Author's Profile Photo

Clover

11/09/2024

ဖြစ်ချင်တာနဲ့ ဖြစ်သင့်တာ

1 min read
Life Style
Personal Development
18 Again
ဖြစ်ချင်တာနဲ့ ဖြစ်သင့်တာ's photo

ဖြစ်ချင်တာနဲ့ ဖြစ်သင့်တာ ဒီစကားလုံးနှစ်လုံးက စာလုံးလေးတစ်လုံးစီကွဲပြားသွားပေမယ့် အဓိပ္ပာယ်ကွဲပြားပါတယ်။

လူတိုင်းမှာ ဖြစ်ချင်တာနဲ့ ဖြစ်သင့်တာတွေရှိပါတယ်။ယခု မြန်မာနိုင်ငံကဆယ်ကျော်သက်အရွယ်တော်တော်များများက ဖြစ်ချင်တာထက် ဖြစ်သင့်တာတွေကို လုပ်နေရတဲ့သူတွေများပါတယ်။

ကျွန်တော်တို့ လူငယ်တွေက ဖြစ်ချင်တာတွေပဲ အရမ်းလုပ်လို့မရပါဘူး။ဖြစ်သင့်ဖြစ်ထိုက်တာတွေလည်း လုပ်ရပါမယ်။အဲ့ဒီလိုပဲ ဖြစ်သင့်တာတွေချည်းပဲ လုပ်နေမယ်ဆိုရင်လည်း ကျွန်တော်တို့ လုပ်နေတဲ့ အရာတွေပေါ်မှာ ပျော်ရွှင်မှာမဟုတ်တော့ပါဘူး။(ဖြစ်ချင်တာနဲ့ ဖြစ်သင့်တာ တစ်ထပ်တည်း ကျနေတဲ့ သူတွေကို မပြောလိုပါ)

အဲ့ဒါကြောင့် Clover အနေနဲ့ စာဖတ်သူလေးတို့ကိုပြောချင်တာက

  • ဖြစ်သင့်တာတွေကိုလုပ်ရင်း ဖြစ်ချင်တာတွေကို ကြိုးစားကြပါ။


ဖြစ်သင့်တာကိုလဲ မလုပ်လို့မဖြစ်ပါဘူး။
ကိုယ်က ကျောင်းနေအရွယ်မှာဆိုတော့ ကျောင်းစာကိုလုပ်ရမှာက ဖြစ်သင့်တာပါပဲ။
ဒါပေမဲ့ စာဖတ်သူလေးတို့က ဘာသာစကားတွေကိုလေ့လာချင်တယ် ဒါပေမယ့် စာတွေကို ညဘက်မှာ အိမ်စာပြန်လုပ်ရလို့ အချိန်မရှိဘူး။

ဒီလိုမျိုးတွေရှိကြပါတယ်။ဖြစ်သင့်တာကိုလုပ်ရင်း ဖြစ်ချင်တာအတွက် အချိန်မရှိတော့တာမျိုးပါ။အဲ့ဒီလိုမျိုးဆိုရင် စာဖတ်သူလေး‌တို့အနေနဲ့ ကိုယ့်ရဲ့ တစ်နေ့တာအချိန်ဇယားကို ပြန်ပြုပြင်ရပါမယ်။

စာသင်နေတဲ့အတွင်းမှာ သေချာအာရုံစိုက်ရင် စာတွေကို အရမ်းကျက်စရာမလိုပဲ မှတ်မိနေတတ်ပါတယ်။စာသင်ချိန်တွေအတွင်းမှာ နားချိန်ရှိတယ်ဆိုရင် အဲ့ဒီနားချိန်အတွင်းမှာ အိမ်စာတွေကိုအပြီးလုပ်ပါ။ပြီးတော့ ညဘက်တွေမှာလည်း social media တွေသုံးတာကိုလျှော့ပါ။စာလုပ်ချိန်ပိုရပါတယ်။

ကိုယ်က ဖြစ်ချင်တာနဲ့ ဖြစ်သင့်တာက မတူညီပေမဲ့ ဖြစ်သင့်တာနဲ့ ဖြစ်ချင်တာနှစ်ခုလုံးလုပ်မယ်ဆိုရင် သူများတွေထက် နည်းနည်းတော့ ပိုကြိုးစားရပါမယ်။

ပြီးတော့ Clover စာဖတ်သူလေးတို့ကိုပြောချင်တာက တစ်ခုခုလုပ်တော့မယ်ဆိုရင် စိတ်ပိုင်းဖြတ်ထားပါ။ (သူများတွေနားချိန်မှာ ကိုယ်ကအိမ်စာတွေလုပ်နေတယ်၊ညဘက်social mediaတွေသုံးတဲ့အချိန်တွေ‌လျော့ပါတယ်)ဒီလိုလုပ်တာက နည်းနည်းခက်ခဲတာကြောင့် တစ်ရက်နှစ်ရက်လောက်နေရင် လက်လျှော့လိုက်တာမျိုးတွေဖြစ်တတ်ပါတယ်။

စိတ်ပိုင်းဖြစ်ထားပါ။ငါကြိုးစားရမယ်လို့ စိတ်ပိုင်းဖြတ်ထားပါ။ကိုယ့်ကိုယ်ကို ယုံကြည်ပါ။စာဖတ်သူလေးတို့လုပ်နိုင်မယ်လို့လည်း ယုံကြည်ပါတယ်။

✨စာဖတ်သူ‌တို့အား လေးစားချစ်ခင်လျက် ? Clover ?✨


#sarphet
#Clover

Keep Reading

စာစောင်နှစ်ဆယ့်ရှစ်-လက်ကျန်အချိန်တိုလေးစိတ်ဓာတ်ကျနေတဲ့အခါစိတ်ညစ်စရာကြားကဆေးတစ်ခွက်စာစောင်နှစ်ဆယ့်ကိုး-စိတ်ရောကိုယ်ပါပြုပြင်ပြောင်းလဲခြင်းရှောင်တာက ကြောက်ခြင်းမဟုတ်စာစောင်သုံးဆယ့်ကိုး - အကြီးမားဆုံးဆုလာဘ်စာစောင်လေးဆယ် - အလိုကြီးအရနည်း ဟိုလိုလို ဒီလိုလို ဝေလည်လည်စာစောင်သုံးဆယ် - အရင်းအမြစ်ပြည့်စုံခြင်းစာစောင်သုံးဆယ့်နှစ်-ကိုယ့်ကိုယ်ကိုယ်နှစ်သိမ့်ခြင်း