Author's Profile Photo

မြ (စံကားဝါမြေ)

11/09/2024

အချိန်ပိုထွက်အောင် ဘယ်လိုစီမံခန့်ခွဲမလဲ? (Time Management)

1 min read
Life Style
Personal Development
Startup
အချိန်ပိုထွက်အောင် ဘယ်လိုစီမံခန့်ခွဲမလဲ? (Time Management)'s photo

အချိန်စီမံခန့်ခွဲမှုဆိုတာ လူတိုင်းအတွက် မရှိမဖြစ် လိုအပ်တဲ့ Skillတစ်ခု ဖြစ်ပါတယ်။ ကိုယ့်ရဲ့ Missionတွေကို အချိန်မီပြီးမြောက်ဖို့အပြင် အလုပ်နဲ့ ကိုယ်ရေးကိုယ်တာအတွက်ပါ ညီမျှအောင် စီမံခန့်ခွဲနိုင်ဖို့ဆိုတာ အလွန်အင်မတန်ကို အရေးကြီးပါတယ်။ ဒါဆိုရင် မြရဲ့ စာဖတ်သူလေးတွေအတွက် အချိန်ပိုထွက်အောင် ဘယ်လိုစီမံရမလဲဆိုတာကို ရေးသားမျှဝေလိုက်ချင်ပါတယ်ရှင်။

(၁) ကိုယ့်ရဲ့ Goalတွေကို သတ်မှတ်ပါ။

လူတိုင်းမှာ ကိုယ်ဦးစားပေးရမယ့်အရာတွေ၊ ကိုယ်ဖြစ်ချင်တဲ့ လိုအင်ဆန္ဒတွေနဲ့ ဖြစ်တည်မှုတွေက ရှိနေပြီသားပါ။ အဲ့တာတွေကို အခြေခံပြီးတော့ ကိုယ့်ရဲ့ ရေတိုနဲ့ ရေရှည်ပန်းတိုင်ကို ကောင်းကောင်းသဘောပေါက်တဲ့သူတွေက အဓိကနဲ့ သာမညကို ခွဲခြားတတ်ပြီး အချိန်ကိုလဲ ကောင်းစွာ စီမံခန့်ခွဲတတ်ကြပါတယ်။ အဲ့လိုပြုလုပ်လိုက်တဲ့အခါ မိမိအတွက် အချိန်ပိုတွေ ထွက်လာနိုင်ပါတယ်ရှင်။

(၂) To Do List လုပ်ပါ။

ဦးစားပေးရမယ့် အရေးကြီးအလုပ်တွေ မကျန်ခဲ့ရလေအောင် အချိန်ကို ကြိုတင်စီမံခန့်ခွဲလို့ရအောင်အတွက် To Do List ချရေးဖို့ အရေးကြီးပါတယ်။ ဒါက အလုပ်နဲ့ ပတ်သက်တဲ့ စိတ်ဖိစီးမှုကိုလည်း လျော့ကျစေပြီး Productivityကိုလည်း သိသိသာသာ တိုးတက်ကောင်းမွန်စေပါတယ်။ ကိုယ့်အတွက် ကိုယ်ပိုင်အချိန် ဘယ်လောက်ရမလဲ၊ ဘာတွေကြိုပြင်ဆင်ထားဖို့လိုမလဲ စသဖြင့် စီမံလို့ရတာပေါ့ရှင်။

(၃) ဦးစားပေးအရာတွေ သတ်မှတ်ပါ။

အရေးကြီးတဲ့ကိစ္စတွေ အချိန်မီအပြီးသတ်ရမယ့် အရာတွေပေါ်မှာ မူတည်ပြီး ဦးစားပေးလုပ်ပါ။

✓ အရေးကြီးတယ်၊ အလျင်လိုတယ်ဆိုရင်..... အခုပဲ လုပ်လိုက်ပါ။

✓ အရေးကြီးတယ်၊ အလျင်မလိုဘူးဆိုရင်..... လုပ်မယ့်အချိန်ကို သတ်မှတ်ပါ။

✓ အလျင်လိုတယ်၊ အရေးမကြီးဘူးဆိုရင်..... လုပ်သင့်/မလုပ်သင့် သေချာစဉ်းစားပါ။

✓ အရေးလည်း မကြီးဘူး၊ အလျင်လည်း မလိုဘူးဆိုရင်..... နောက်ဆုံးကျမှ လုပ်ပါ။

ဒီလိုမျိုး ဦးစားပေးအရာတွေနဲ့ စနစ်တကျ အလုပ်လုပ်တတ်မယ်ဆိုရင် စာဖတ်သူလေးအတွက် အချိန်ပိုတွေ ထွက်လာပါလိမ့်မယ်ရှင်။

(၄) ရလဒ်တွေကို ဦးစားပေးပါ။

တချို့လူတွေက အချိန်တိုအတွင်းမှာ အလုပ်အများကြီးလုပ်ဖြစ်ဖို့ အားထုတ်ကြပေမယ့် ဒီအလုပ်တွေကို Quality ပြည့်မီအောင် မလုပ်ဖြစ်ကြပါဘူး။ ဒီအချိန်မှာ စိတ်တိုင်းမကျလို့ ပြန်လုပ်ရတာ၊ ရလဒ်မကောင်းတာတွေကြောင့် စိတ်ရှုပ်ရပြီး အလုပ်မတွင်ကျယ်တာတွေ ဖြစ်တတ်ပါတယ်။ ဒါ့ကြောင့် အလုပ်များများပြီးဖို့ထက် ပြီးပြည့်စုံတဲ့ ရလဒ်တွေ့ရဖို့ကို ဦးစားပေးပါ။ ဆရာ/မတွေရဲ့ လက်သုံးစကားဖြစ်တဲ့ "မြန်ဖို့ထက် မှန်ဖို့က အရေးကြီးတယ်" ဆိုတဲ့အတိုင်းပေါ့ရှင်။

(၅) အလုပ်တစ်ခုအတွက် ယူမယ့်အချိန်ကို သတ်မှတ်ပါ၊ အချိန်ပိုတွေကို စုပါ။

အလုပ်တစ်ခုကို ပြီးမြောက်ဖို့ အချိန်ဘယ်လောက်ယူမယ်ဆိုတာ ကြိုတင်မှန်းဆထားရင် အလုပ်ကို သတ်မှတ်ချိန်အတွင်း ဝင်အောင်လုပ်ဖို့ တွန်းအားဖြစ်စေတဲ့အတွက် ရွှေ့ဆိုင်းတတ်တဲ့အကျင့်ကို ပြင်ဆင်ပြီးသား ဖြစ်စေပါတယ်။ တစ်ခါတစ်ရံ စာဖတ်သူလေးမှာ ကိုယ်မှန်းထားတဲ့အချိန်ထက် စောပြီးတာတွေ၊ အချိန်ပိုနေတာလေးတွေ ရှိနေတတ်မှာပါ။ ဒီလိုအချိန်လေးတွေက စာဖတ်သူလေးတွေအတွက် အလွန်အင်မတန်မှ တန်ဖိုးရှိလှပါတယ်ရှင်။ အဲဒီလို အချိန်ပိုလေးတွေကို စုထားပြီး အားလုံးပေါင်းလိုက်ရင် စာဖတ်သူလေးမှာ ကိုယ်ပိုင်အချိန်တွေ ပိုထွက်လာမှာ ဖြစ်သလို မမျှော်မှန်းထားပဲ ‌ဖြစ်ပေါ်လာတဲ့ အရေးပေါ်ကိစ္စတွေအတွက်လည်း အချိန်ပေးနိုင်ပါလိမ့်မယ်ရှင်။

ဒါဆိုရင်တော့ ယခု မြ ရေးသားသွားတဲ့ ဆောင်းပါးလေးကို ဖတ်ရှုပြီးတဲ့အခါ စာဖတ်သူလေး‌ရဲ့ တစ်နေ့တာမှာ အချိန်ပိုလေးတွေထွက်အောင် ဘယ်လိုစီမံခန့်ခွဲရမလဲဆိုတာကို သိသွားလောက်ပါပြီ။ ဆိုတော့ မြပြောခဲ့တဲ့ နည်းလမ်းလေးတွေကို အသုံးပြုပြီး စာဖတ်သူလေးတွေရဲ့ အချိန်ကို ကောင်းကောင်းစီမံခန့်ခွဲနိုင်လိမ့်မယ်လို့ မျှော်လင့်မိပါတယ်ရှင်။

စာဖတ်သူများအားလုံးကို ချစ်ခင်လေးစား ကျေးဇူးတင်လျက်.....

✍️ မြ (စံကားဝါမြေ)

#SarPhat
#Mya_Kyaukpadaung
11.9.2024(Wednesday)

Keep Reading

စာစောင်နှစ်ဆယ့်ရှစ်-လက်ကျန်အချိန်တိုလေးစာစောင်နှစ်ဆယ့်ကိုး-စိတ်ရောကိုယ်ပါပြုပြင်ပြောင်းလဲခြင်းအပေါ်ယံသမားစာစောင်သုံးဆယ့်ကိုး - အကြီးမားဆုံးဆုလာဘ်စာစောင်လေးဆယ် - အလိုကြီးအရနည်း ဟိုလိုလို ဒီလိုလို ဝေလည်လည်စာစောင်သုံးဆယ် - အရင်းအမြစ်ပြည့်စုံခြင်းစာစောင်နှစ်ဆယ့်ငါး-ခက်ခဲမှုတို့ရဲ့နောက်ကွယ်တန်ဖိုးစာစောင်သုံးဆယ့်နှစ်-ကိုယ့်ကိုယ်ကိုယ်နှစ်သိမ့်ခြင်းဧကရာဇ်မင်း၏ အတွေးမှတ်စု စာစောင်ငါး (၉-၁၄)