Tain Hlwar Nge
အနာဂတ်ပျောက်တဲ့အကြောင်းတွေးပြီး
သွေးပျက်ရတာတွေ
လူ့အသက်တွေ တန်ဖိုးမဲ့လာကြောင်းတွးမိပြီး
သွေးရူးသွေးတန်း ထအော်မိတာတွေ
သတင်းအသစ်တွေတက်တိုင်း
နေမကောင်းတဲ့နိုင်ငံရဲ့ အမျိုးမျိုးသောကပ်ဘေးတွေတွေ့ပြီး
ကြောက်ကြောက်လန့်လန့် ထငိုမိတာတွေ
ငါတို့သာ နောက်ဆုံးကြုံရပါစေ။
ဒီအဖြစ်တွေဟာ သမိုင်းတစ်ခုဆိုလို့သာ
ငါတို့ယုံရတယ်ကွာ၊
အဲ့ဒီတုန်းက တကယ်ဖြစ်ခဲ့တာလားလို့
ဝေဝေဝါးဝါးမေးယူရတဲ့အထိ
နောင်လာနောက်သားတွေတော့
ဒီဘေးတွေနဲ့ ကင်းပါစေကွာ။
-ခရမ်းရောင်
Keep Reading