Author's Profile Photo

Nway Oo Maung

12/09/2024

စိတ်စွဲလမ်းခြင်းနှင့် နေ့စဉ်ဘဝ

1 min read
Art


လွန်ခဲ့သော ၂နှစ်လောက်က ပါမောက္ခချုပ်
ဆရာတော်ဘုရားကြီးဟောကြားသော "စိတ်စွဲလမ်းမှုများကိုအောင်နိုင်သူ" တရားတော်ကို နာယူဖူးတယ်။ တရားကိုတပုဒ်လုံးမမှတ်မိတော့
ပေမဲ့၊ စိတ်စွဲလမ်းစေတတ်သော အကြောင်းအရာများသည် တကူးတကမှတ်မထားသော်ငြားလည်း၊နေ့စဉ်ဘဝမှာ စိတ်စွဲလမ်းစေတတ်သောအကြောင်းရာတွေထဲက တစ်ခုမဟုတ် တစ်ခုစိတ်ထဲမှာစွဲလမ်းနေသောကြောင့်မှတ်မိနေ​၏။ လူတွေဟာ ဒီအကြောင်းအရာတွေကို ဘာလို့စွဲလမ်းသလဲဆိုတာ၊ စွဲလမ်းစေတတ်သောအကြောင်းအရာတစ်ခုချင်းဆီ၌ကျွန်တော်စိတ်ကိုပြန်သုံးသပ်​ကြည့်မိ၏။
၁-မနာလိုခြင်း(ဣဿာ)
မြန်မာစကားမှာရှိတယ် "မနာလိုဝန်တိုခြင်း"ဆိုတာ ပေါင်းပြောနေကြလို့သာ တစ်ခုထဲထင်ရတာ အမှန်ကအဓိပ္ပါယ်ကနှစ်ခုထွက်တယ်။
မနာလိုခြင်းဆိုတာ - သူတစ်ပါးကြီးပွါးတိုးတတ် အောင်မြင်တာကိုမနာလို့တာ။
ဝန်တိုခြင်း(မစ္ဆရိယ)ဆိုတာ မိမိ​၏ စည်းစိမ်ဥစ္စာကို သူတစ်ပါးကိုပေးကမ်းရမှာ နှမြောတာ။
အခုရေးမှာက မနာလို(ဣဿာ)ခြင်းအကြောင်းကိုရေးမှာပါ။
ကိုယ့်စိတ်၌ မနာလိုခြင်းကိုပြန်သုံးသပ် တဲ့အခါမှာ ရွယ်တူတန်းတူ တွေ အောင်မြင်ကြီးပွါးတာကိုမြင်တဲ့အချိန်မှာ မနာလိုခြင်းဖြစ်ပေါ်တာကိုတွေ့ရတယ်။ (ဥပမာ ) ငါးတန်းကျောင်းသားတစ်ယောက်က ပထမဆုမှန်းထားတယ် ဒါပေမဲ့ တခြားရွယ်တူ ငါးတန်းကျောင်းသားတစ်ယောက်ရသွားတယ်၊မှန်းထားတဲ့ကျောင်းသားရင်ထဲမှာ မခံမရပ်နိုင် ဖြစ်သွားသော စိတ်အခြေနေ ၊တခြားကျောင်းသားကိုမရစေချင်သော ရင်ထဲမှာတနုံနုံဖြစ်နေသော စိတ်ကို မနာလိုခြင်းခေါ်တာဖြစ်ပါတယ်။ စာဖတ်သောမိတ်ဆွေ စဉ်းစားကြည့်ပါ ရွယ်တူတတန်းတူ ကောင်းလေးနှစ်ယောက်က ကောင်မလေးတယောက်ပြိုင်ပိုးတယ်ဆိုပါစို့၊ ကောင်မလေးအချစ်ကိုရသွားသော ကောင်းလေးကို တခြားတယောက်​၏ မနာလိုခြင်းဟာစွဲလန်းနေတတ်ပါတယ်။ နယ်ပယ်အသီးသီးမှာ ကိုယ်ဖြစ်ချင်တာ လိုချင်တာကိုသူများ ဖြစ်သွားတာ ရသွားတာတဲ့အခါ မနာလိုခြင်းဟာစွဲလန်းနေတတ်ပါတယ်။ မနာလိုခြင်းဟာ လူတိုင်းမှာ နေရာတိုင်းမှာဖြစ်လားဆိုရင်မဖြစ်ပါဘူး။ ကိုယ်လည်ပဲမတူတဲ့သူ အောင်မြင် သောအခါ နယ်ပယ်မတူတဲ့သူအောင်မြင်သောအခါ သိပ်ဖြစ်လေ့မရှိဘူး။ နောက်ပြီးစိတ်ကောင်းရှိတဲ့သူ မှာသိပ်ဖြစ်လေ့မရှိဘူး။ စိတ်ကောင်းရှိတဲ့သူဆိုတာ တစ်စုံတစ်ယောက်အောင်မြင်တာကို မြင်တဲ့အခါ မနာလိုခြင်းမဖြစ်ပဲ မနာလိုခြင်းဆန့်ကျင့်ဘက် ဝမ်းမြောက်ခြင်း(မုဒိတာ)ဖြစ်နေသောသူကိုဆိုလိုတာ။
ဆက်ရန်

Keep Reading

မျက်နှာကို တော်တော်တည် ထားသည်How To Train Your Dragon (2025) Spoiler Free Movie Reviewလွင့်မျောနှင်းစက်များအနုပညာ ဟန် တစ်ခု ခိုင်ခိုင်မာမာနောက်လိုက်လျှောက်သူ ရှိမြဲ။ ( Trends အကြောင်း )ကိုဝင်းဦးသို့ အလွမ်းပြေပေးစာ❝ဈေးရောင်းခြင်း အနုပညာ❞"အချစ်ဦး"တဲ့လွမ်းသမျှ စာတင်ဦးညိုအေးကြီးကို ကျေးဇူးတင်တယ်ကိုယ်ကောင်းလျှင် ခေါင်းဘယ်မှမရွေ့