Author's Profile Photo

Luminous Pai

15/09/2024

လူသားတွေအတွက် စာရေးပါ။

1 min read
General Knowledge
Marketing
18 Again
လူသားတွေအတွက် စာရေးပါ။'s photo

သင့်စာကို ဖတ်မယ့်သူတွေက စက်ရုပ်လဲ မဟုတ်သလို search engine လဲ မဟုတ်ပါဘူး။

ကြောင်တောင်တောင်နိုင်တဲ့ tip လို့ထင်ရပေမယ့် တကယ်တမ်း Content Writerတွေ မေ့လျော့နေကြတဲ့ အချက်လဲ ဖြစ်ပါတယ်။

ဒါဆို သင့်အနေနဲ့ ချက်ချင်း ပြန်မေးစရာမေးခွန်းရှိပါတယ်။

လူတွေအတွက် မရေးလို့ ဘယ်သူတွေအတွက် ရေးရမှာလဲ ?

လူတွေအတွက်ပဲ ရေးနေတာလေ။

မှန်ပါတယ်။

လတ်တလော ကြုံနေရတဲ့ ပြဿနာကလဲ အဲ့တာပါပဲ။

များသောအားဖြင့် ကိုယ့်ရဲ့ ကွန်းတန့်‌တွေက လူသားတွေ အတွက် ရည်ရွယ်ပြီး ရေးတယ်လို့‌ ထင်ရပေမယ့်

တခါလောက် သေချာပြန်ဖတ်ကြည့်ပါ။

ကိုယ့်အတွက်ကိုယ် ရေးနေတာလား ?

လူတွေအတွက် ရေးနေတာလား ?

ဘယ်သူတွေအတွက် ရေးနေတာလဲ ?

Write for human reader ဆိုတဲ့ ရိုးရှင်းတဲ့စာ‌ကြောင်းလေးကို ဥပမာတခုနဲ့ မြင်သာအောင် ရှင်းလင်းပြချင်ပါတယ်။

ကျနော်က အခုကွန်းတန့်ကို ရေးပြီး တင်လိုက်ပြီ ဆိုပါစို့။

စာဖတ်သူကလဲ ကျနော့် ကွန်းတန့်ကို မြင်တယ်။ ဖတ်နေတယ်။

ဒါဆိုရင် စာဖတ်သူက ဘာလို့ဖတ်နေလဲဆိုတဲ့ အကြောင်းပြချက်တခုတော့ အနည်းဆုံး ရှိရမယ်မလား?

အဲ့တာ value ပဲ။?

ရိုက်တာ(writer)တယောက်က ကွန်းတန့်တပုဒ်စီတိုင်းမှာ ပေးချင်တဲ့ value အတိအကျ ရှိနေရမယ်။

ကျနော် အဓိက ပြောချင်တာက စာဖတ်သူဟာ လူသားဖြစ်တဲ့အတွက် ခံစားတတ်တဲ့ နှလုံးသားရှိတာကို နားလည်ဖို့၊ တန်ဖိုးထားဖို့ပဲ။

အကြံပေးရရင်

? ကွန်းတန့်ရေးတိုင်း စာဖတ်သူအတွက် ရေးပါ။ ကိုယ့်အတွက်မရေးပါနဲ့။

? ကွန်းတန့်ကနေ ပေးချင်တဲ့ Value ကို သိပါ။

? စာဖတ်သူ ရင်းနှီးတဲ့ စကားလုံး၊ အသုံးအနှုန်းတွေနဲ့ ရိုးရှင်းပြီး နားလည်ရလွယ်အောင် ရေးပါ။

? ကိုယ်ရေးမယ့် ကွန်းတန့်ရဲ့ အချက်အလက်‌‌တွေဟာ 98% မှန်ကန်မှုရှိအောင် Research များများလုပ်ပါ။

ဆိုတော့ သင့်အနေနဲ့ ကွန်းတန့်တပုဒ် ဖန်တီးတော့မယ်ဆိုရင် လူသားစာဖတ်သူအတွက် ရေးပြီး ပေးချင်တဲ့ value ကို သိပြီး qualityရှိတဲ့ contentတပုဒ် ဖန်တီးနိုင်မှာ ဖြစ်ပါတယ်။

copywriting မှာလဲ အလားတူပါပဲ။

? လူတွေရဲ့ စိတ်ခံစားချက်၊ လိုအပ်ချက်တွေကို အခြေခံပြီး ဘာကြောင့် ဒီဝန်ဆောင်မှုကို သုံးစွဲသင့်ကြောင်း သွယ်ဝိုက် ကြော်ငြာပါ။

? လူတွေရဲ့ emotions ကို သေချာနားလည်အောင် လုပ်ပါ။

? စိတ်လုံခြုံမှုပေးပါ။

Make your reader trust your contents always. ??

Content Writer စလုပ်မယ့်သူတွေအတွက် စာရေးရာမှာ အသုံးတည့်မယ့် tip တခုဖြစ်တဲ့အပြင် Content Writer တွေအတွက်လဲ သတိထားစရာ အချက်တခုဖြစ်ပါတာမို့ အကျိုးရှိမယ်လို့ ‌ယုံကြည်ပါတယ်။

Content Writing လေ့လာနေတဲ့ သူတွေအတွက် သင်တန်းတက်စရာမလိုဘဲ Luminous with Pai ကို followထားယုံနဲ့ Writing tips တွေကို အခမဲ့ လေ့လာရမှာဖြစ်လို့ Don't Forget To Follow Paisreaders ??

? အခုလို အမြဲသစ်နေတဲ့ Quality Content တွေ ၊ အခွင့်အလမ်းတွေနဲ့ အဆက်မပြတ်ရလေအောင် Telegram channel နဲ့ Website ကို Join ထားလို့ရပါတယ်ဗျ။

Telegram - https://t.me/luminouswithpai

Website - https://luminouswithpai.wordpress.com/blog/

Facebook - https://www.facebook.com/share/p/DtdpAj2vUo9tQexd/?mibextid=oFDknk

#luminouswithpai
#contentwritingtips
#copywriting
#personaldevelopment
#freelance

Keep Reading

နည်းပညာခေတ်နဲ့ လုပ်ရည်ကိုင်ရည်စာစောင်နှစ်ဆယ့်ရှစ်-လက်ကျန်အချိန်တိုလေးအချိန်ဆွဲတဲ့အကျင့်ဆိုး"စကားချိုသာလျှင် လိုရာကိုရသည်"ဒေါင်လိုက်ဒရာမာ (Vertical Drama)ပါပီလွန်နှင့်ဗင်ဂို စာအုပ်ထဲက နိုးစက်စိတ်ဓာတ်ကျနေတဲ့အခါအင်တာနက်နဲ့ လူနေမှုဘဝ လိုမှသုံးပါရှောင်တာက ကြောက်ခြင်းမဟုတ်