Author's Profile Photo

Clover

12/09/2024

တစ်ဖက်သတ်အချစ်

1 min read
Life Style
General Knowledge
18 Again
တစ်ဖက်သတ်အချစ်'s photo

တစ်ဖက်သတ်အချစ်

တစ်ဖက်သတ်အချစ်ဆိုတာနဲ့ တစ်ဖက်ထဲပဲချစ်ပြီးတစ်ဖက်ထဲပဲအဆုံးသတ်ရတယ်လို့‌ပြေးမြင်မိကြမယ်ထင်ပါတယ်။
ကျွန်တော်တို့14,15နှစ်တွေက အသက်ကြီးတဲ့သူတွေအဖို့တော့ အချစ်အကြောင်းကို စဉ်းစားသင့်တဲ့အရွယ်မဟုတ်ဘူးလို့ထင်ကြပါတယ်။ဟုတ်ပါတယ် တစ်ကယ်လည်းအချစ်အကြောင်းကို စဉ်းစားသင့်တဲ့အရွယ်မဟုတ်သေးပါဘူး။
ဒါပေမယ့်လည်းတစ်ခါတစ်လေ အဲ့ဒီအရွယ်မှာ ကိုယ်ချစ်ရတဲ့သူ‌ဆိုတာရှိလာတတ်ပါတယ်။

‌ဒါပေမယ့်တစ်ချို့လူတွေက အဲ့ဒီအချစ်အပေါ်မှာ အရမ်းကိုယ့်ကိုယ်ကိုယ်အရမ်းနစ်မြုပ် ထားတတ်ကြပါတယ်။
တကယ်ဆိုဆိုရင် ကိုယ့်ကိုကိုယ် အချစ်ထဲမှာ အရမ်းကြီးမနစ်မြုပ်သင့်ပါဘူးနစ်မြုပ်ပြီး ဖြစ်မလာရင် အရမ်းခံစားရနိုင်ပါတယ်။

အဲ့ဒါကြောင် ကိုယ်ရဲ့Crushနဲ့ပတ်သက်ပြီးဒီလိုလေးတွေသဘောထားကြည့်ရင် ကိုယ့်အတွက် အကျိုးရှိလာနိုင်ပါတယ်။

(၁) အရမ်းကြီးမမျှော်လင့်ပါနဲ့
သူနဲ့ပတ်သက်ပြီး "သူက ကိုယ့်ကိုပြန်ချစ်လာမှာပါ"ဆိုပြီးအရမ်းကြီးမမျှော်လင့်ပါနဲ့။အရမ်းမျှော်လင့်မိရင်တစ်နေ့သူကပြန်မချစ်ရင် အရမ်းခံစားရနိုင်ပါတယ်။

(၂) သူနဲ့ပက်သက်ပြီးmotiလေးတွေတွေးကြည့်ပါ။
"ကိုယ်အရမ်းကြိုးစားရင် သူက ကိုယ့်ကို အထင်ကြီးပြီး ပြန်တောင်ချစ်လာနိုင်တယ် ဒါမှမဟုတ် ကိုယ့်ကို သတိထားမိလာမယ်"ဆိုပြီး သူ့အတွက်ဆိုပြီး ကြိုးစားကြည့်ပါ။

(၃) သူနဲ့ပတ်သက်ပြီး အရမ်းအတွေးမလွန်ပါနဲ့။
သူက ကိုယ့်ကို အရမ်းစကားလေးပြန်ပြောတာနဲ့ ရှေ့ရေးတွေအရမ်းမတွေးပါနဲ့(ဘာလို့လဲဆိုတော့ တစ်ချို့Crushတွေက သူတို့က ကိုယ့်ကို ပြန်သာမချစ်တာ အရမ်းအထာတွေပေးပါတယ်)အဲ့ချိန်မှာ ကိုယ်ကို လေထဲမှာ အိမ်တွေဆောက်ပြီးတဲ့အချိန်ကြ သူတို့ဘက်ငြင်းလိုက်ရင် ဆောက်ထားသမျှအိမ်တွေ ပြိုပျက်စီးသွားနိုင်ပါတယ်။

(၄) အရမ်းတွေချစ်ကြောင်းသူတို့ကိုသွားမပြပါနဲ့။
ကိုယ့်ဘက်က အရမ်းဂရုစိုက်ပြတဲ့အခါ အရမ်းချစ်ပြတဲ့အခါ ကိုယ့်အချစ်တွေက သူတို့အတွက် အပေါစားဆန်သွားနိုင်ပါတယ်။အဲ့ဒါကြောင့်ကိုယ့်ရဲ့ လုပ်စရာရှိတာကိုလုပ်ပါ။ကြိုးစားသင့်တာကို ကြိုးစားပါ။သူတို့ကြောင့် ကိုယ့်ရဲ့ အောင်မြင်မှုလမ်းကြောင်းမှာ အနှောက်အယှက်အဖြစ် မခံပါနဲ့။

(၅)ခံနိုင်ရည်ရှိအောင် ကြိုးစားထားပါ။
တစ်ခါတစ်လေမှာ ကိုယ်က ဘယ်လောက်ပဲကြိုးစားပါစေ သူတို့ဘက်က ပြန်မကြိုက်တာတွေရှိပါတယ်။ကိုယ်ဖြစ်နေလို့ကို ပြန်မကြိုက်တာတွေရှိပါတယ်။
အဲ့ဒါကြောင့် သူတို့အတွက်နဲ့ ကိုယ့်ကိုကိုယ် ပြောင်းလဲပြစ်ဖို့ အရမ်းမကြိုးစားပါနဲ့။ကိုယ့်က သူတို့အတွက်နဲ့ ကိုယ့်ကိုကိယ် ပြောင်းလဲတယ်ပဲဆိုပါစို့၊ အဲ့ဒီဟန်ဆောင်မှုအပေါ်မှာ ကိုယ်တစ်သက်လုံးကြီး နေနိုင်မှာမဟုတ်ပါဘူး။ကျွန်တော်ကြားဖူးတာတစ်ခုရှိပါတယ် "လူတစ်ယောက်ကိုချစ်ရင် သူရဲ့ အကောင်းဖက်ကြီးပဲ လက်ခံလို့ မရပါဘူး သူတို့ရဲ့ ဆိုးတဲ့ဖက်ကိုလည်း လက်ခံနိုင်ရပါမယ်" အဲ့ဒါမှ ခိုင်မာတဲ့Relationshipတစ်ခုကို တည်ဆောက်နိုင်မှာပါ။
ဒါ့ကြောင် သူအတွက် ပြောင်းလဲသင့်တာကိုပဲ ပြောင်းလဲပြီး ကိုယ့်ရဲ့ပုံစံအတိုင်းပဲနေပါ။

နောက်ဆုံး‌အနေနဲ့ကတော့ ဘဝက အချစ်မဟုတ်ဖူးဆိုတာမှတ်ထားကြပါ။
အဲ့ဒီအချစ်ကြောင့် ကိုယ့်‌ရဲ့ အောင်မြင်မှုလမ်းကြောင်း(သို့)လုပ်ငန်းတွေပေါ်မှာ အနှောက်အယှက် အဖြစ်မခံပါနဲ့။ကိုယ့်ရဲ့ မိဘတွေ ကိုစဉ်းစားပါ။ကိုယ်အောင်မြင်လာရင် ကိုယ့်ကိုလာကြိုက်တဲ့သူတွေများလွန်းလို့ ကိုယ်တောင်ခါချရတာမျိုးတွေဖြစ်လာနိုင်ပါတယ်။အဲ့ဒါကြောင့်အချစ် မှာပျော်ဝင်သင့်‌သလောက်ပျော်ဝင်ပြီး ကြိုးစားကြပါနော်။

#sarphet
#Clover
#for_crush

Keep Reading

စာစောင်နှစ်ဆယ့်ရှစ်-လက်ကျန်အချိန်တိုလေးစာစောင်နှစ်ဆယ့်ကိုး-စိတ်ရောကိုယ်ပါပြုပြင်ပြောင်းလဲခြင်းစာစောင်လေးဆယ် - အလိုကြီးအရနည်း စာစောင်သုံးဆယ့်ကိုး - အကြီးမားဆုံးဆုလာဘ်ဧကရာဇ်မင်း၏ အတွေးမှတ်စု စာစောင်ငါး (၅-၈) စာစောင်သုံးဆယ့်လေး-နေ့စဉ်နဲ့အမျှကြိုးစားခြင်းစာစောင်သုံးဆယ့်ခုနစ်-အဆိုးထဲကအကောင်းစာစောင်လေးဆယ့်ကိုး - ဘဝရဲ့အစိုးမရမှု မပြိုင်ပါနဲ့ဖန်တီးပါစာစောင်သုံးဆယ့်တစ်-အမှားတွေကနေရနိုင်တဲ့ တန်ဖိုး