖြင့် မှာကြားစရာသေချာမှာရတယ်လေ ။သူတို့က အိမ်မှာက ဧည့်သည်တွေ ...နေရာတကာ ကိုယ်လိုက်သိမ်းမှ ၊သူ့ ဂိန်းက ဘယ်အချိန်မှ ပြီးမယ် မသိတော့ စောင့်မနေတော့ဘူး ။
  ညဘက် ၂ နာရီလောက် ကိုယ့်အခန်းထဲ မီးခိုးနံ့ နံ လို့ ဖျက်ခနဲ လန့်နိုးလာတယ် ။ နံဘေး ကြည့်လိုက်တော့ ယောကျာ်းက ဖုန်းသုံးနေတယ် " အနေ မီးခိုးနံ့ နံတယ် မင်း  အောက်က ခြင်ဆေး သေချာ ငြိမ်းခဲ့ရံ့လား မီးဖို ထဲ ပလပ် ဘာထိုးထားလည်း မီးပလပ် ခုံတွေပါ သေချာသွား စစ်လိုက် " လို့ ပြောတော့ နေ သေချာ ငြိမ်းခဲ့ တာပါ ဆိုပြီး ထွက် စစ်တယ်။" မမ နံ့သေးလား"တဲ့ လှမ်းမေးတော့" အေး မနံတော့ဘူးကွ ဘာတွေ့လဲ ပြန်လာခဲ့ " ဆိုတော့ ပြန်လာတယ် " ဘာမှ မရှိပါဘူး နေ သေချာငြိမ်းလာတာပါဆို "တဲ့ သူပြန်ဝင်လာတော့ ထပ်နံပြန်ရော ....
"ဟဲ့ မီးခိုးနံ့ ရပြန်ပြီ မင်းပြန်ဝင်လာတော့ ပြန်ရတာ ဟဲ့  ပြန်စစ်အုံး "
ဆိုတော့ ယောကျာ်း အပြင်တစ်ခါပြန်ထွက် သွားတယ် " မမကလည်း မရှိပါဘူး ဆို " " အေးဟ မနံတော့ ပြန်ဘူး " ဆိုပြီး ကိုယ်က ခြင်ထောင် အထဲကနေ အပြင်ထွက်ဖို့ အထ သူက ပြန်အဝင်လာနဲ့ ခေါင်းနဲ့ တိုးမိတော့ " အယ်..... အနေ နင့်ခေါင်း က နံနေတာဟဲ့ " ဆိုပြီး သူ႔ခေါင်းကိုခေါက်လိုက်မိတယ် ?
အာ ...ဟုတ်တယ် နေ ခေါင်းလျှော်ရေချိုး ပြီး ဂိန်းဆက်ဆော့ နေတာတဲ့
"အေး နင်ဘာခေါင်းလျှော်ရည်နဲ့ လျှော် လိုက်တာလဲ ဟိုနေ့က ဂူဂူး ဝယ်လာတဲ့ ဂျင်ဆင်း ခေါင်းလျှော်ရည် ဗူးလား အနံ့က လည်း ဘာနံ့ကြီးပါလိမ့် "
" ခေါင်းလျှော်ရည် ဗူး မမြင်မိပါဘူး။ေ ရချိုးတဲ့နေရာခေါင်းလျှော်ရည် မတွေ့လို့  ရွှန်းရွှန်းဆီက ခေါင်းလျှော်ရည် တောင်းလိုက်တာ"
"ဘာခေါင်းလျှော်ရည်လဲ "
" အုန်းသီးခြမ်း တံဆိပ် နဲ့ ပဲ ကွ  နေ လည်း သေချာ မကြည့်လိုက်မိဘူးတဲ့ "
အင်း...ဘာပါလိမ့်  ....
မနက် ၅ နာရီ ထ ထ္မင်း အိုးတည်ပြီးတာနဲ့ ညက အုန်းသီးခြမ်း ကို ရှာပုံတော် ဖွင့်တယ် ပထမဆုံး ရေချိုး ခန်းကမီးဖွင့်  တင်တဲ့ စင် အဆင့် ၃ ဆင့်လုံး ရှာတယ် မတွေ့ ၊ဘေးက အဝတ်လှန်းတန်းများ အတွဲ လိုက် ချိတ်ထားလား  ကြည့် မတွေ့ ၊အဲဒါနဲ့ ကိုယ့်အခန်းမီးဖွင့် မှန်တင်ခုံ အံဆွဲ လိုက်မွှေ မတွေ့ ၊ အင်း မတတ်နိုင်ဘူး ရွှန်းကပေးတာဆိုတော့ သမီး၂ ယောက် အိပ်တဲ့ အခန်း မီးဖွင့် ပြီး ဘေးက တန်းမှာ ကြည့် လိုက်တော့ ......

Palmolive ပန်းရောင် ထုပ်အတွဲလိုက်ကို တွေ့ မိတယ် ?
ဟုတ်သားပဲ ထောင့်မှာ အုန်းသီးခြမ်းတံဆိပ်လေးက ထင်းလို့??
Palmolive က တော့ မီးခိုးနံ့ မနံ့ပါဘူး  နင်ခေါင်းဘာတွေများလိမ်းလဲ ဆိုမေးလိုက်တော့ ....
? ဆရာသမား က.. အော်  သိပြီ.. ရေချိုးခေါင်းလျော်ပြီး ဂိန်းဆော့ နေတော့ ဆေးလိပ်သောက်တယ်လေ အဲဒါ ဆေးလိပ်နံ့ နဲ့ ခေါင်းလျှော်ရည်နံ့ ရောပြီး  ...........
အဲလို နဲ့ ကျွန်မလည်း  အုန်းသီးခြမ်း နဲ့ မီးခိုးနံ့ အကြောင်းအရာကို အဖြေရှာတွေ့ခဲ့ ရပါတော့တယ် ??

ဆွေဇင်
ထီလာမြေ
20,4,2021

Keep Reading

စာစောင်နှစ်ဆယ့်ရှစ်-လက်ကျန်အချိန်တိုလေးတန်ဆေးလွန်ဘေးနည်းပညာခေတ်နဲ့ လုပ်ရည်ကိုင်ရည်အချိန်ဆွဲတဲ့အကျင့်ဆိုးပါပီလွန်နှင့်ဗင်ဂို စာအုပ်ထဲက နိုးစက်စိတ်ဓာတ်ကျနေတဲ့အခါအင်တာနက်နဲ့ လူနေမှုဘဝ လိုမှသုံးပါဒေါင်လိုက်ဒရာမာ (Vertical Drama)ရှောင်တာက ကြောက်ခြင်းမဟုတ်