Author's Profile Photo

Luminous Pai

11/09/2024

~ ဂရုမစိုက်ခြင်း အနုပညာ ~

1 min read
Life Style
Personal Development
18 Again
~ ဂရုမစိုက်ခြင်း အနုပညာ ~'s photo

ကျနော်တို့ နားလည်ထားတဲ့ ဂရုမစိုက်ခြင်းဆိုတာ သောက်တလွဲကြီးဗျ။

ဥပမာ - ကျောင်းမှာ ဆေးလိပ်သောက်တယ်။ ဆရာတွေမြင်မှာ ဂရုမစိုက်ဘူး။ မြင်လဲ ဘာဖြစ်လဲဆိုတဲ့ အထာမျိုး။

အမေက အပေါင်းအသင်းမမက်ဖို့မှာတယ်။ ဂရုမစိုက်ဘူး။ ဘော်ဒါတွေလာရင် ကောက်ကာငင်ကာ ထလိုက်သွားတာမျိုး။

ပတ်ဝန်းကျင်မှာ နာမကျန်းတဲ့သူရှိတယ်။ ဒီဘက်က Heavy Metal ဖွင့် အသံကုန်ဟစ်ပြီး သောက်ဂရုမစိုက်ဘူးကွ ဆိုပြီး သောင်းကျန်းနေတာမျိုး။

ဒါတွေကို ကျနော်တို့က
ဂရုမစိုက်တာလို့ ထင်ကြတယ်။

တကယ်တမ်းကျတော့ ဘာကိုမှ ဂရုမစိုက်တာ မဟုတ်ဘူး။

အဟန့်အတားတွေကိုပဲ ဂရုမစိုက်တာ။

မိတ်ဆွေတွေ စိတ်ဆိုးသွားမှာကို ဂရုမစိုက်တာ။

အခင်အမင်ပျက်မှာကို ဂရုမစိုက်တာ။

ကိုယ်မှန်တယ်ထင်လို့ လုပ်တာကို အများသူ ကဲ့ရဲ့မှာကို ဂရုမစိုက်တာ။

တဖက်လူက ကိုယ့်အမှားကို ထောက်ပြတဲ့အခါ
ရှက်ရှက်နဲ့ သောက်ကြောတင်းပြီး အရွဲ့တိုက်နေတာမျိုးမဟုတ်ဘူး။

တကယ်တော့ ကျနော်တို့ ဂရုစိုက်တဲ့ အရာတွေ နည်းလာလေလေ၊ လူတွေက ကျနော် တို့ကို ပိုပြီးဂရုစိုက်လာလေလေပဲ။

တခါတလေ ဘာမှမဟုတ်တာကို အရေးကြီးခွင်ကျယ် လုပ်နေတဲ့ သူတွေရဲ့ ပြဿနာက ဘာလဲဆိုတော့ သူတို့မှာ အဲ့ထက်အရေးကြီးတဲ့အရာ မရှိတာဘဲ။

တကယ်အရေးကြီးတဲ့အရာကို ရှာမတွေ့ဘဲ အရေးမပါတဲ့ တခြားပမွှားပြဿနာလေး‌တွေနဲ့ အချိန်ကုန်သွားတတ်တယ်။

သင်ရော ?

ဘာတွေကို ဂရုစိုက်နေတာလဲ ? ?

ကိုယ် ဂရုမစိုက်တဲ့အရာတွေက ဘာတွေလဲ ဆိုတာ လွတ်လပ်စွာ
ဆွေးနွေးသွားလို့ရပါတယ်။?

ဒီ အကြောင်းအရာလေးက သင့်အတွက် အကျိုးတစုံတရာ ရှိသွားတယ်ဆိုရင် သူငယ်ချင်းတွေကိုလဲ မျှဝေပေးဖို့ မမေ့ပါနဲ့ဦးဗျ။

?အမြဲသစ်နေတဲ့ Quality Content တွေနဲ့ အဆက်မပြတ်ရလေအောင် Telegram channel နဲ့ Website ကို Join ထားလို့ရပါတယ်ဗျ။

Telegram - https://t.me/luminouswithpai

Website - https://luminouswithpai.wordpress.com/blog/

Facebook - https://www.facebook.com/profile.php?id=61562678585494&mibextid=ZbWKwL

#luminouswithpai
#ဂရုမစိုက်ခြင်းအနုပညာ
#idontcare
#psychology

Keep Reading

ပျော်စရာနေ့စာစောင်နှစ်ဆယ့်ရှစ်-လက်ကျန်အချိန်တိုလေးဆင်းရဲသားလေး ဂျက်လန်ဒန်မရိုးတရိုးကမ္ဘာ့နိုင်ငံရေးဆိုင်ရာအတွေးခေါ်များ (မြင့်စိုးလှိုင်)❝ မသိမှု ဝတ်ရုံကြီး ❞လီယိုတော်စတွိုင်းနှင့် ဘူတာရုံပြသနာစာစောင်နှစ်ဆယ့်ကိုး-စိတ်ရောကိုယ်ပါပြုပြင်ပြောင်းလဲခြင်းစာစောင်လေးဆယ် - အလိုကြီးအရနည်း အာရုံစူးစိုက်မှု