Author's Profile Photo

Meliodas Khun

11/09/2024

"ကျန်းမာခြင်းသည် လာဘ်တစ်ပါး "

1 min read
Health
General Knowledge
Art
"ကျန်းမာခြင်းသည် လာဘ်တစ်ပါး "'s photo

"ကျန်းမာခြင်းသည် လာဘ်တစ်ပါး " ပါတဲ့...

လူတစ်ယောက်သည် ကျန်းမာမှသာ ပညာသင်ယူနိုင်မည်။ ကျန်းမာမှသာ စီးပွားရှာဖွေနိုင်မည် ဟုဆိုထားသောကြောင့် ကျန်းမာရေးသည် အခြားကိစ္စများ အားလုံးထက် အရေးကြီးလှပေသည်။ "ကျန်းမာနေသော သူတောင်းစားဘဝက ရောဂါဖိစီးနေသော ရှင်ဘုရင် ဘဝထက် ပို၍မြတ်သည်။" ဟူသောအဆိုအရ ကျန်းမာခြင်းက ချမ်းသာခြင်းထက် ပို၍မြတ်ကြောင်းကို သိရှိရသည်။ မည်မျှချမ်းသာပြီး၊ မည်မျှပညာတတ်သော်လည်း မကျန်းမာလျှင် ထိုသူသည် မပျော်ရွှင်နိုင်ပါ။ လူဖြစ်ရကျိုးနပ်သည်ဟုလည်း မဆိုနိုင်ပါ။ မကျန်းမာခြင်း ဒဏ်ကို တညှိုးညှိုး တခွေခွေဖြင့် ခံစားနေရလိမ့်မည်။ လူ့ဘဝတွင် ရွှေငွေ ပညာထက် အရေးကြီးသည်မှာ ကျန်းမာခြင်းပင်ဖြစ်ပေသည်။ ထို့ကြောင့် မြတ်စွာဘုရားရှင်က"ကျန်းမာခြင်းသည် လာဘ်တစ်ပါး "ဖြစ်သည်ဟု ဟောကြားခဲ့ပါသည်။

ကျန်းမာရေးနှင့် ပျော်ရွှင်မှုသည် ပြည့်စုံသော ဘဝတစ်ခု၏ အခြေခံကျသော ကဏ္ဍနှစ်ခုဖြစ်ပြီး နက်ရှိုင်းစွာ ‌ရောယှက်နေပြီး အပြန်အလှန် အားဖြည့်ပေးသည်။ ကျန်းမာရေးကို ပျော်ရွှင်မှု တည်ဆောက်ရာတွင် အခြေခံ အုတ်မြစ်အဖြစ် မကြာခဏ ရှုမြင်ကြသော်လည်း ၄င်းတို့နှစ်ဦးကြားရှိ ဆက်ဆံရေးသည် ရှုပ်ထွေးပြီး တက်ကြွကာ သုခချမ်းသာအတွက် အလုံးစုံသော ချဥ်းကပ်မှု၏ အရေးပါမှုကို မီးမောင်းထိုးပြပါသည်။ ရုပ်ပိုင်းဆိုင်ရာ ကျန်းမာရေးသည် အလုံးစုံပျော်ရွှင်မှု၏ အရေးကြီးသော အစိတ်အပိုင်းတစ်ခုဖြစ်သည်။ ကျန်းမာမှသာ ပညာရေး၊ လူမှုရေး၊ စီးပွားရေး၊ ပေါင်းသင်းဆက်ဆံ‌ရေးတို့တွင် အောင်မြင်မှုရရှိမည်ဖြစ်သည်။ သို့မဟုတ်ပါက မိမိရှာဖွေထားသမျှ ငွေကြေး ဥစ္စာတို့သည် ဆေးရုံ၊ ဆေးခန်းတွင်သာ ကုန်သွားမည်ဖြစ်သည်။

ထို့ကြောင့် ကျန်းမာခြင်းသည် အလွန်အရေးကြီးပါသည်။ ဒါ့အပြင် ကျန်းမာခြင်းကို အဖိုးမဖြတ်နိုင်သည့် ကံကောင်းခြင်း လာဘ်ကြီးတစ်ပါးအဖြစ်တင်စားကြပါသည်။ ကျန်းမာခြင်း၏ အနောက်တွင် ချမ်းသာခြင်းက လိုက်လာပါလိမ့်မည်။ မိမိလိုလူ တစ်ဦးခြင်း ကျန်းမာနေလျှင် မိမိရပ်ရွာကြီး ကျန်းမာလာပေလိမ့်မည်။ မိမိရပ်ရွာကြီး ကျန်းမာနေလျှင် မိမိမြို့တော်ကြီး ကျန်းမာလာပေလိမ့်မည်။ မိမိမြို့တော်ကြီး ကျန်းမာနေလျှင် မိမိနိုင်ငံတော်ပါ ကျန်းမာလာပေလိမ့်မည်။ သို့ဖြစ်၍ ကျန်းမာကြံ့ခိုင်သော နိုင်ငံတော်ကြီးကို ထူထောင်ရင်း "ကျန်းမာခြင်းသည် လာဘ်တစ်ပါး " ဖြစ်သည် ဟူသည့် အတိုင်း ကျန်းမာ ချမ်းသာသောသူများ ဖြစ်နိုင်ကြပါစေ.....

11/9/2024(Wed)(4:21 pm)
#Khun
#ANGÉL_ALPHÁ

Keep Reading

Doorway Effectအရေးပေါ် ဓာတ်ဆားဖျော်နည်းNeurocycle ဆိုတာဘာလဲ?မပြိုင်ပါနဲ့လူငယ်များ သတိပြုစရာ Social Media နှင့် Dopamine ဟော်မုန်းဆက်နွယ်မှု သင်သိပါသလား? ၂၀၂၅မှာ ကမ္ဘာ့လူဦးရေ သန်း၂၈၀ကျော် စိတ်ဓာတ်ကျခြင်းဝေဒနာခံစားနေရတယ်ဆိုတာ…‘Me Time များများပေးပါ’အာရောဂျံ ပရမံ လာဘံProgrammer များအတွက် ကောင်းမွန်တဲ့ Mental Health ကို တည်ဆောက်နိုင်ဖို့ နည်းလမ်း (၆) သွယ်။စိတ်၏ အဟန့်အတား( barrier of mental health)