Author's Profile Photo

LY Cho

12/09/2024

❝စမ်းချောင်းလေးကပြောသော❞

1 min read
Health
Education
❝စမ်းချောင်းလေးကပြောသော❞'s photo

❝အလှအပတွေနဲ့ ပြည့်စုံနေတဲ့ စမ်းချောင်းလေးတွေဟာ ကံမကောင်းစွာနဲ့ ညစ်ညမ်းခံနေရပြီ။ ဘာဖြစ်လို့လဲဆိုတော့ အမှိုက်တွေ စွန့်ပစ်နေလို့ပါ❞

သဘာဝအလှအပတွေထဲမှာ လူ့စိတ်ကိုအေးမြမှုပေးတာက စမ်းချောင်းလေးတွေ ဖြစ်မလားပဲ။ ဒါကတော့ ကျွန်မ စိတ်အထင်ပေါ့။ စမ်းချောင်းရေ သွင်သွင်စီးသံ၊ကျေးငှက် သာရကာတွေရဲ့အော်မြည်သံ၊ပြီးတော့ စမ်းချောင်းထဲက ငါးလေးတွေရဲ့ ကူးခတ်လှုပ်ရှားဟန်လေးတွေက ထိုင်ပြီးကြည့်နေရင်တောင်စိတ်ချမ်းသာစေပါတယ်။ဒီလောက်အလှအပတွေနဲ့ပြည့်စုံနေတဲ့ စမ်းချောင်းလေးတွေဟာ ကံမကောင်းစွာနဲ့ ညစ်ညမ်းခံနေရပါတယ်။ဘာဖြစ်လို့လဲဆိုတော့ အမှိုက်တွေ စွန့်ပစ်နေလို့ပါပဲ။တကယ်လို့ ကိုယ့်ပတ်ဝန်းကျင်မှာ စမ်းချောင်းလေးများရှိမယ်ဆိုရင် ဂရုစိုက်ပေးကြရအောင်နော်။

သင်သိရဲ့လား.... ❓

စမ်းချောင်းတစ်ခုရဲ့အရောင်နဲ့အနံ့က သူ့မှာဘာတွေဖြစ်နေလဲဆိုတာ ပြောပြနိုင်ပါတယ်တဲ့။

အစိမ်းရောင်ရေ

စမ်းချောင်းရဲ့ရေက အစိမ်းရောင်ဆိုရင် သူ့မှာရေညှိပင်လေးတွေရှိနေမှာပါ။ဒီရေညှိပင်တွေက အခြားသက်ရှိသတ္တဝါတွေကို အသက်ရှင်ရပ်တည်နိုင်ဖို့ခက်ခဲစေပါလိမ့်မယ်။ရေထဲမှာ ရေညှိပင်တွေ အရမ်းများသွားရင် ဒီရေညှိတွေကရေထဲကအောက်ဆီဂျင်တွေကို စုပ်ယူစားသုံးတဲ့အတွက် အခြားရေနေသက်ရှိသတ္တဝါတွေဖြစ်တဲ့ ငါးတွေ၊ လိပ်တွေအတွက် အောက်ဆီဂျင်မလုံလောက်နိုင်တဲ့အတွက် အသက်မရှင်နိုင်တော့ပါဘူး။


ရွှံ့ရေ

ရေဟာ ရွှံ့အရောင်ဖြစ်နေမယ်ဆိုရင် အဲ့ဒီရေဟာ ရွှံ့တွေ သိပ်များနေပြီတဲ့။ဒါကလည်း ငါးတွေကို အသက်ရှူဖို့ခက်ခဲစေပါတယ်။ဒီလိုမဖြစ်ရအောင် စမ်းချောင်းလေးရဲ့ ကမ်းပါးမှာ သစ်ပင်တွေရှိဖို့ လိုပါတယ်။သစ်ပင်တွေကရေတိုက်စားခြင်းနဲ့ ကမ်းပါးပြိုတာကို ကာကွယ်ပေးနိုင်တယ်နော်။

ရေပေါ်မှာပြောင်လက်နေတဲ့အပါးလွှာ

ဒါက စမ်းချောင်းထဲမှာ ဆီ ဖိတ်၊ ယိုစိမ့်ထားတာကိုပြောတာပါ။ဒါအဆိပ်ပါနော်။ဒီတော့ ဟန့်တားသင့်ပါတယ်။

ရေထဲကအမြှုပ်(သို့မဟုတ်)ဆပ်ပြာမြှုပ်

စက်ရုံတွေ၊အိမ်တေ‌ွကနေတစ်ဆင့်ယိုစိမ့်ဝင်လာတာပါ။

ဘဲဉပုပ်နံ့

သတင်းဆိုးပါပဲ။မိလ္လာအညစ်အကြေးတွေ ယိုစိမ့်နေပြီလို့ပြောချင်တာပါ။ ဒီမိလ္လာတွေက ပိုးမွှားတွေကိုသယ်ဆောင်ပြီးကျွန်မတို့ကိုနာမကျန်းဖြစ်စေတဲ့အပြင်ရေနေသတ္တဝါလေးတွေကိုလည်း သေစေနိုင်ပါတယ်။

ရေပေါ်က လိမ္မော်(သို့မဟုတ်)အနီရောင်

စက်ရုံတစ်ရုံကနေ စမ်းချောင်းထဲကို ညစ်ညမ်းပစ္စည်းအလွှာတွေ စွန့်ထုတ်လိုက်ပြီလို့ ဆိုလိုတာပါ။

စမ်းချောင်းလေးက သန့်ရှင်းတယ်ဆိုတာ ဘယ်လိုခွဲခြားနိုင်လဲ ❓

တကယ်လို့ စမ်းချောင်းထဲမှာ ငါးတွေနဲ့ပိုးကောင်တွေ အများကြီးတွေ့မယ်ဆိုရင်တော့ ဒါဟာကောင်းတဲ့ လက္ခဏာပါ။ရေထဲမှာ အောက်ဆီဂျင်တွေ အများကြီးရှိတယ်လို့ ဆိုလိုတာပါ။

စမ်းချောင်းလေးတွေ မညစ်ညမ်းအောင် ကျွန်မတို့တစ်တွေ ဘာလုပ်ပေးနိုင်လဲ ❓

စမ်းချောင်းကမ်းဘေးမှာ စောင့်ကြပ်ပါ။ တွေ့သမျှအမှိုက်တွေကောက်ပါ။ တစ်ယောက်ယောက်အမှိုက်လာပစ်ရင်လည်း ထိရောက်စွာအရေးယူပါ။တိုင်ကြားပါ။

ကိုယ့်ရဲ့ အိမ်မွေးတိရစ္ဆာန်လေးတွေရဲ့ အညစ်အကြေးတွေကို စမ်းချောင်းအနီး (ဒါမှမဟုတ်)စမ်းချောင်းထဲကို မစွန့်ပစ်စေပါနဲ့။

စမ်းချောင်းကမ်းပါးတစ်လျှောက်မှာ သစ်ပင်စိုက်ဖို့ အဖွဲ့တစ်ဖွဲ့စုစည်းဖွဲ့ပါ။ဒါက ကမ်းပါးမြေပြိုတာကိုထိန်းသိမ်းပေးသလို စမ်းချောင်းထဲမှာ အသက်ရှင်နေထိုင်တဲ့ ရေနေသတ္တဝါလေးတွေကိုလည်း ကာကွယ်ပေးရာရောက်ပါတယ်။


စာရေးသူ-လရောင်ချို

12.9.2024(Thursday)

Keep Reading

"World Brain Day"မျက်လုံးခြောက်ခြင်း(Dry Eye)အတွက် ကျန်းမာရေးအသိပညာDoorway Effectလူငယ်များ သတိပြုစရာ Social Media နှင့် Dopamine ဟော်မုန်းဆက်နွယ်မှု သင်သိပါသလား? ၂၀၂၅မှာ ကမ္ဘာ့လူဦးရေ သန်း၂၈၀ကျော် စိတ်ဓာတ်ကျခြင်းဝေဒနာခံစားနေရတယ်ဆိုတာ…‘Me Time များများပေးပါ’အရေးပေါ် ဓာတ်ဆားဖျော်နည်းNeurocycle ဆိုတာဘာလဲ?မပြိုင်ပါနဲ့Programmer များအတွက် ကောင်းမွန်တဲ့ Mental Health ကို တည်ဆောက်နိုင်ဖို့ နည်းလမ်း (၆) သွယ်။