Lunar
'အိမ်မှာမနေချင်တော့ဘူး၊အိမ်နဲ့ဝေးရာကို ထွက်သွားချင်တယ်' ယခုခေတ်လူငယ်တွေပြောနေတာကိုကြုံဖူးသလား။ကျွန်မကြုံဖူးပါသည်။သို့သော်ထိုသူတွေသည်တိုင်းတစ်ပါးရေမြေခြားသို့ ရောက်သောအခါ အိမ်ကိုလွမ်းတယ် ဆိုပြီးဖြစ်လာပြန်ရော။ဒီလိုပါပဲတစ်ချို့သူတွေကလည်း အိမ်မှာနေနေရချိန်မိသားစုနဲ့နေရတဲ့တန်ဖိုးကို နားမလည် အနာဂါတ်ကို ပုံဖော်စိတ်ကူးယဥ်နေကြသည်။
မိဘတွေကလည်း မိဘတွေလို သူတို့အသက်ကြီးလာရင်ကောင်းမှာပဲ၊သားသမီးတွေကလည်း သားသမီးတွေလည်း အနာဂါတ်ကိုပုံဖော်ရင်း ယခုဖြစ်တည်မှုကို မေ့လျော့နေကြတယ်။အိမ်သားတိုင်း အိမ်မှာရှိနေတယ်ဆိုသည့် ခံစားချက်ကိုမေ့လျော့နေကြတယ်။
အသက်အရွယ်ရလာတော့ မင်းကအိမ်နဲ့ဝေးရာကိုရောက်နေပြီး။စားဝတ်နေရေးအတွက် အလုပ်တွေလုပ်နေရပြီး။အဲ့ဒီအချိန်ရောက်တော့မင်းက အရင်ကအချိန်တွေလွမ်းပြီး ပြန်သွားချင်နေတယ်။မင်းနဲ့မင်းမောင်နှမတွေ ဝေးကွာနေကြပြီး။တူတူမနေနိုင်တော့ဘူး။ အိမ်သက်သက်စီခွဲနေရပြီး။အလည်အပတ်သွားပြီးသွားတွေ့နိုင်ပေမယ့် အိမ်တစ်အိမ်ထဲမှာအတူတူမနေနိုင်တော့ဘူး။မင်းမိဘတွေအသက်ကြီးလာပြီး။အမှတ်တရတွေပြည့်နှက်နေတဲ့ မိသားစုတွေမစုံတော့တဲ့ အသိုက်အမြုံမှာ နေနေကြရတယ်။သူတို့တွေဆံပင်တွေဖြူလာပြီး၊သွားတွေကျွတ်လာပြီး၊အမြင်အာရုံတွေမကောင်းတော့ဘူး။အဲ့ဒီအချိန်မှာမင်းသူတို့နဲ့အတူနေနိုင်အောင် ကြိုးစားပါ။မိဘတွေဟာအသက်ကြီးလာရင် ပစ္စည်းဥစ္စာချမ်းသာဖို့ထက် လိမ္မာတဲ့သားသမီးတစ်ယောက်ပဲရှိဖို့မျှော်လင့်ကြတယ်။လူတွေဟာ အသက်ကြီးလာလေအားငယ်တတ်လေပဲ။ထို့ကြောင့် မိဘတွေအသက်ကြီးတဲ့ အခါ သူတို့နဲ့အတူနေထိုင်နိုင်အောင်ကြိုးစားပါ။
ထို့အတူပဲ ကျွန်မတို့တွေဟာ ကျောင်းသား၊ကျောင်းသူ အရွယ်တွင် အသက်ကြီးချင်ကြပြီး ကျောင်းမသွားချင်ဘူး။အခုလိုကျောင်းမသွားရပြန်တော့ ထိုအချိန်ကိုလွမ်းကြပြန်ရော။ကျောင်းဆိုတဲ့ အဆောက်အအုံကို တွေ့ရတော့ ရင်မှာတစ်မျိုးပဲ။သူငယ်ချင်းတွေနဲ့ အတူဆိုခဲ့တဲ့သီချင်းတွေကိုပြန်ကြားရပြန်တော့ ထိုအချိန်တွေကို ပြန်လွမ်းမိတယ်။
ကျွန်မတို့တွေဟာ အိမ်မှာရှိနေစဥ် မိသားစုတွေစုစုစည်းစည်းနဲ့နေရတဲ့ အချိန် ၏တန်ဖိုးနားမလည်ဘဲ အဝေးကိုရောက်တဲ့တစ်နေ့မှ အိမ်ရဲ့အငွေ့အသက်ကိုတမ်းတမိပေမယ့် ပြန်သွားလို့မရတော့ဘူးပဲ။ထို့ကြောင့်အတူရှိနေစဥ် အချိန်မှာ တန်ဖိုးထားပြီး ပျော်ပျော်လေးနေပါ။ပျော်စရာအမှတ်တရတွေက လူတွေကို နာကျင်စေသတဲ့။
#ချစ်ခြင်းမေတ္တာဖြင့်
telegram channel
https://t.me/Sharingformyanmaryouth
Keep Reading