Nway Oo Maung
အပိုင်း၅
မောင်အောင် နိုင်ငံခြားကပြန်ရောက်တော့ ရန်ကုန်သည်အနည်းငယ်ပြောင်းလဲခဲ့၏၊ ၃၉ဗိုက်ပူကားတွေ သိပ်မတွေ့ရတော့ ၊ မြို့ထဲမှာ အထပ်မြင့်တိုတ်တို့သည်လည်း အစီအရီပိုပေါလာ၏။ နိုင်ငံခြားကပြန်လာပေမဲ့ ရုပ်ရှင်ထဲကမအေးအေးဝင်းစီစဉ်သလို့မဟုတ်တော့၊ ရန်ကုန်မှာတိုတ်ခန်းတစ်ခုတောင်မဝယ်နိူင်၊ ဆောင်းသည်လည်း အစိုးရအင်ဂျင်နီယာဖြစ်ပြီး
ရာထူးတိုးဖြေဖို့ကိစ္စနှင့်
သိပ်မအား၊ရန်ကုန်မှာရောက်နေသော သူ့ညီမလေးကိုစောင့်ရှောက်ရန် မောင်အောင်အား တဖွဖွမှာထားလေတယ်။သူ့ညီမက ၁၀တန်းအောင်ခါစ ၁၈နှစ်လောက် ၊ နာမည်ကဖြူဖြူသန့် မျက်နှာက ဆောင်းလို့တော့ သိပ်မဝိုင်းဘူး ရှည်ရှည်သွယ်သွယ် ၊အသားကတော့ ဖြူတယ်၊
သူနာပြုတက္ကသိုလ် (လမ်းမတော်)မှာတက်နေ၏။ စနေ တနင်္ဂနွေလို့ရက်တွေမှာ မောင်အောင်ကို သူသွားချင်သောနေရာတချို့ လိုက်ပို့ခိုင်းတတ်၏။ တခါတလေရုပ်ရှင်လိုက်ပြခိုင်းတတ်၏၊ အဲ့လိုဟာမျိုးကြ မောင်အောင်ဟာ ဆောင်းဆီ အရင်သတင်းပို့ပြီးမှ လိုက်ပြရ၏၊
တပါတ်သောပိတ်ရက် စနေ စံပြရုပ်ရှင်ရုံမှာ ဒွေးနှင့် အိ န္ဒြာကျော်ဇင်တို့ရိုက်ထားသော "အချစ်သည်လေပြေ" ဇာတ်ကားရုံတင်တော့ ၊
ဖြူဖြူက မောင်အောင်တည်းနေသော ဘုန်းကြီးကျောင်းကို အလည်လာရင်း ရုပ်ရှင်ရုံကနီးတော့ရုပ်ရှင်လိုက်ပြခိုင်း၏ "ကိုအောင် ရုပ်ရှင်လိုက်ပြပါ ဒွေးကား အတော်ကောင်းတယ်ပြောတယ် " ၊ ရုတ်တရက် ဆိုတော့မောင်အောင်ဘာပြန်ပြောရမှန်းမသိ၊ ခ ဏနေစဉ်းစားပြီးမှ အေးလေ "ညနေ ၃:၃၀ချိန်သွားတာပေါ့ သူငယ်ချင်တွေခေါ်ဦးလေ တစ်
ယောက်ထဲပျင်းနေမယ်"
ဖြူဖြူက "တယောက်မှအားကြဘူး တိုင်းရင်းသားကျေးရွားသွားကြတယ် တစ်ယောက်ထဲပျင်းလို့ ဒီဘက်ထွက်လာတာ အာဆိုညနေလာခဲ့မယ်နော်" ဟုပြောပြီး ၁၄လမ်းထဲကအဆောင်သို့ပြန်သွား၏။
နေ့ခင်း၃နာရီလောက် စံပြရုပ်ရှင်ရုံအောက် မောင်အောင်အရောက်သွားပြီး လက်မှတ်ကြိုဝယ်ထား၏၊ ဖြူဖြူလည်းသိပ်မကြာခင် ရောက်လာ၏ ၊ပါတိတ်အနီရောင်ဝမ်းဆက်
အဲ့ခေတ်က ခေတ်စားနေသော စိုမြနန္ဒာဆံပင်
ပုံစံနဲ့ လှနေ၏။
မောင်အောင်သည် လှသွေးကြွယ်နေသော အပျိုဖြန်းလေးကိုမြင်ရတော့ ၊ငယ်ငယ်ကဆောင်း၏ရုပ်ပုံလွှာ မျက်စိထဲမြင်ရောင်နေမိ၏။ ခုံနေရာက အလယ်လောက်မှာရ၏၊
ဆက်ရန်
Keep Reading